Latest News

Saturday, February 24, 2018

စစ်တွေ ဗုံးပေါက်ကွဲမှု သည် လူမျိုးစု ပဋိပက္ခ ပျံ့နှံ့လာခြင်းလော

စစ်တွေ ဗုံးပေါက်ကွဲမှု သည် လူမျိုးစု ပဋိပက္ခ ပျံ့နှံ့လာခြင်းလော

စနေနေ့ မနက် ၄ နရီ ခန့်က ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှုး ဦးတင်မောင်ဆွေ ၏ အိမ်ခြံဝင်း၊ တရားရုံး အနီး နှင့် မြေတိုင်းရုံး အနီးတ၀ိုက်တွင် ဗုံးများ ပေါက်ကွဲခဲ့ပါတယ်။

စစ်တွေ မြို့သည် အေးချမ်းသာယာစွာ တည်ရှိနေသော မြို့ မဟုတ်ပဲ အကြမ်းဖက်မှုများ နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဟု ပြောလိုကရပါတယ်။ ၂၀၁၂ အတွင်း လူမျိုးရေး အဓိကရုဏ်းကြောင့် မူဆလင် ဘာသာဝင် ၉၅,၀၀၀ ခန့် အိုးအိမ် စွန့်ခွာခဲ့ရပြီး စစ်တွေ မြို့ပေါ်ရှိ အစိုးရ ဖွင့်လှစ်ပေးခဲ့တဲ့ ယာယီ စခန်းများ အတွင်း ယခုထက်ထိ နေထိုင်လျက်ပင် ရှိနေဆဲ လည်း ဖြစ်ပါတယ်။

အဆိုပါ စခန်ဒများအတွင်း နေထိုင်သူများရဲ့ လှုပ်ရှားသွားလာမှုအား သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအား ARSA အကြမ်းဖက် အဖွဲ့ရဲ့ ၀င်ရောက် တိုက်ခိုက်ခြင်း ခံရပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိုမို ကန့်သတ်ချုပ်ချယ်လာခဲ့ကြပါတယ်။

၂၀၁၄ မတ်လတွင် လူအုပ်ုစုကြီး ဖွဲ့ကာ စစ်တွေရှိ အနောက်တိုင်း ကယ်ဆယ်ရေး အေဂျင်စီ ရုံးများကို တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲအဖွဲ့မှ ခေါင်းပေါ်ကျော်ကာ သေနတ်ဖြင့် ပြစ်ခတ်လူစုခွဲခဲ့ပါတယ်။ (ထို့အတွက် ဈေးထဲရှိ ရခိုင်အမျိုးသမီး ငယ်တဦး ကျည်ဆံထိမှန် သေဆုံးသွားခဲ့ရပါတယ်)၊ ၂၀၁၇ အကုန်ပိုင်းလောက်တွင်လည်း လူအုပ်ကြီးက စစ်တွေ ဆိပ်ကမ်းရှိ နိုင်ငံတကာ ကယ်ဆယ်ရေး အထောက်အပံ့များ ပို့ဆောင်ပေးခြင်းကို ၀င်ရောက် နှောက်ယှက်ခဲ့ကြပြန်တဲ့ အတွက် ရဲအဖွဲ့က အခြေအနေ ကို ထိမ်းချုပ်ခဲ့ရပြန်ပါတယ်။ သို့သော် ယခုလို ဗုံးပေါက်ကွဲမှုက အင်မတန် မှ ရှားပါးလှတဲ့ ဖြစ်စဉ်တခု အဖြစ် မနေ့ကအထိ ရှိနေခဲ့ပါတယ်။

စစ်တွေသည် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများ၊ ကုလသမဂ္ဂ ရုံးများ ဌာနချုပ်အဖြစ် ဖွင့်လှစ်ထားယုံမက ပြည်ပမှ အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ရာ မြို့လည်း ဖြစ်ပါတယ်။

ဂျန်န၀ါရီ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ရဲအဖွဲ့၏ လက်ချက်ဖြင့် ဆန္ဒပြသူ ခုနှစ်ဦး သေဆုံးခဲ့ရမှုအား လက်တုန့်ပြန်ခြင်းလည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ထိုဖြစ်ရပ်နှင့် ဆက်စပ်ပြီး အယူအဆ တင်းမာသူ ရခိုင်အမျိုးသား ပါတီ မှ ဦးအေးမောင်နှင့် စာရေးဆရာ တဦး ဖြစ်သူ ဝေဟင်အောင်အားလည်း မတရား အသင်းများ နှင်ံ ဆက်သွယ်မှု ပုဒ်မ ၁၂ (၁) ၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၅၀၅ (ခ) နှင့် (ဂ) ကြီးတို့ ဖြင့် ဖမ်းဆီး အရေးယူခြင်း ခံခဲ့ရပါတယ်။

ထို့အတွက် ၂၀၀၉ ခုနှစ်အတွင်း ကချင်ပြည်နယ် မြောက်ပိုင်းတွင် ဖွဲ့စည်း ပေါ်ပေါက်လာခဲ့သော အာရကန် တပ်မတော် Arakan Army (AA) ရဲ့ အင်အား နဲ့ သြဇာ အာဏာ ကြီးထွားလာမှုကို မေ့လျော့ထားလို့ မရတဲ့ အနေအထား ရောက်လာခဲ့ပါတယ်။ ယခုအခါ AA သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အိမ်နီးချင်း ချင်းပြည်နယ်တွေမှာ ခြေကုပ်ယူဖို့ ကြိုးစားလာနေပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာ နှင့် ဒီဇင်ဘာ လများ အတွင်း အစိုးရတပ်များ နဲ့ ဘူးသီးတောင် မြို့နယ်တ၀ိုက် နှင့် ချင်းပြည်နယ်များ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တပ်မတော်ဖက်မှ အကျအဆုံး များလာခဲ့တဲ့ အတွက် ဟယ်လီကော်ပတာ နဲ့ ပြစ်ကူ ခေါ်ခဲ့ရသည့်အထိ ဖြစ်ခဲ့ပါတယ်။

ယခင်လ များ အတွင်း ရန်ကုန်-စစ်တွေ သွား ကားလမ်းတလျောက်တွင် ပေါက်ကွဲမှု အသေးစား လေးများ ဖြစ်ပေါ်လာခဲ့တဲ့ အတွက် AA မှ ရခိုင်ပြည်ပကြီးအထိ ခြေကုတ်ယူလာမယ့် အရေး ကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိလာခဲ့ပါတယ်။

ပြီးခဲ့သည့် နှစ်နှစ် အတွင်း AA နှင့် ပါတ်သက်ပြီး ထောက်ခံ ဆန္ဒပြမှုတွေ ဖြစ်လာတဲ့ အတွက် လူ အတော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

ဂျန်န၀ါရီ လ ၁၇ ရက်နေ့က AA ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သော United League of Arakan (ULA) က မြောက်ဦး လူသတ်ပွဲကြီးအား လူမျိုးရေး မုန်တီးမှု ကို အခြေခံကာ မြန်မာလက်နက်ကိုင် တပ်ဖွဲ့ဝင်များက ကျုးလွန်ခဲ့ကြသည့်အတွက် လက်ရှိ အစိုးရ နှင့် ပြည်နယ် အစိုးရများ တွင် အပြည့်အ၀ တာဝန်ရှိကြောင်း နှင့် အဆိုပါ လူသတ်မှုကို ကျုးလွန်ခဲ့ကြသူများအား ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ကြေငြာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှုးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု အတွက် အစိုးရမှ ကနဦးတွင် AA ကို လက်ညိုးထိုးလာခဲ့ပါတယ်။

စစ်တွေ ဗုံးခွဲမှုတွင် ARSA အဖွဲ့၏ ပါဝင်ပါတ်သက်နိုင်မှု အလားအလာ ကိုလည်း ဖယ်ထုတ်ထားလို့ မဖြစ်ပြန်ပေ။ ၎င်းတို့မှ မကြာသေးမီက လက်လုပ်ဗုံးများ သုံး၍ အစိုးရ တပ်များကို တိုက်ခိုက်ခဲ့ကြပြီး ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့များက အဆိုပါ ဗုံးများ ပြုလုပ်ရေး သင်ကြားပေးရာ စခန်းများနဲ့ဗုံးလုပ်ရာတွင် ပါဝင်သည့် အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့က အစိုးရတပ်များကို ARSA မှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် ငါဦး ဒဏ်ရာရရှိခဲ့ပြီး မောင်းတောမြို့ မြောက်ဖက် တူရိန် ကျေးရွာ အနီးတွင် ဗုံးခွဲမှုတွင်လည်း ပါဝင်ပါတ်သက်ခဲ့တယ်လို့ တိုက်ခိုက်မှုအပြီး နှစ်ရက်အကြာမှ ARSA အဖွဲ့ရဲ့ Twitter မှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း  သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယခု ဖြစ်ရပ်တွင် ARSA လက်ချက်သာ ဖြစ်ခဲ့လျင် အစိုးရ အခိုင်အမာ ထိမ်းချုပ်ထားတဲ့ ပြည်နယ် မြို့တော်အထိ ခြေဆန့်လာပြီလို့ ယူဆနိုင်ပါတယ်။ သို့သော် ယခုအခါ မှာ “အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့” လို့ သတ်မှတ် ခံထားရတဲ့ ၎င်းတို့အပေါ် ထပ်မံ၍ အယုံအကြည် မဲ့စေရန် ကြိုးပမ်းမှုတရပ်လို့လည်း ပြောဆိုနေကြပါတယ်။

ဇန်န၀ါရီလ ၃၁ ရက်နေ့က ARSA မှ လက်တွေ့ မဆန်တဲံ ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါတယ်။ ထိုကြေငြာချက်များထဲတွင် အခြားသော လက်နက်ကိုင်များ၊ ဓါးပြများ၊ လူကုန်ကူးအဖွဲ့များ၊၊ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့များနှင့် မြန်မာ အစိုးရ စေခိုင်းထားသော အုပ်စုများက ARSA အဖြစ် အယောင်ဆောင် လှုပိရှားလျက်ရှိနေတယ်လို့ ဖေါ်ပြထားပြန်ပါတယ်။  ထို့အတွက်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြား ဒေသမှာ အခြေအနေတွေ ရှုပ်ထွေးလာနေပါတယ်။

စစ်တွေ ဗုံးပေါက်ကွဲမှုတွင် နောက်ထပ် သံသယရှိစရာ ကောင်းသော အဖွဲ့က မူးယစ်ဆေးဝါး သမားများ ဖြစ်ပါတယ်။ အဆိုပါ ဒေသရှိ မူးယစ်ဆေးဝါး လုပ်ငန်းများက ရှင်သန် လှုပ်ရှားနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်နေပြီ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး၊ အကျင့်ပျက်ခြစားသော ဒေသခံ အစိုးရ အရာရှိများနှင့် စီးပွားရေး သမားများ ပါဝင်ပါတ်သက်နေတယ်လို့ ကောလဟာသ တွေ ဖြစ်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မောင်းတောဒေသတွင်းမှာပင် Meth ဆေးပြားများက  ၁၁.၁ သန်း ခန့် ဖမ်းဆီးသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှာ လာရှိုးရှိ ဘဏ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပထမဦးစွာ သံသယ ရှိခြင်း ခံရသူများက အဆိုပါ နယ်မြေအတွင်း လှုပ်ရှားနေကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပဲ ဖြစ်ပြီး စစ်တပ်မှ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်လာနိုင်မည့် အလားအလာများ ရှိနေတယ်လို့ လပေါင်းများစွာကပင် ကြိုတင် သတိပေးမှုတွေလည်း ရှိခဲ့ပါတယ်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လူနေထူထပ်တဲ့ မြို့ပြများကို ပြစ်မှတ်ထားပြီး တိုက်ခိုက်တာ အင်မတန် မှ နည်းပါးတာ တွေ့ရပါတယ်။ အဆိုပါ ဒေသတွင် စစ်တပ်၏ စီမံခန့်ခွဲမှု အောက်တွင် လှုပ်ရှားနေကြသော ပြည်သူ့စစ် အဖွဲ့များ ရှိနေပြီး အချို့က မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုများ နဲ့ နက်နက်ရှိုင်းရှိုင်း ပါဝင်  ပါတ်သက်နေပါတယ်။ သို့အတွက် မကြာမီက အကြီးအကျယ် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး များ နှင့် ပါတ်သက်၍ ၎င်း၊ အချင်းချင်း မလိုမုန်းထား ရန်ညိုးထားခြင်းကြောင့် ၎င်း ဖြစ်နိုင်ပြီး နိုင်ငံရေး ထပ် စီးပွားရေး နဲ့ ပိုမို ပါတ်သက်နေတယ်လို့ ယူဆစရာ ရှိနေပါတယ်။

စစ်တွေ တွင် စနေနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နဲ့ ပါတ်သက်ပြီး အသိသာ အထင်ရှားဆုံး အချက်ကတော့ ရခိုင်ပြည်နယ် အတွင်း ရှေ့လျှောက် လက်နက်ကိုင် ပဋိပက္ခများ တိုးမြှင့်လာစေရေး ဦးတည်နေတဲ့ ဖြစ်ရပ်တွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာနေတယ်ဆိုတာ ပဲ ဖြစ်ပါတယ်။ ဒီအတွက် အရပ်ဖက် -စစ်ဖက်မှ ငြိမ်းချမ်းရေး ကို ဖေါ်ဆောင်နေတဲ့ အချိန်မှာပဲ နိုင်ငံတ၀ှမ်း စစ်မျက်နှာ တွေ ပိုမို ဖွင့်လာနေရပြီ ဖြစ်ပါတယ်။

လှစိုး​ဝေ

(ရန်ကုန် အခြေစိုက် မြန်မာရေးရာ လေ့လာရေးသားသူ David Scott Mathieson မှ Asia Times တွင် ရေးသားခဲ့သော Rakhine Bombings spread Myanmar’s ethnic conflict ဆောင်းပါး ဖြစ်ပါတယ်)

No comments:

Post a Comment