Latest News

Saturday, February 24, 2018

ဧရာဝတီလင်းပိုင်တို့၏ ကံကြမ္မာ

ဧရာဝတီလင်းပိုင်တို့၏ ကံကြမ္မာ

ကမ္ဘာပေါ်တွင် လင်းပိုင်အမျိုးအစား ၃၁ မျိုးရှိသည့်အနက် ရေငန်ပိုင်းတွင် ကျက်စားနေထိုင်သော လင်းပိုင် ၂၇ မျိုးနှင့် ရေချိုပိုင်းတွင် နေထိုင်သော လင်းပိုင် ငါးမျိုးဟူ၍ အုပ်စုနှစ်မျိုး ရှိသည်။ အမိမြန်မာနိုင်ငံအတွင်းရှိ လင်းပိုင်များသည် ရေချို ပိုင်းတွင် နေထိုင်သော မျိုးနွယ်အုပ်စုတွင် ပါဝင်သည်။ ဧရာဝတီလင်းပိုင်များသည် အေဒီ ၈ ရာစုကတည်းကစတင် ကာ  ဧရာဝတီမြစ်အတွင်း နေထိုင်ကျက်စားခဲ့ကြပြီး ရေဝက် များဟု ခေါ်တွင်၍ ကုန်သွယ်မှုပြုခဲ့ကြောင်း တရုတ်ပြည်           ဟန်မင်းဆက်သမိုင်းတွင်ဖော်ပြပါရှိသည်။ ၁၉ ရာစု သဘာဝ ဗေဒပညာရှင် ဂျွန်အန်ဒါဆင်က ဧရာဝတီမြစ်အတွင်း စတင် တွေ့ရှိခဲ့ရာမှ ဧရာဝတီလင်းပိုင်ဟု အမည်ပေးခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။
မြန်မာ့ဂုဏ်ဆောင်ရေနေသတ္တဝါ
ကမ္ဘာ့အလယ်တွင် အမိမြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ကြီးကို ဂုဏ်ပြု၍ အမည်ပေးထားသော လင်းပိုင်တို့သည် မြန်မာ့ ဂုဏ်ဆောင် ရေနေသတ္တဝါအဖြစ် နာမည်ကျော်ကြားလျက်ရှိ နေသည်မှာ ကျွန်ုပ်တို့မြန်မာလူမျိုးတို့အဖို့ ဂုဏ်ယူဖွယ်တစ်ရပ် ပင် ဖြစ်ပေသည်။ ဧရာဝတီလင်းပိုင်များအား က္ဘာပေါ် တွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ က္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် တွေ့မြင်နိုင်ပြီး ဧရာဝတီ လင်းပိုင်အမည်ဖြင့်သာ ခေါ်ဝေါ်သုံးနှုန်းကြပါသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်များအား ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီ ကမ်းရိုးတန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တို့တွင်  တွေ့မြင်နိုင် ပါသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ဟုဆိုရာတွင် မ္တလေးမှ ဗန်းမော်အထိ မြင်တွေ့နိုင်ပါသည်။
ထိုသို့ တွေ့မြင်နိုင်သော်လည်း မြန်မာ့ဂုဏ်ဆောင်ဧရာဝတီလင်းပိုင်များသည်(International Union of Conservation of Nature and Natural Resources -IUCN)  အဖွဲ့ကြီးမှ အနီရောင်အဆင့် မျိုးသုဉ်းလုနီးပါး အ္တရာယ်ကျရောက်နေသော မျိုးစိတ်အဖြစ် သတ်မှတ်ထား ခြင်းခံရပါပေသည်။
မျိုးသုဉ်းလုနီးပါးအ္တရာယ်ကျရောက်
ဧရာဝတီလင်းပိုင်များသည် မျိုးသုဉ်းလုနီးပါး အ္တရာယ် ကျရောက်နေသော မျိုးစိတ်အဖြစ်သို့ သတ်မှတ်ခံထားရခြင်းမှာ ရေနေနို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်ပြီး သုံးနှစ်လျှင် တစ်ကြိမ်သာ သားပေါက်ဖွားသဖြင့် ပေါက်ဖွားနှုန်းမလျင်မြန်ခြင်းနှင့် အဓိက အကြောင်းရင်းမှာ တရားမဝင်ငါးဖမ်းဆီးနည်းဖြစ်သော ဘက်ထရီ (သို့) ဒိုင်နမို လျှပ်စစ်ရှော့ခ်တိုက်ကျဉ်စက်များ       ဖြင့် ငါးဖမ်းဆီးမှုများကြောင့် နှစ်စဉ်နှစ်တိုင်း သေဆုံးခဲ့ရပြီး တစ်နှစ်ထက်တစ်နှစ် တစ်စတစ်စ အကောင်ရေလျော့နည်းမှု များဖြင့် ရင်ဆိုင်ရလျက်ရှိသည်။
စစ်ကိုင်းတိုင်းနှင့်  မ္တလေးတိုင်းဒေသကြီးတို့တွင်        ဘက်ထရီရှော့ခ်တိုက်ကျဉ်စက်များကြောင့် ဧရာဝတီလင်း ပိုင်သေဆုံးရခြင်းများမှာ-
ယခုကဲ့သို့ ဘက်ထရီရှော့ခ်တိုက်၍ ကျဉ်စက်အသုံးပြု ငါးဖမ်းမှုကြောင့် ဧရာဝတီလင်းပိုင်များ သေဆုံးနေခြင်းများနှင့် အကြောင်း အမျိုးမျိုးကြောင့် လူမသိ သူမသိ သေဆုံးနေသော ဧရာဝတီလင်းပိုင်များ အကောင်ရေမည်မျှလျော့ပါးသေဆုံးနေသည်ကိုတော့ မခန့်မှန်းနိုင်သေးချေ။


ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် တပ်မတော်အစိုးရလက်ထက်မွေးမြူရေးနှင့်  ရေလုပ်ငန်း ဝန်ကြီးဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(Wildlife Conservation Society-WCS)    တို့နှင့်  ပူးပေါင်း၍   ၂ဝဝ၂   ခုနှစ်မှ   စတင်ခဲ့ပြီး                အောက်ပါ လုပ်ငန်းများကို  ရည်ရွယ်ချက်ထား၍  ဆောင်ရွက် ခဲ့သည်။
 (၁) နှစ်စဉ်  ဧရာဝတီလင်းပိုင်အရေအတွက်  စာရင်း ကောက်ယူခြင်း၊
 (၂) ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး  ဟောပြောခြင်း၊
 (၃) ဧရာဝတီလင်းပိုင်တို့အပေါ် ကျရောက်နေသော အ္တရာယ်များ ဖော်ထုတ်ကာကွယ်ခြင်း၊
 (၄)  သုတေသနပြုလုပ်ခြင်းတို့ဖြစ်သည်။
၎င်းအဖွဲ့အနေဖြင့် ရည်ရွယ်ချက်ပါလုပ်ငန်းလေးရပ်အနက် အမှတ်စဉ် (၃) ဖြစ်သော ဧရာဝတီလင်းပိုင်တို့အပေါ် ကျရောက် နေသော အ္တရာယ်များဖော်ထုတ်ကာကွယ်ခြင်းလုပ်ငန်း           ကို  လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခြင်း                 မရှိပေ။
ထိန်းသိမ်းရေးဧရိယာအဖြစ်တည်ထောင်
၂ဝဝ၅ ခုနှစ်တွင် မ္တလေးမြို့နှင့် ကျောက်မြောင်းမြို့အကြား ၇၄ ကီလိုမီတာအရှည်ရှိ ဧရာဝတီမြစ်အစိတ်အပိုင်းအား ငါး လုပ်ငန်းဦးစီးဌာနမှ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ အဖြစ် တည်ထောင်ခဲ့ပြီး လစဉ်ဧရာဝတီလင်းပိုင် ထိန်းသိမ်း ရေးလုပ်ငန်းများအား ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS) တို့ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ငါးနှစ်သက်တမ်းရှိနားလည်မှုစာချွန်လွှာMOU ရေးထိုးနိုင်ခဲ့ပြီး  ဒုတိယအကြိမ်အဖြစ်  ၂ဝ၁၂  ခုနှစ်တွင် ဆက်လက်ရေးထိုးနိုင်ခဲ့ပြီး တတိယအကြိမ် ရေးထိုးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီလင်းပိုင်များ၏ ပျံ့နှံ့တည်ရှိမှုဧရိယာအား အပိုင်း သုံးပိုင်းခွဲခြား၍ အပိုင်း ၁ မ္တလေးမြို့မှ တတိယမြစ်ကျဉ်း        အောက်ပိုင်း(ကျောက်မြောင်းမြို့နယ်အထိ)၊ အပိုင်း ၂ တတိယ မြစ်ကျဉ်းအထက်ပိုင်း  ကန့်ဘလူမြို့နယ်မှ ဒုတိယကျွန်း အောက်ပိုင်း (ရွှေကူမြို့နယ်အထိ)၊ အပိုင်း ၃ ဒုတိယမြစ်ကျဉ်း အထက်ပိုင်းဆင်းခမ်း(ဗန်းမော်မြို့နယ်)မှ ဗန်းမော်မြို့အထက် ဝန်းကျင်အထိ ဖြစ်သည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာအား လင်းပိုင်များ ပျံ့နှံ့တည်ရှိမှုဧရိယာအတိုင်း တိုးချဲ့သင့်ပြီး လင်းပိုင်တို့အပေါ် ကျရောက်နေသော အ္တရာယ်များ ဖော်ထုတ်ကာကွယ်ခြင်း လုပ်ငန်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အရေးကြီးနေပေသည်။
၂ဝ၁၇ ခုနှစ်တွင်  ၆၉  ကောင်ရှိရာမှ တစ်နှစ်တည်းမှာပင် သုံးကောင်သေဆုံးသဖြင့် ၆၆ ကောင်သာ ကျန်တော့မည်။ ၂ဝ၁၁ ခုနှစ်ကတည်းကဆိုပါမူ ခုနစ်နှစ်အတွင်း ခြောက်ကောင် လျော့နည်းနေသဖြင့် ထိန်းသိမ်းမှုတိုးတက်မလာဘဲ ဆုတ်ယုတ် နေသည်ကို တွေ့ရှိရသဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့(WCS)တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ၂ဝဝ၂ ခုနှစ်မှ ယနေ့အထိ အဆိုပါပူးပေါင်းအဖွဲ့၏ ၁၆ နှစ်တာ ကာလအတွင်း ထိန်းသိမ်းကာကွယ်ခြင်းအပိုင်း၌ အောင်မြင်မှု မရရှိကြောင်း ထင်ရှားစွာ တွေ့မြင်သုံးသပ်ရပေသည်။
တရားမဝင်ရှော့ခ်တိုက်ငါးဖမ်းခြင်း
ဧရာဝတီလင်းပိုင်များ  နှစ်စဉ်လျော့နည်းသေဆုံးပြီး တိုးတက်လာခြင်းမရှိသည့် အဓိကတရားခံများမှာ ဘက်ထရီ ရှော့ခ်တိုက်ကျဉ်စက် အသုံးပြုမှုကြောင့်ပင်  ဖြစ်ပေသည်။ တရားမဝင် ငါးဖမ်းဆီးသူများအနေဖြင့် ဧရာဝတီလင်းပိုင်အား အသားကိုသော်လည်းကောင်း၊ အဆီနှင့် အခြားအဂ¯အစိတ် အပိုင်းများကို ရယူလိုသဖြင့် ဆောင်ရွက်ခြင်းမဟုတ်ပေ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရေလုပ်ငန်းကို တရားဝင်အခွန် တိုင်၍ လုပ်ကိုင်နိုင်ခွင့်ရရှိပါလျက်  ''ဘယ်သူသေသေ ငတေမာ ရင်ပြီးရော'' ဆိုသော စကားအတိုင်း တရားမဝင်ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းဖြင့် ငါးအထိအမိများပြီး မြိုးမြိုးမြက်မြက် အကျိုး ရရှိသဖြင့် တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ အုပ်စုဖွဲ့ ၍သော် လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ¤င်းတို့၏ အပြုအမူ သည် ရေနေအများစုငါးသတ္တဝါများကို အထိုက်အလျောက် လျော့နည်းစေ၍ ပြန်လည်ဖြည့်တင်းနိုင်သလို ပေါက်ပွားမှု        အားကောင်းသဖြင့် အစားထိုးထိန်းသိမ်းနိုင်သော်လည်း ရှားပါး သော ရေနေနို့တိုက်သတ္တဝါ ဧရာဝတီလင်းပိုင်တို့ကို အစားထိုး ဖြည့်တင်းနိုင်မည့် နည်းလမ်းများ မရှိသေးရကားထိန်းသိမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်ပေသေး သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဘက်ထရီရှော့ခ်တိုက်ငါးဖမ်း ခြင်းကို အဓိကလက်သည် တရားခံများဟု ပုံချရသနည်းဆိုလျှင်မူ ငါးအများစု၏ အလေ့အထသဘာဝအရ ညဥ့်အချိန်များတွင် ကမ်းတွင်လည်းကောင်း၊ စီးပါးခေါ်ရေတိမ်ရေနက်ဆက်စပ်ရာ ရေတိမ်ကမ်းနားတွင်လည်းကောင်း ညအိပ်စက်အနားယူလေ့ရှိ သည်။ ဧရာဝတီလင်းပိုင်များအနေဖြင့် ညအချိန်အစာရှာရာတွင် ရေတိမ်စီးပါးနေရာများတွင် သဘာဝအရ အမြီးဖြင့်ချောက်ခြင်း နှာမှုတ်သံပေး၍ လှန့်ခြင်းများပြုလုပ်၍ ငါးများကို ဖမ်းယူစား သောက်ကြသည်။  ငါးကြီးများကို  မစားဘဲ  အနေတော်လက် တစ်ညှိုးတစ်ထွာ၊ တစ်မိုက် ငါးများကိုသာ ဖမ်းယူစားသောက် သည်။ နေ့၊ ည အချိန်တွင် ကွန်ပစ်လုပ်သားများနှင့် အကျိုးတူ ရှာဖွေခြင်းဖြစ်သည်။
မြွေပါလည်းဆုံး၊ သားလည်းဆုံး
ကျဉ်စက်အသုံးပြု တရားမဝင် ငါးဖမ်းဆီးရှာဖွေသူများ အနေဖြင့်လည်း လင်းပိုင်များကဲ့သို့ ငါးများ ခိုအောင်းရာ စီးပါး ကမ်းစပ်ချောင်း(ဂျောင်)၊ အိုင့်(အိုင်)ရေစီးမသန်သောနေရာ များတွင် ညအိပ်ငါးများကို ရှော့ခ်တိုက်ငါးဖမ်းခြင်းအမှုကိုပြုကြ သည်။ ဝမ်းတစ်ထွာစာအတွက် ရှာစားသူချင်းအတူတူ လူတို့၏  လျှပ်စစ်ရှော့ခ်တိုက် လျှပ်စစ်စီးအားကြောင့် ဧရာဝတီလင်းပိုင် များ ရုန်းမထွက်နိုင်ဘဲ သေဆုံးကြရကာ ဆုံးရှုံးမှုကို ဖြစ်ပေါ်ရ နေပေသည်။ သို့ဖြစ်၍ ကျဉ်စက်အသုံးပြုရှော့ခ်တိုက် ငါးဖမ်း သူများကို ဖမ်းဆီးခြင်း၊ နှိမ်နင်းခြင်း ဆောင်ရွက်နိုင်မှသာ  ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးသည် ကျွဲကူးရေပါဆိုသကဲ့သို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်  ဆောင်ရွက်ပြီးဖြစ်ပေမည်။  ဖမ်းဆီးခြင်း၊  နှိမ်နင်းခြင်းလုပ်ငန်းကို   ပြည်သူ့စစ်မဟာ  ဗျူဟာကဲ့သို့ ကျင့်သုံး၍ တာဝန်အရှိဆုံး ငါးလုပ်ငန်းဦးစီးဌာနြှွုဥ၊ြွဥ အဖွဲ့အစည်းများ၊ ရေလုပ်ငန်းနှင့် ဆက်နွှယ် နေသော အင်းသူကြီးများ၊ ရေလုပ်သားအစုအဖွဲ့များ ပူးပေါင်း ပါဝင်သော ရေလုပ်သား မဟာဗျူဟာအခင်းအကျင်းမျိုးကို စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိပါကြေ>ွမပါလည်းဆုံး သားလည်းဆုံးအဖြစ်နှင့် ရင်ဆိုင်နေရပေမည်ဖြစ်သည်။
အရေးယူမှုအားနည်း
ဘက်ထရီရှော့ခ်တိုက် ကျဉ်စက်ဖြင့် ငါးဖမ်းသူများ တိုးပွားလာခြင်းသည် အရေးယူမှုအားနည်းခြင်းကြောင့်လည်း ဖြစ်ပေသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ (၄၅) တွင် တရားမဝင် ငါးဖမ်းနည်းဖြင့် ငါးဖမ်းဆီး ပါက ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်သုံးနှစ် ငွေကျပ်သုံးသိန်း ကို သီးခြား သို့မဟုတ် တပေါင်းတည်းကျခံစေရန် ပြဋ္ဌာန်းထား သော်လည်း ပြစ်ဒဏ်ချမှတ်ရာတွင် အများဆုံး သုံးလခန့်သာ အပြစ်ပေးအရေးယူနေကြသဖြင့် ပြစ်မှုပြစ်ဒဏ်မမျှတခြင်း ကြောင့် ဆက်လက်လုပ်ကိုင်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင်  တရုတ်ပြည်မှ  တင်သွင်းသော  လျှပ်စစ် ကွိုင်ထုတ်ခေါ်လျှော့ပုံးသည် ဝပ် ၈ဝဝဝ မှ ၁ဝဝဝဝ အထိရှိ သော ကျဉ်စက်ပုံးများကို  ၁၂  ဗို့၊  ၂၄  ဗို့  ဘက်ထရီကြီးများ ဖြင့် ရှော့ခ်တိုက်ဖမ်းဆီးသဖြင့် ရေနေသယံဇာတများအပြင် ငါးနှင့် ဧရာဝတီလင်းပိုင်းများကိုလည်း မျိုးသုဉ်းစေရန်ဖြစ်နေ စေသည်။  ထို့ကြောင့် ကျဉ်စက်ပုံးများ ရောင်းဝယ်ဖောက်ကား ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းတို့ကို  ကြီးကြပ် ကန့်သတ်၍ ဥပဒေနှင့်အညီ တားမြစ်နိုင်ပါကလည်း ငါးသယံ ဇာတထိန်းသိမ်းမှုကို  အထောက်အကူ ဖြစ်စေမည်ဖြစ်       သည်။ ဧရာဝတီလင်းပိုင်များ သေဆုံးမှုတိုးပွားခြင်းကိုလည်း ကာကွယ်ရာရောက်ပေမည်။
ဂုဏ်ယူဖွယ်ဖြစ်
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံငါးလုပ်ငန်းဦးစီးဌာန၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလက မဲဇာမြစ်အတွင်း ပိတ်မိနေသော ဧရာဝတီလင်းပိုင် (မ) တစ်ကောင်အား ၂၇ မိုင်ဝေးသော ဧရာဝတီမြစ်အတွင်းသို့ ရွှေ့ပြောင်းသယ်ယူထိန်းသိမ်းနိုင်ခဲ့  သဖြင့်လည်း မြန်မာ့ရေလုပ်ငန်းသမိုင်း၏ ကမ္ပည်းမော်ကွန်းကို ခိုင်ခိုင်မာမာရေးထိုးစိုက်ထူနိုင်ခဲ့ခြင်းသည်လည်း ဂုဏ်ယူဖွယ် ဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုသော် ဘက်ထရီရှော့ခ်တိုက်ကျဉ်စက် အသုံးပြု၍ ငါးဖမ်းဆီးခြင်းလုပ်ငန်းကို ရေလုပ်သားအစုအဖွဲ့ မဟာဗျူဟာ အခင်းအကျင်းအသွင်ဖြင့် ထိရောက်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်နိုင်သရွေ့ ဧရာဝတီမြစ်နှင့် ဆက်စပ် နေသော မြစ်ချောင်းအင်းအိုင်များတွင် ငါးနှင့်ရေနေသယံ ဇာတများ၊ ဧရာဝတီလင်းပိုင်ကဲ့သို့ ရှားပါးစာရင်းဝင်မျိုးစိတ် များသည် ဆက်လက်သေဆုံးလျော့နည်းပျောက်ကွယ်သွား မည်ဖြစ်ပြီး အနာဂတ်တွင် မြန်မာ့ဂုဏ်ဆောင် ဧရာဝတီလင်း ပိုင်တို့၏ ကံကြမ္မာသည် မတွေးဝံ့စရာ အခြေအနေဆိုးများ နှင့် ရင်ဆိုင်ကြုံတွေ့ ရမည်မှာ   မလွဲဧကန်ပင်ဖြစ်ပေတော့        သတည်း။      
ကိုဘ (ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment