နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုကားလမ်းအတိုင်း သပြေကုန်း အဝိုင်းဘက်မှ စည်ပင်ရိပ်သာဘက်သို့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာ မြို့သစ် ရပ်ကွက်ကြီး-၁ဝ နေ မောင်မောင်အေး (၃၄ နှစ်) မောင်းနှင်လာသော8I/---ကြယ်တံခွန် ခရီးသည်တင်ယာဉ်သည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲက အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ဓာတ်တိုင်နှင့် ပျိုးဥယျာဉ်ဆိုင်းဘုတ်တို့အား ဝင်ရောက်တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ဇေယျာသီရိမြို့နယ် ကံဦးရွာနေ အောင်ဌေး(၂၄ နှစ်)ပါရှစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း မောင်မောင်အေးအား ဇမ္ဗူသီရိ မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုရဲ(မြန်မာ့အလင်း)
No comments:
Post a Comment