Latest News

Sunday, February 4, 2018

ပင်လယ်ကမ်းစပ်တွင် အမည်မသိ အမျိုးသား လူသေအလောင်း တွေ့ရှိ

ပင်လယ်ကမ်းစပ်တွင် အမည်မသိ အမျိုးသား လူသေအလောင်း တွေ့ရှိ

ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၎

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကပ္ပလီနယ်မြေအနီးရှိ ပင်လယ်ကမ်းစပ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ညဦး ပိုင်းက ပုတ်ပွနေသောအမည်မသိ အမျိုးသားလူသေအလောင်း တွေ့ရှိမှုကို ဒေသခံဒေါ်လင်းလင်းဦး၏သတင်းပေးပို့ချက်အရ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပင်လယ်ကမ်းစပ်တွင်တွေ့ရှိရသော အမျိုးသားလူသေအလောင်းကို စစ်ဆေးရာတွင်ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးပြီးပုတ်ပွနေသော အနေ အထားဖြင့် တွေ့ရှိရကြောင်း၊ အလောင်း၏ဘယ်ဘက်လက်မောင်းရင်း တွင်"ဇင်"ဟုလည်းကောင်း ဘယ်ဘက်လက်ဖျံတွင်"ကနုတ်ပုံ"ဆေးမင်ထိုး ထားသည်ကိုတွေ့ရှိရကြောင်း၊မည်သူ၏အလောင်းဖြစ်ကြောင်းနှင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကို ဟိုင်းကြီးကျွန်းနယ်မြေ ရဲစခန်းက လုပ်ထုံးလုပ်နည်းများနှင့်အညီ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment