မန္တလေး ဖေဖော်ဝါရီ ၅
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ပြည်သူပါဝင်သော အမှိုက်ခွဲခြားစွန့်ပစ် ခြင်းကို ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် စံပြ(င)ရပ်ကွက်တွင် စတင်ဆောင်ရွက် ခဲ့ပြီး အခြားရပ်ကွက်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူပါဝင်သော အမှိုက်ခွဲခြားစွန့်ပစ်ခြင်းသည် တစ်နိုင်ငံလုံးအနေဖြင့် မန္တလေးမြို့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာနှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
''စွန့်ပစ်အမှိုက်တွေထဲကနေ ရောင်းစားလို့ရတာတွေ၊ စာြး<ွကင်းစားကျန်တွေကို သီးခြားစီ ခွဲခြားမယ်၊ ရောင်းစားလို့ရတာဆိုရင် သူတို့ရောင်းစားကြပေါ့၊ အဲဒါတွေကို စည်ပင်က သိမ်းဆည်းဖို့ အမှိုက်ပုံးတွေပေးမယ်၊ အဲဒီလိုနည်းနဲ့ အမှိုက်ခွဲခြားစနစ်ကို လုပ်မယ်၊ စည်ပင်နဲ့ ပေါင်းပြီးလုပ်တဲ့ အတွေ့အကြုံက အဲဒီရပ်ကွက်သူ ရပ်ကွက်သားတွေမှာရှိနေတယ်''ဟု ¤င်းက ပြောသည်။ အဆိုပါ(င)ရပ်ကွက်မှ စေတနာရှင်များ၊ ရပ်ကွက်ပြည်သူများနှင့် မြို့တော် စည်ပင်သန့်ရှင်းရေးဌာန အမှိုက်သိမ်းဝန်ထမ်းများပူးပေါင်းကာ စွန့်ပစ်အမှိုက်များမှ ပုလင်းခွံ၊ ဘူးခွံ၊ ချပ်စက္ကူ စသည့်ပြန်လည်ရောင်းချနိုင်သည့် ပစ္စည်းများ၊ စားကြွင်းစားကျန်များ၊ အခြား အမှိုက်များခွဲခြားကာ စည်ပင်သာယာမှ ထောက်ပံ့မည့် သီးသန့်အမှိုက်ပုံးများတွင် ခွဲခြားသိမ်း ဆည်းသွားမည်ဖြစ်သည်။
''တစ်ပတ်ကို ခြောက်ရက်အမှိုက်သိမ်းယာဉ်က သိမ်းဆည်းတယ်၊ တနင်္ဂနွေနေ့ဆိုရင် အများနဲ့ဆိုင်တဲ့နေရာတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ စည်ပင်နဲ့ပေါင်းပြီး သန့်ရှင်းရေးလုပ်ကြတယ်၊ အဲဒီရပ်ကွက်က စေတနာရှင်ကိုးဦးက စည်ပင်မှာဖွင့်တဲ့ အမှိုက် ခွဲခြားစွန့်ပစ်ခြင်း သင်တန်းတက်ခဲ့ပြီး သူတို့ရပ်ကွက်က စလုပ်တာပါ''ဟု ဆက်လက်ပြောကြား သည်။
အဆိုပါ ရပ်ကွက်နေပြည်သူများသည် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်မှစ၍ မြို့တော်စည်ပင်နှင့် ပူးပေါင်းအမှိုက်သိမ်းဆည်းမှုကို ကူညီပေးသည့်အပြင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမရှိဘဲ အမှိုက်ပုံးရှိရာသို့ စွန့်ပစ်ကြပြီး ယခုမှစတင်၍ အမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(ကြေးမှုံ)
No comments:
Post a Comment