Latest News

Tuesday, February 6, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အိန္ဒိယနိုင်ငံ၌ကျင်းပသည့် Advantage Assam Global Investor Summit သို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အိန္ဒိယနိုင်ငံ၌ကျင်းပသည့်
Advantage Assam Global Investor Summit  သို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၅

အိန္ဒိယသမ္မတနိုင်ငံ အာသံပြည်နယ် Guwahati   မြို့၌   ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိ  ကျင်းပသည့် Advantage Assam Global Investor Summit    သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် ဌာနဆိုင်ရာ   ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဗဟို အလုပ်အမှုဆောင် ကိုယ်စားလှယ်များ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါSummitသည် အိန္ဒိယ သမ္မတနိုင်ငံ   အရှေ့မြောက်ပိုင်းရှိ အာသံဒေသတွင် အကောင်အထည် ဖော် ဆောင်ရွက်နေသော စက်မှုကဏ္ဍ အခြေခံအဆောက်အအုံများ  ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရက ဦးဆောင် ၍ စက်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  မူဘောင်များရေးဆွဲခြင်း၊ စီးပွားရေးလုပ်ငန်းများ   လုပ်ကိုင်ရာ တွင်  လွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အကောင် အထည်ဖော်   ဆောင်ရွက်နေခြင်း စသည့် အခြေအနေများကို ထိပ်သီး အစည်းအဝေး၌   မျှဝေခြင်းဖြင့် နည်းပညာကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်နှင့်    ဆေးဝါးကဏ္ဍတို့ကို လက်တွေ့  အသုံးချနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်  နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ   အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi က    တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပ သော   Plenary Session   ၌ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သန်းမြင့်  တက်ရောက်အမှာစကား ပြောကြားခဲ့ရာ ယနေ့ ကျင်းပသော Advantage   Assam   Global Investor Summit  သည်   အာသံ ဒေသ၏ ပထဝီဝင်အရ မဟာဗျူဟာ မြောက် အားသာချက်များကို ရယူ၍ ဒေသတွင်း    ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု လွယ်ကူလျင်မြန်ချောမွေ့ စေရေးနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး တို့အတွက် အရေးပါသည့် ထိပ်သီး အစည်းအဝေး တစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိနိုင်ရေး      အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ဖြင့်   ပို့ကုန်ဦးဆောင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အာသံနှင့် အတူ မိတ်ဖက်နိုင်ငံများမှ ပြည်သူများ ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား လာစေရေး ကြိုးပမ်းဆောင်ရွက်သွား နိုင်မည်ဟု   ယုံကြည်ပါကြောင်း၊ ယခုကျင်းပသည့်  ထိပ်သီးအစည်း အဝေးပွဲသည် အိန္ဒိယ-အာဆီယံ၏ ပိုမိုခိုင်မာ၍ အကျိုးကျေးဇူး ပြုနိုင် သော Act East Polic  ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ပြီး ဒေသ တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအရေးပါသော အခန်းကဏ္ဍ တွင်ပါဝင်ပါကြောင်း   စသည်ဖြင့် ပြောကြားသည်။

Summitသို့ တက်ရောက်နေစဉ် ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဘူတန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Tshering Tobgay  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများကို ဆွေးနွေးခဲ့သည်။

ယခုကျင်းပသည့် ထိပ်သီးအစည်း အဝေးသည်  အာသံပြည်နယ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု     မြှင့်တင်ရေးနှင့် လွယ်ကူ  ချောမွေ့စေရေးအတွက် ပထမဦးဆုံးနှင့်   အကြီးဆုံးထိပ်သီး အစည်းအဝေး    တစ်ခုဖြစ်ပြီး အာဆီယံနှင့်  BBN နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဖိတ်ခေါ်ခြင်းဖြစ်ရာ Summit သို့ အိန္ဒိယသမ္မတနိုင်ငံ    ဝန်ကြီးချုပ်၊ အာသံပြည်နယ်မှ    ဝန်ကြီးချုပ်၊ အာဆီယံနိုင်ငံများမှ ကုန်သွယ်ရေး ဝန်ကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များ   အပါအဝင်  ၄ဝဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်း  သတင်း ရရှိသည်။          
သတင်းစဉ်

No comments:

Post a Comment