Latest News

Tuesday, February 6, 2018

ထိုင်း နိုင်ငံသားအဖြစ်လျှောက်ထားကြသူ ၃၄၂ဦးအား ထိုင်းနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရ

ထိုင်း နိုင်ငံသားအဖြစ်လျှောက်ထားကြသူ ၃၄၂ဦးအား
ထိုင်းနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရ

ထိုင်းနိုင်ငံ ကန်ချန ဘုရီပြည်နယ် Thong Pha Phum ထုန်ဖပူး ခရိုင်အတွင်းမှာ နေထိုင်နေကြကြတဲ့ နိုင်ငံမယ့် ဖြစ်နေသူတွေကို ထိုင်းနိုင်ငံသားအဖြစ်မှတ်ပုံတင်ထုတ်ပေးခဲ့တဲ့ကို ကျေးဇူးတင် ၀မ်းသာနေကြတဲ့ ကျောင်းသားအပါအ၀င် မိသားစုတွေဟာ နိုင်ငံသားကောင်းအဖြစ် နေထိုင်သွားမယ့် လို့ ကတိခံယူပွဲကို ကျင်းပခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းမှာဖေါ်ပြထားပါတယ်။

အဆိုပါ ကရင်မွန်နဲ့  တခြားတိုင်းရင်းသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းမှာ လာရောက်အခြေချနေထိုင်နေကြတာဟာ နှစ်ပေါင်းများစွာနကြပြီး နိုင်ငံသားမဟုတ်လို့  ထိုင်းကျောင်းတွေမှာ တက်ခွင့်ရပေမယ့်  ဆက်လက်ပညာသင့်ဘို့ နဲ့ အိမ်မြေ ပိုင်ဆိုင်ခွင့် အလုပ်အကိုင်နဲ့   စတဲ့ အခက်အခဲတွေရင်ဆိုင်နေကြရပါတယ်။

နိုင်ငံသားအဖြစ်လျှောက်ထားသူပေါင်း ၁၄၅၉  ဦးအနက် ၉ ၇၁ ဦးဟာ နိုင်ငံသားဖြစ်ထိုက်တဲ့ အခွင့်ရေး ဥပဒေနဲ့  ကိုက်ညီနေတာကြောင့် ခုလို နိုင်ငံသားအဖြစ် လက်ခံလိုက်တာလို့ သိရပါတယ်။

ခုလိုနိုင်ငံသားလျှောက်တဲ့ သူပေါင်း စာ တနိုင်ငံလုံးမှာ တသိန်းကျော် ရှိနေကြောင်း နိုင်ငံသားဖြစ်ခွင့် အကျိုးဆောင် အဖွဲ့  အကြီးအကဲ Santipong Moonfong နိုင်စံတိဖုန် မွန်ဖွန် ကပြောပါတယ်။
ယခုနိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရသူတွေဟာ လွန်ခဲ့တဲ့လေးနှစ်တာကာလကတဲက နိုင်ငံသားဖြစ်ခွင့်ျှောက်ခဲ့ကြတာဖြစ်ပါတယ်။

အောက်လမ်းနည်းနဲ့ လပ်ငွေပေးပြီး ရက်ပိုင်းနဲ့  မှတ်ပုံတင်ကပ်ပြား ထုတ်ပေးလို့ မရတဲ့ ထိုင်းဥပဒေမှာ စီစစ်တဲ့ကာလအတွင်း မှာ အထောက်အထားတွေ အာမခံသူ နေထိုင်ခဲ့တဲခုနှစ် အိမ်ထောင်စု စာရင်းစတဲ့ လိုအပ်ချက်တွေကို မြို့ ပိုင်ရုံကနေရှေ့ နေအကျိုးဆောင်တွေနဲ့  တရားဝင်လျှောက်ထားကြရပါတယ်။

နိုင်ငံသားအဖြစ်ရသွားခဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေလို့  တန်းတူအခွင့်အရေး အကျိုးခံစားခွင့်ရကြမှာပါ။
SAW
Credit Bangkok post

No comments:

Post a Comment