မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးမြို့တော် သန့်ရှင်းလှပရေး လုပ် ငန်းများကို အားဖြည့်လုပ်ဆောင်နိုင်ရန် မြို့တော်စည်ပင်သာယာရေး ကော်မတီ က ဝယ်ယူထားသည့် ယာဉ်များအနက် အမှိုက်သိမ်းယာဉ် ခြောက်စီးနှင့် နုန်း သယ်ယာဉ် ခြောက်စီး အသစ်ထပ်မံ ရောက်ရှိလာရာ ဖေဖော်ဝါရီ ၁၉ ရက်က အဆိုပါယာဉ်များကို မိတ်ဆက်ပြသခဲ့ သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျက အဆိုပါ ယာဉ်များကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် ကျပ် ၂၅၃၂၉ သိန်း အကုန်အကျခံ၍ ဝယ်ယူခြင်းဖြစ်ပြီး အမှိုက်သိမ်းယာဉ်၊ နုန်းသယ်ယာဉ်နှင့် အခြားယာဉ်များ စုစုပေါင်း ယာဉ်အစီး ၅ဝ ဖြစ်ကာ ယခင် သုံးစွဲနေသည့် ကားများနေရာတွင် အစားထိုးသုံးစွဲရန် ဝယ်ယူထားခြင်းဖြစ် ကြောင်း၊ လာမည့်၂ဝ၁၈-၂ဝ၁၉ ခြောက်လ တာဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေမှ ကျပ် ၂၄၇၅ သိန်း ကျော် အသုံးပြု၍ ဒေသဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ယာဉ် နှင့် ယ္တရား ၃၃ စီးကို ထပ်မံဝယ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
''ယခုရောက်ရှိလာတဲ့ ကားတွေကို သန့်ရှင်းရေးဌာနမှာ သုံးစွဲသွားမှာဖြစ်ပါ တယ်၊TC အမှိုက်သိမ်းယာဉ်တစ်စီးကို ၂၂၇ သိန်းနဲ့ RC အမှိုက်သိမ်းယာဉ် တစ်စီးကိုတော့ ၂၃၅ သိန်း ပေးရပါတယ်၊ နုန်းသယ်ယာဉ်တစ်စီးကို ပျမ်းမျှ ၂၅၇ သိန်းနှုန်းနဲ့ ဝယ်ယူထားပြီး တရုတ်နိုင်ငံ က နာမည်ရှိတဲ့ ကားတွေကို အများဆုံး ဝယ်ထားတာပါ၊ ဂျပန်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံထုတ်ကားတွေလည်း ပါတယ်၊ ဝယ်ယူမှုမှာလည်း ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူပြီး ဝယ်ယူတာဖြစ်ပါတယ်၊ လက်ရှိယာဉ်တွေနဲ့ မ္တလေး ခြောက် မြို့နယ် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် ဖို့ လုံလောက်မှုရှိပါတယ်''ဟု ¤င်းက ဆက်ပြောသည်။
ယခင်အသုံးပြုခဲ့သော ယာဉ်များမှာ ကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် ခေတ်နှင့်အညီ ထုတ်လုပ်ထားပြီး လုပ် ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည့် ယာဉ်များကို ဘဏ္ဍာနှစ်အလိုက် အစား ထိုး ဝယ်ယူအသုံးပြုလျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ် ဌာနမှ ဒုတိယဌာနမှူး ဦးမောင်မောင်မြင့် က ပြောသည်။
''ကျွန်တော်တို့ ဌာနမှာ ထိန်းသိမ်း ရေးနဲ့ ပြုပြင်ရေးဆိုပြီး ဌာနခွဲနှစ်ခု ရှိပါ တယ်၊ မြို့နယ် ခြောက်မြို့နယ်မှာလည်း မြို့နယ်အလိုက် တာဝန်ခံအင်ဂျင်နီယာ တွေ ထားရှိပြီး ပျက်စီးတဲ့ ယာဉ်တွေကို နေ့စဉ်သတင်းပို့စနစ်နဲ့ အစားထိုးယာဉ် ပေးနိုင်ဖို့ ဆောင်ရွက်နေသလို ပျက်နေ တဲ့ယာဉ်ကို ဌာနရဲ့Workshop မှာ ပြင်ဆင်ပေးနေပါတယ်''ဟု ¤င်းက ပြော သည်။
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်လည်း ငွေ ကျပ်သိန်းပေါင်း ၂၇၆၇၇ သိန်း အကုန် အကျခံ၍ ယာဉ်၊ ယ္တရားပေါင်း ၄၇ စီး ဝယ်ယူထားကြောင်းနှင့် အဆိုပါယာဉ် များကို မြို့နယ် ခြောက်မြို့နယ်မှ အမှိုက် အများဆုံးထွက်ရှိသည့် မြို့နယ်များတွင် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် ခွဲဝေ အသုံးပြုနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)မြန်မာ့အလင်း
No comments:
Post a Comment