ပြုလုပ်ခွင့်ပေးမှု ဒဂုံအမတ် ဝေဖန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြခွင့် ပိတ်ပင်ထားတဲ့ ဒဂုံမြို့နယ်မှာ တပ်မတော် ထောက်ခံပွဲ ပြုလုပ်ခွင့်ပေးလိုက်တာဟာ အစိုးရအဖွဲ့ ထုတ်ပြန်ထားတဲ့ အမိန့်ကို ပေါ့ပြက်ပြက် ဖြစ်စေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်က တပ်မတော်ချစ်သူများအဖွဲ့က ဦးဆောင်ကာ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် သပ်လျှိုသွေးခွဲနေသူများအား ဆန့်ကျင်ရှုတ်ချပွဲ အမည်နဲ့ ထောက်ခံပွဲတခု ပြုလုပ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျက “ဒဂုံမြို့နယ်အပါအဝင် Downtown မြို့နယ် ၁၁ မြို့နယ်ကို မည်သည့်ဆန္ဒထုတ်ဖော်မှုမှ မလုပ်ရဘူး။ ကျိုက္ကဆံ ဟစ်တိုင်မှာ လုပ်ပါလို့ ပြောထားပြီးသား။ အခုကျတော့ ဘာလို့ လုပ်သလဲဆိုတော့။ အန်ကယ်လ် မေးတယ်။ မေးတော့ ဒါ တပ်ပိုင်ဧရိယာပေါ့။ တပ်မြေပေါ့။ မိုင်ဒါကွင်းဟာ တပ်မြေဆိုတာ မှန်တယ်။ သို့သော်လည်းပဲ ဒါဘာလဲ၊ သူ့ရဲ့အနှစ်သာရက မိုင်ဒါကွင်းမှာ ပွဲကြီးလုပ်တယ်။ Happy New Year လုပ်တယ်။ Count Down ပွဲလုပ်တယ်။ ဒါမျိုးတော့ လက်ခံပါတယ်။ ဒီလိုဟာက ဆန္ဒထုတ်ဖော်ပွဲလေ။ သူတို့ရဲ့ ရှုတ်ချပွဲလေ။ ဒါကတော့ Fair ဖြစ်သင့်တယ်။ ဥပဒေကလေ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ ဥပဒေ ဘယ်လိုခွင့်ပြုတာလဲ။ အဲဒါကတော့ မေးခွန်း မေးစရာတွေ အများကြီးပေါ့” လို့ ပြောပါတယ်။
ကျင်းပခဲ့တဲ့ ထောက်ခံပွဲ ပြီးတဲ့နောက်မှာ ကျည်ဆန်တွေ တွေ့ရတယ်ဆိုတဲ့ကိစ္စ စဉ်းစားစရာတွေ များနေပြီလို့လည်း ဦးကျော်ဇေယျက သူရဲ့လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။
DVB
No comments:
Post a Comment