Latest News

Thursday, February 8, 2018

ဒဏ်ရာကြောင့် ရွှေ့ဆိုင်းလိုက်ရသည့် ထွန်းထွန်းမင်းပွဲစဉ်ကို မတ်လနောက်ဆုံးပတ်တွင် ပြန်လည်ကျင်းပရန် လျာထား

ဒဏ်ရာကြောင့် ရွှေ့ဆိုင်းလိုက်ရသည့် ထွန်းထွန်းမင်းပွဲစဉ်ကို မတ်လနောက်ဆုံးပတ်တွင် ပြန်လည်ကျင်းပရန် လျာထား

ရန်ကုန် ဖေဖော်ဝါရီ  ၇

ရန်ကုန်မြို့၌ ဇန်နဝါရီလတွင် ကျင်းပရန်စီစဉ်ထားသော First Fight အမည်ရှိ မြန်မာ၊ ဘရာဇီး၊ ထိုင်း နိုင်ငံ တကာရိုးရာ လက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်မည့် ရိုးရာလက်ဝှေ့ချန်ပီယံေ ဟာင်း ထွန်းထွန်းမင်းသည် ဒဏ်ရာပြဿနာရှိနေသောကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ယင်းပွဲစဉ်ကို မတ်လနောက် ဆုံးပတ်တွင် ကျင်းပရန်လျာထားကြောင်း ပွဲစီစဉ်သူ ကီးမားဦးတင်ဝင်းထံမှ သိရသည်။

''ထွန်း ထွန်းမင်းက တော့ အရင်သတ်မှတ်ထားတဲ့ ဘရာဇီးလက်ဝှေ့သမားနဲ့ ယှဉ်ပြိုင်မှာပါ။ တချို့တွဲဆိုင်းတွေကတော့ အနည်းငယ် အပြောင်းအလဲလုပ်သွားမှာ ဖြစ်ပါတယ်။ နေရာကတော့ အရင်သတ်မှတ်ထားတဲ့ သိမ်ဖြူလက်ဝှေ့ရုံမှာပဲ ဖြစ်ပါတယ်'' ဟု ကီးမားဦးတင်ဝင်းကပြောသည်။

ရိုးရာလက်ဝှေ့ နိုင်ငံတကာ အထူးစိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ မြန်မာပြည်အလွတ်တန်း ချန်ပီယံဟောင်း ထွန်းထွန်းမင်းသည် ဘရာဇီးလက်ဝှေ့ချန်ပီယံ ကျာ့ကိုလစ်နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ထွန်းထွန်းမင်းသည် ယင်း ပွဲစဉ်ယှဉ်ပြိုင်ရန် တစ်ပတ်အလိုတွင် လေ့ကျင့်ရေး၌ ဒူးဒဏ်ရာဟောင်းကို  ပြန်လည်ထိခိုက်မိခဲ့ခြင်းကြောင့်    ကာလရှည်အနားယူခဲ့ရကြောင်း သိရသည်။(MWD)

No comments:

Post a Comment