Latest News

Saturday, February 10, 2018



ပင်စည်က ဖေါင်းဖေါင်းရိုးတန်ရှည်ရွက်တွန့် မျိုးဖြစ်သည်စေတီပုံဖြင့်တူနေသဖြင့် စေတီဂမုန်းဟုခေါ်ကြသည်တချို့က တပင်ရွှေထီးဟုလည်းခေါ်သည်။

ဆေးနည်း ဦးဘရှင်


ရင်သားအကျိတ် နှင့် အနာကို စိန်ခေါ်လိုက်တဲ့ “ဆေးဘက်ဝင် စေတီဂမုန်း”…
“ဆေးဘက်ဝင် စေတီဂမုန်း(ရင်သားအကျိတ် နှင့် အနာ)”
ဦးစွာစေတီဂမုန်းပင်အကြောင်းပြောပါမည်။
ဂမုန်းဝါသနာပါသူများ စိုက်ပျိုးသည်။
စေတီအမည်ဖြစ်နေ၍တချို့စိုက်ကြသည်။
ပင်စည်က ဖေါင်းဖေါင်းရိုးတန်ရှည်ရွက်တွန့် မျိုးဖြစ်သည်စေတီပုံဖြင့်တူနေသဖြင့် စေတီဂမုန်းဟုခေါ်ကြသည်တခုျို့က တပင်ရွှေထီးဟုလည်းခေါ်သည်။
စေတီဂမုန်း၏ထူးခြားချက်ကဥလိုထင်ရသည့်ပင်စည်ဖြစ်သည်
ပင်စည်ကိုမြေမြှု တ်ထားပါက ထိပ်မှအတက်ထွက်ကာ အရွက်များထွက်လာပြီး ပင်စည်ဖေါင်းဖေါင်းကြီးဖြစ်သွားသည်။
နွေရာသီတွင် အရွက်များခြောက်သွားပြီးစေတီပုံ ပင်စည်တွေဖြစ်နေသည်။
နွေရာသီတွင် ရေလောင်းစရာမလိုပါ။
ဆေးဘက်ဝင်ပုံရင်သားတဝိုက် နို့ အကျိတ်များအနာပေါက်အဖုအကျိတ်များအားလုံး ပျောက်ကင်းသည်
ကုသပုံကတော့အကျိတ်အနာများ၏ အနာဝအားချန်လှပ်ပြီး အရွက်ကိုမီးအုံပေးကာ အုံပေးခြင်းဖြင့် ကိုက်ခဲခြင်း နာကျင်ခြင်းများအတွက် နာရီပိုင်းအတွင်း သက်သာသွားသည်။
ရင်သားအကျိတ်အနာသည်ကင်ဆာအကျိတ်ကိုဆိုလိုခြင်းမဟုတ်ပါ။
ကင်ဆာအကျိတ်က အများအားဖြင့်နာကျင်မှု မရှိပါအကျိတ်အနာက စဖြစ်ကတည်းက နာကျင်သည်။

ဆေးနည်း ဦးဘရှင်
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
CREDIT-စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

No comments:

Post a Comment