Latest News

Friday, February 9, 2018

ယဉ်မဆင်မခြင်မောင်းတဲ့  ပုသိမ်ဟက်ကာအထည်ချုပ်စက်ရုံကဘင်္ဂလားဒေ့ ရှ်နိုင်ငံသားကို လ၀က ဥပဒေဖြင့် ထပ်မံအမှုဖွင့်

ယဉ်မဆင်မခြင်မောင်းတဲ့  ပုသိမ်ဟက်ကာအထည်ချုပ်စက်ရုံကဘင်္ဂလားဒေ့ ရှ်နိုင်ငံသားကို လ၀က ဥပဒေဖြင့် ထပ်မံအမှုဖွင့်

ယဉ်မဆင်မခြင်မောင်းတဲ့ ပုသိမ်ဟက်ကာအထည်ချုပ်စက်ရုံက ဘင်္ဂလားဒေ့ ရှ်နိုင်ငံသား  Mr. Md Ba Chu ကို လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ)ဥပဒေ ပုဒ်မ ၁၃(၁)နဲ့ ထပ်မံအမှုဖွင့်ဆောင်ရွက်နေတယ်လို့  ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပထမတန်း ရဲမှူးဦးစီး ရဲမှူးကြီးခင်မောင်လတ်က တိုင်းဧရာကိုပြောပါတယ်။
Mr. Md Ba Chuက က ၂၀၁၇ ခုနှစ်နိုဝင်ဘာလ(၅)ရက်နေ့ က အိမ်မဲမှ ပုသိမ်မြို့ သို့ ပြန်လာစဉ် ဆိုင်ကယ်အရှိန်မထိမ်းနိုင်ပဲ တိမ်းမှောက်ပြီး ဒဏ်ရာများရရှိခဲ့ ပါတယ်။

ဒီဖြစ်စဉ်ကို သက်ဆိုင်ရာအဆင့်ဆင့်ကဆောင်ရွက်ကြရာနောက်ဆုံးမှာတော့ကျောင်းကုန်းမြို့ နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ ဒဏ်ငွေ တစ်သောင်းကို ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ (၈)ရက်နေ့ မှာ အမိန့် ချမှတ်ခဲ့ ပါတယ်.။

ဒီလိုအမိန့် ချပြီးနောက်တစ်နေ့ မှာတော့ Mr. Md Ba Chuက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက ပြဌာန်းထားသည့် ဥပဒေတစ်ရပ်ကို ကျူးလွန်ဖောက် ဖျက် အရေးယူအပြစ်ပေးခြင်းခံရတာကြောင့် ပုသိမ်မြို့ နယ်လ၀က ဦးစီးတိုင်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ)ဥပဒေ ပုဒ်မ၄(၂)အရ ဗီဇာစည်းကမ်းဖောက်ဖျက်ခဲ့ တာကြောင့် ခုလို ထပ်မံအရေးယူဖို့ ဆောင်ရွက်နေတာပါ။

Mr. Md Ba Chuက လွန်ခဲ့ သော ၂၀၀၀ခုနှစ်တည်းက တရားဝင်ဗီဇာနဲ့  ပုသိမ် မြို့ က ဟက်ကာအထည်ချုပ်စက်ရုံမှာ စက်ချုပ်နည်းပြအဖြစ်နဲ့ တာဝန်ယူဆောင်ရွက်နေသူ ပါ။

မျိုးမင်းပိုင်

No comments:

Post a Comment