Latest News
Friday, February 9, 2018
ဘင်္ဂါလီခိုးဝင်မှုမှာတာဝန်ပေါ့လျော့တဲ့ စစ်ဆေးရေးဂိတ်ကရဲတပ်ဖွဲ့ ဝင်တွေကို ခုံရုံးဖွဲ့ အရေးယူမည်
ဘင်္ဂါလီခိုးဝင်မှုမှာတာဝန်ပေါ့လျော့တဲ့ စစ်ဆေးရေးဂိတ်ကရဲတပ်ဖွဲ့ ဝင်တွေကို ခုံရုံးဖွဲ့ အရေးယူမည်
ဘင်္ဂါလီခိုးဝင်မှုတွေမှာ တာဝန်ပေါ့ လျော့တဲ့  စစ်ဆေးရေးဂိတ်က ရဲတပ်ဖွဲ့ ဝင်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွင့်အရေးယူသွားမယ်လို့  ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ပထမတန်း ရမှူးဦးစီး ရဲမှူးကြီးခင်မောင်လတ်က ဖေဖော်ဝါရီလ ၉ ရက်နေ့ မှာ တိုင်းဧရာကိုပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းက ပြသနာတွေဖြစ်နေစဉ်အတွင်း ဧရာဝတီတိုင်းအတွင်းကို ဘင်္ဂါလီခိုးဝင်မှုက သည်နေ့ အထိ ဆို နှစ်ကြိမ်ရှိခဲ့ ပါပြီ။
ပထမတစ်ကြိမ်က ဘင်္ဂါလီ (၂၁  )ဦးကို ညောင်တုန်းဆားမလာက်မှာ ဖမ်းဆီးရရှိခဲ့ ပြီး ဒုတိယတစ်ကြိမ် ခိုးဝင်လာတဲ့  ဘင်္ဂါလီ (၇)ဦးကို ညောင်တုန်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရရှိခဲ့ ပါတယ်။
ဖမ်းဆီးရရှိမှုမဆောင်ရွက်နိုင်ခင် အဆိုပါ ဘင်္ဂါလီတွေက ပထမခိုး ၀င်လာမှုမှာ ရေနံသာစစ်ဆေးရေးဂိတ်နဲ့ ဒုတိယအကြိမ်ခိုးဝင်လာမှုမှာ ကြံခင်းက အုတ်ပုံ စစ်ဆေး ရေးဂိတ်တို့ ကို ဖြတ်ကျော်နိုင်ခဲ့ ပါတယ်။
ဒါ့ကြောင့် သည်လို ဖြတ်ကျော်လာမှုကို တာဝန်ပေါ့ လျော့စွာဆောင်ရွက်ခဲ့ တဲ့ စစ်ဆေ
းရေးဂီတ်က တာဝန်ကျရဲဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ ပြီး အရေးယူဖို့ ဆောင်ရွက်နေတာပါ။
မြန်မာနိုင်ရဲတပ်ဖွဲ့ ရဲစည်းကမ်းတွေအရ တာဝန်ပေါ့လျော့သူတွေကိုရဲစည်းကမ်းအရ အရေးယူမှာဖြစ်သလို လိုအပ်ပါက အရပ်ဖက် တရားရုံးအနေနဲ့ လည်းအရေးယူမယ်လို့  ရဲတပ်ဖွဲ့ ကဆိုပါတယ်။
သည်နေ့ အချိန်ထိတော့ တာဝန်ပေါ့ လျော့စွာထမ်းဆောင်ခဲ့ တဲ့  ရဲတပ်ဖွဲ့ ဝင်တွေကို ဘယ်လို အရေးယူထားတယ်ဆိုတဲ့  အခြေနေတွေကိုတော့ ရဲတပ်ဖွဲ့ ကမထုတ်ပြန်သေးပါဘူး။
မျိုးမင်းပိုင်
No comments:
Post a Comment