Latest News

Thursday, February 1, 2018

မန်ယူသို့ ဆန်းချက်ဇ် ရောက်ရှိလာခြင်းကို အံ့အားသင့်နေရဆဲဟု ဘက်ဟမ်း ဖွင့်ဟ

မန်ယူသို့ ဆန်းချက်ဇ် ရောက်ရှိလာခြင်းကို အံ့အားသင့်နေရဆဲဟု  ဘက်ဟမ်း ဖွင့်ဟ

ချီလီတောင်ပံတိုက်စစ်ကစားသမား အလက်ဇီဆန်းချက်ဇ် ၏ အပြောင်းအရွှေ့အပေါ် မိမိအနေဖြင့် အလွန်အံ့အား သင့်ခဲ့ရကြောင်း မန်ယူနှင့် အင်္ဂလန်ကွင်းလယ်ကစားသမား ဟောင်း ဒေးဗစ်ဘက်ဟမ်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
အသက်   ၂၉   နှစ်အရွယ်ရှိ   တောင်ပံတိုက်စစ်ကစား သမား ဆန်းချက်ဇ်သည် ပြီးခဲ့သည့်  ဇန်နဝါရီ  ၂၂ ရက်က အာဆင်နယ်အသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာကာ လေး နှစ်ခွဲသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး မန်ယူအသင်း အတွက်   တရားဝင်ပြိုင်ပွဲများတွင်   ပါဝင်ကစားခွင့်ရသည့် ပထမဆုံး ချီလီကစားသမားဖြစ်လာခဲ့သူဖြစ်သည်။ ဘာစီ လိုနာကစားသမားဟောင်းတစ်ဦး ဖြစ်သူ ဆန်းချက်ဇ်သည် မန်ယူအသင်းတွင်   ဒေးဗစ် ဘက်ဟမ်းအပါအဝင် နာ မည်ကျော်   ကစားသမား အချို့    ဝတ်ဆင်ကစားခဲ့ သည့် နံပါတ် ၇ ဂျာစီကို ဝတ်ဆင်ကစားနေသူ  ဖြစ် သည်။
အင်္ဂလန်    ကပ္ပတိန် ဟောင်းဘက်ဟမ်းက ''ရိုးရိုး သားသားပြောရမယ် ဆိုရင် ဆန်းချက်ဇ်ရဲ့     အသင်း အပြောင်း အရွှေ့ကို ကျွန်တော် မယုံကြည်နိုင်အောင် ဖြစ်နေရ ဆဲပါ၊ သူဟာ   အာဆင်နယ်အသင်းအတွက်  အလွန်အရေး ပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့ပြီး  အခုဆိုရင်  အာဆင် နယ် အသင်းရဲ့ အဓိကပြိုင်ဘက်အသင်းက ကစားသမားဖြစ် နေပါပြီ၊ ဒါကို မြင်တွေ့ရတာက တကယ့်ကို အံ့အားသင့်စရာ ပါပဲ၊  မန်ယူအသင်းမှာ  ဆန်းချက်ဇ်  ကံကောင်းပါစေလို့ ဆန္ဒပြုပါတယ်၊ ကျွန်တော်က  မန်ယူအသင်းပရိသတ်ပါ၊ ဒါကြောင့် ဆန်းချက်ဇ်လို အရည်အချင်းရှိတဲ့ ကစားသမား တစ်ဦးက မန်ယူအသင်း ဂျာစီဝတ်ဆင်ပြီး ကစားနေတာကို မြင်တွေ့ရတာကြောင့်     စိတ်လှုပ်ရှားမိပါတယ်၊ သူဟာ မန်ယူအသင်းအတွက်  တကယ့်ကို   သင့်တော်တဲ့  ကစား သမားပါ''ဟု ပြောပြခဲ့သည်။
ထက်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment