Latest News

Wednesday, February 21, 2018

ပြီးခဲ့သည့်အပတ်က အနည်းငယ်လှုပ်ခတ်သည့် ကားဈေးကွက် မူဝါဒကြောင့် ပြန်လည်ရပ်ဆိုင်းပြန်

ပြီးခဲ့သည့်အပတ်က အနည်းငယ်လှုပ်ခတ်သည့် ကားဈေးကွက်
မူဝါဒကြောင့် ပြန်လည်ရပ်ဆိုင်းပြန်

ယခုသီတင်းပတ်အတွင်း  ကားဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး အနည်းငယ်လှုပ်ခတ်စပြုလာသည့်  ကားဈေးကွက်မှာ   ပြန်လည် အနည်ထိုင် အေးစက် သွားရကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။ လက်ရှိကားအရောင်းအဝယ်  အေးစက်ရခြင်းမှာ မူဝါဒအပြောင်းအလဲတစ်ရပ်အပေါ် အခြေခံပြီး   ရန်ကုန် လိုင်စင်ကားများမှာမူ  ဈေးကွက်အတွင်း ဈေးနှုန်းအမြင့်မားဆုံးဖြစ်နေကြောင်း  သိရှိရသည်။
အဓိကမှာ     လာမည့်ဧပြီလဆန်းမှ   စတင်၍ စီအိုအီးစနစ်ဖြင့်    ရန်ကုန်လိုင်စင်ချထားပေးရန် စီစဉ်ဆောင်ရွက်မှုနှင့်  နယ်လိုင်စင်ရရှိထားသည့် သက်တမ်း နှစ် ၂ဝ ၊ တိုက်ကြေယာဉ်အိုယာဉ် ဟောင်း  အပ်ကားများအား    ရန်ကုန်လိုင်စင် ပြောင်းရန်      ခွင့်မပြုတော့ သည့်            မူဝါဒ များ  ကြောင့် အရောင်း                          အဝယ်မှာ ပြန်လည်အေး စက်ခဲ့ရခြင်း     ဖြစ်ကြောင်း    ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း    အရောင်းအဝယ် အနည်းငယ်ဖြစ်သည့်ကားများမှာ  ရန်ကုန်လိုင်စင် အင်ဂျင်ပါဝါနိမ့်    မော်တော်ကားများနှင့်   နယ် လိုင်စင်     ပုံမှန်ပေါက်ဈေးထက်     လျှော့ကာ  ရောင်းချသည့်     မော်တော်ကားများ    ဖြစ်ကြ သည်။       ရန်ကုန်လိုင်စင်ကားများတွင်လည်း    လိုင်စင်ဟောင်း     အလယ်အလတ်နံပါတ်များသာ အရောင်းအဝယ်     အနည်းငယ်ရှိပြီး   စတိကား များမှာမူ  အရောင်းအဝယ်မရှိသလောက် ရပ်တန့် လျက်ရှိသည်။
အရောင်းပြခန်းများတွင်လည်း    ရန်ကုန် လိုင်စင်ရရှိလိုသဖြင့်  စလစ်လိုအပ်ချက်များကြောင့်     ဈေးလျှော့မရောင်းနိုင်ကြသကဲ့သို့     အချို့ကားသစ်အရောင်းပြခန်းများမှာမူ    အရစ်ကျ   စနစ် အားကောင်းစေရန်    ဘဏ်များနှင့်    ပိုမို ချိတ်ဆက်၍    ဈေးကွက်   အရောင်းမြှင့်တင်ခြင်း ဖြင့်   နယ်ဝယ်လက်များအထိ      ဈေးကွက်ချဲ့ထွင် နေကြောင်း  သိရသော်လည်း အများ စုမှာ  ဈေးနှုန်းမြင့်မားသဖြင့်  ထင်သလောက် ခရီးမပေါက်ကြောင်းလည်း    ကားဈေးကွက်    ကျွမ်းကျင်သူအချို့က ပြောသည်။

ယခုသီတင်းပတ်အတွင်း   စလစ်ဈေးမှာမူ နယ်စလစ်များ ဝယ်ယူသူမဲ့သည့်   အနေအထား ဖြစ်နေပြီး ရန်ကုန်လိုင်စင်စလစ်များမှာမူ ဈေးနှုန်း မြင့်တက်လျက်ရှိသည်။  အကြောင်းမှာ  ရန်ကုန် လိုင်စင်   ပြန်လည်ရရှိရေးအတွက်   ကားသစ်များ တင်သွင်းရာတွင်     ရန်ကုန်လိုင်စင်    စလစ်မှာ လိုအပ်ခြင်းကြောင့်   ဖြစ်သည်။  လက်ရှိတွင် သက်တမ်းနှစ် ၂ဝ   အမည်ပေါက်  စလစ်တစ်စောင် ဈေးနှုန်းမှာ  ငွေကျပ်သိန်း ၁၃ဝ ရှိနေပြီး   စလစ် လိုအပ်ချက်မှာ    များပြားလာနိုင်သေးကြောင်း သိရသည်။
လာမည့်နှစ်    မော်တော်ယာဉ်တင်သွင်းခွင့် ကို ဇန်နဝါရီ   ၂  ရက်က    စတင်ခွင့်ပြုပေးခဲ့ သော်လည်း    ဘယ်မောင်းနှင့်   အသားမကျသူများ အတွက် တင်သွင်းရန် အားယူနေကြရမည့် ကာလ ဖြစ်ခြင်းကြောင့် ညာမောင်းများအတွက် အခွင့် သာ နေချိန်ဖြစ်သည်။ သို့သော်   လက်ရှိ     တွင်  ဈေးမှာ အတက်ဈေးဖြင့် ငြိမ် သက်နေပြီး ပွင့်လင်းရာသီ  အရောင်းအဝယ် ကောင်းချိန်တွင်      တက်ဈေးကားများသည် အရောင်းအဝယ်    အလွန်အားနည်းနေသည်။ ယခုအချိန်တွင် စတိကားများ၊ နံပါတ်ထွက်ပြီး သား   ရန်ကုန်လိုင်စင်ကားများလည်း   ယခင်လို    အရောင်းအဝယ်   အားမကောင်းဘဲ ငြိမ်သက် နေသည်ဟု သိရသည်။
''ကားဈေးကွက်ကတော့  ပုံမှန်အတိုင်း အေးစက်ဆဲပါပဲ၊ အဓိကကတော့  မူဝါဒအသစ် ပေါ့ဗျာ၊ လေးလပိုင်းကုန်လောက်အထိကတော့ ပုံသ္ဌာန်   မပြောင်းနိုင်သေးဘူး၊ အများစုက ဘယ်မောင်းကားလည်း       မတင်သွင်းနိုင်၊ ညာမောင်းကားလည်း     မတန်ဈေးမို့      မပေးနိုင်၊  စလစ်ကစားဖို့ကြပြန်တော့လည်း  ရန်ကုန်စလစ် က ရှားနေပြန်ဆိုတော့ ကားဈေးကွက်အတွင်းမှာ ရေတိုတစ်ကွက်စား အလုပ်အကိုင်လောက်ပဲ   ဖြစ် တယ်၊  ရေရှည်    ရင်းနှီးမြှုပ်နှံဖို့အတွက်ကတော့   အခက်အခဲတွေ အများကြီးပဲ၊ စွန့်စားဖို့ကျပြန်တော့ လည်း  လက်ရှိတောင်  ညာမောင်းတစ်ပတ်ရစ်တွေ၊ ငွေအိပ်တာတွေ   များနေတော့ အသစ်ထပ်ပြီး မမြှုပ်နှံနိုင်ကြတော့ဘူး''ဟု ကားဝယ်ရောင်း တစ်ဦးကလည်း   လက်ရှိအခြေအနေကို   သုံးသပ် ပြောပြသည်။      ။ မင်းသော်(မြန်​မာ့အလင်း)

No comments:

Post a Comment