ဧရာဝတီတိုင္းေဒသႀကီးေျမာင္းျမခ႐ိုင္ အိမ္မဲၿမိဳ႕နယ္ကညင္ကုန္းႀကီးေက်းရြာအုပ္စု ေခ်ာင္းဖ်ားေက်းရြာ
၁၆.၂.၂၀၁၈ညေန ၇ နာရီခန္႔ ေခ်ာင္းဖ်ားေက်းရြာေနထိုင္သူဒူဒုန္း(ခ)ေအာင္သန္းထြန္း
ေနအိမ္ေပၚတြင္ ဇနီးျဖစ္သူနန္႔သန္းေထြးႏွင့္ ေခါင္လန္ကုန္းႀကီးေက်းရြာမွ ကိုဇလုတ္ဆိုသူတို႔သည္ ေအာင္သန္းထြန္းေနအိမ္ေပၚတြင ္မိမိဇနီးႏွင့္အတူေတြ႔႐ွိရာမွ ေအာင္သန္းထြန္းက ဇလုတ္ဆိုသူႏွင့္
သူ႔မိန္းမနန္႔သန္းေထြးတို႔ကို မိမိမ႐ွိခင္ေဖာက္ျပန္ေနသည္ဟု စြပ္စြဲေျပာဆိုရာမွ စကားမ်ားရန္ျဖစ္ၾကၿပီး ဇလုတ္မွေအာင္သန္းထြန္းကို ဒုတ္ျဖင့္႐ိုက္ခဲ့ရာေအာင္သန္းထြန္း၏ဦးေခါင္း ညာဘက္နားထင္စပ္ ကြဲၿပီး
ေနအိမ္ေပၚတြင္ လဲက်သြားရာ နန္းသန္းေထြးႏွင့္ဇလုတ္တို႔အိမ္ေပၚမွထြက္ေျပးသြားခ်ိန္ ရြာသားတစ္ဦးမွ ေအာင္သန္းထြန္းမိခင္ေဒၚမူတိုင္းကိုသြားေခၚၿပီး အခင္းျဖစ္ေနအိမ္သို႔ေရာက္႐ွိသြား၍ သူ႔သား
ေအာင္သန္းထြႏ္းကို “သားနင့္ကိုဘယ္သူ႐ိုက္တာလည္းဟုေမးရာ .သူ႔သားကအေမသားကို
ဇလုတ္ႏွင့္ နန္႔သန္းေထြးတို႔ညႇပ္႐ိုက္သြားတာဟု ေျပာၾကားၿပီးသတိလစ္ေမ့ေမ်ာသြားရာ ရပ္ရြာမွဒိန္းေဒါင္းငွါးၿပီးည၁၁ နာရီခန္႔တြင္သရက္ကုန္းတိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင ္ေဆးကုသခံယူရာမွ ေနာက္တစ္ေန႔ ၁၇.၂.၂၀၁၈ေန႔ လည္ေလာက္တြင္ေအာင္သန္းထြန္းဦးေခါင္းဒါဏ္ရာျဖင ့္ေသဆုးံသြားေၾကာင္း ၎အမႈကို
ေသဆုးံသူမိခင္ေဒၚမူတိုင္း မွတရားလိုျပဳလုပ္၍အမႈဖြင့္ခဲ့ရာ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ေစာေနမိုး.ေခ်ာင္းဖ်ားရြာ ရာအိမ္မႉးဦးဖုန္းေက်ာ္ႏွင့္ ရြာသားမ်ားပူးေပါင္း၍တရားခံ ဇလုတ္ဆိုသူကို ၁၇.၂.၂၀၁၈စေနေန႔ ည
၉. နာရီအခ်ိန္တြင္ဖမ္းစီးရမိၿပီး အိမ္မဲၿမိဳ႕နယ္သရက္ကုန္း ရဲစခမ္းစခမ္းမႉး ရဲအုပ္သန္းထြန္းထံအပ္ႏွံခဲ့ေၾကာင္း ရဲအုပ္သန္းထြန္းမွ ၄၅၆/၃၂၅ မွ၃၀၂ သို႔ေျပာင္းေရႊ႔အမႈဖြင့္စစ္ေဆးလ်ွက္႐ွိေၾကာင္း သတင္းရ႐ွိသည္ ။
Aungzaw Moe & Phyo Wai Win
Unicode
ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် အိမ်မဲမြို့နယ်ကညင်ကုန်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ
၁၆.၂.၂၀၁၈ညနေ ရ နာရီခန့် ချောင်းဖျားကျေးရွာနေထိုင်သူဒူဒုန်း(ခ)အောင်သန်းထွန်း
နေအိမ်ပေါ်တွင် ဇနီးဖြစ်သူနန့်သန်းထွေးနှင့် ခေါင်လန်ကုန်းကြီးကျေးရွာမှ ကိုဇလုတ်ဆိုသူတို့သည် အောင်သန်းထွန်းနေအိမ်ပေါ်တွင ်မိမိဇနီးနှင့်အတူတွေ့ရှိရာမှ အောင်သန်းထွန်းက ဇလုတ်ဆိုသူနှင့်
သူ့မိန်းမနန့်သန်းထွေးတို့ကို မိမိမရှိခင်ဖောက်ပြန်နေသည်ဟု စွပ်စွဲပြောဆိုရာမှ စကားများရန်ဖြစ်ကြပြီး ဇလုတ်မှအောင်သန်းထွန်းကို ဒုတ်ဖြင့်ရိုက်ခဲ့ရာအောင်သန်းထွန်း၏ဦးခေါင်း ညာဘက်နားထင်စပ် ကွဲပြီး
နေအိမ်ပေါ်တွင် လဲကျသွားရာ နန်းသန်းထွေးနှင့်ဇလုတ်တို့အိမ်ပေါ်မှထွက်ပြေးသွားချိန် ရွာသားတစ်ဦးမှ အောင်သန်းထွန်းမိခင်ဒေါ်မူတိုင်းကိုသွားခေါ်ပြီး အခင်းဖြစ်နေအိမ်သို့ရောက်ရှိသွား၍ သူ့သား
အောင်သန်းထွန်းကို “သားနင့်ကိုဘယ်သူရိုက်တာလည်းဟုမေးရာ .သူ့သားကအမေသားကို ဇလုတ်နှင့် နန့်သန်းထွေးတို့ညှပ်ရိုက်သွားတာဟု ပြောကြားပြီးသတိလစ်မေ့မျောသွားရာ ရပ်ရွာမှဒိန်းဒေါင်းငှါးပြီးည
၁၁ နာရီခန့်တွင်သရက်ကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင ်ဆေးကုသခံယူရာမှ နောက်တစ်နေ့ ၁၇.၂.၂၀၁၈နေ့ လည်လောက်တွင်အောင်သန်းထွန်းဦးခေါင်းဒါဏ်ရာဖြင ့်သေဆုးံသွားကြောင်း ၎င်းအမှုကို
သေဆုးံသူမိခင်ဒေါ်မူတိုင်း မှတရားလိုပြုလုပ်၍အမှုဖွင့်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး စောနေမိုး.ချောင်းဖျားရွာ ရာအိမ်မှူးဦးဖုန်းကျော်နှင့် ရွာသားများပူးပေါင်း၍တရားခံ ဇလုတ်ဆိုသူကို ၁၇.၂.၂၀၁၈စနေနေ့ ည
၉. နာရီအချိန်တွင်ဖမ်းစီးရမိပြီး အိမ်မဲမြို့နယ်သရက်ကုန်း ရဲစခမ်းစခမ်းမှူး ရဲအုပ်သန်းထွန်းထံအပ်နှံခဲ့ကြောင်း ရဲအုပ်သန်းထွန်းမှ ၄၅၆/၃၂၅ မှ
၃၀၂ သို့ပြောင်းရွှေ့အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည် ။
Aungzaw Moe & Phyo Wai Win
No comments:
Post a Comment