Latest News

Tuesday, February 6, 2018

တရုတ်ရိုးရာ ခြင်္သေ့ နှင့် နဂါးအကအလှ စွမ်းရည်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

တရုတ်ရိုးရာ ခြင်္သေ့ နှင့် နဂါးအကအလှ စွမ်းရည်ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်    ဖေဖော်ဝါရီ   ၅

တရုတ်ရိုးရာ  ခြင်္သေ့နှင့် နဂါးအကအလှ  စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှစ၍  ရန်ကုန်ပြည်လမ်းရှိ  Junction Square Centre ၌ ငါးရက်တိုင် ကျင်းပရန် စီစဉ်ထားကြောင်း  မြန်မာနိုင်ငံ ခြင်္သေ့နှင့်နဂါးအက အဖွဲ့ချုပ် အတွင်းရေးမှူး  ဦးသိန်းအောင်ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲကို  ဖေဖော်ဝါရီ   ၇ ရက်မှ  ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး   ပြိုင်ပွဲတွင်  ခြင်္သေ့အကအလှ စွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းပေါင်း ၁၇ သင်း စာရင်းပေးထားပြီး နဂါးရှည်ပြိုင်ပွဲ အတွက် အသင်းပေါင်း ၁၂ သင်းပါဝင်ရန် စာရင်း ပေးထားကြောင်း သိရသည်။

''ဒီပြိုင်ပွဲကို Junction  Square Centre နဲ့ ပူးပေါင်းပြီး  ကျင်းပ မှာပါ။ ဖေဖော်ဝါရီ ၇ ရက်မှာ ဖွင့်ပွဲလုပ်မယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဆုပေးပွဲပြုလုပ်မှာပါ။ အဖွဲ့ချုပ်အနေနဲ့က  ပြိုင်ပွဲကို သွားရောက်ကြပ်မတ်ပြီး အမှတ်ပေးတာတွေကို International Law တွေနဲ့အညီ  ပြုလုပ်မှာပါ။

ဆုကြေး ဘယ်လောက် ချီးမြှင့်မယ်ဆိုတာကို   အတိအကျ မသိသေးပါဘူး'' ဟု ဦးသိန်းအောင် ကပြော သည်။ ယခုကဲ့သို့ တရုတ်ရိုးရာ ခြင်္သေ့နှင့် နဂါးအကအလှ စွမ်းရည်ပြိုင်ပွဲသည် စင်တာ၏  ပရိုမိုးရှင်းပွဲ အနေဖြင့်  ကျင်းပပေးသည့် ပြိုင်ပွဲလည်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment