Latest News

Tuesday, February 6, 2018

ရခိုင်ပြည်နယ် အစိုးရမှ AP သတင်းဌာနအား ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ မြှုပ်နှံထားသည်ဟု သတင်းဖော်ပြချက်အပေါ် တရားစွဲဆိုရန် စီစဉ်

ရခိုင်ပြည်နယ် အစိုးရမှ AP သတင်းဌာနအား ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ မြှုပ်နှံထားသည်ဟု သတင်းဖော်ပြချက်အပေါ် တရားစွဲဆိုရန် စီစဉ်

စစ်တွေ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဟု AP သတင်းဌာန၏ သတင်းဖော်ပြချက်မှာ မ ဟုတ်မှန်သည့်အပြင် နိုင်ငံတော်ဂုဏ်သိက္ခာ ကျဆင်းစေခြင်းအတွက် AP သတင်းဌာနအား တရားစွဲဆိုရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေထံမှ သိရသည်။

 ''ဥပေ ဒကြောင်းအရ အရေးယူဆောင်ရွက်ဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။ ဒါကိုပြည်နယ် အစိုးရကနေ စီစဉ်တာပါ''ဟု ဦးတင်မောင်ဆွေကပြောသည်။

ဂူတာပြင်ကျေးရွာပတ်ဝန်းကျင်တွင် ရာနှင့်ချီသည့်ရုပ်အလောင်းများအား နေရာငါးနေရာတွင် အစုလိုက်အပြုံ လိုက် မြှုပ်နှံထားပြီး အလောင်းများအား အက်စစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ် ပျက်ဆင်းပျက်ဖြစ်နေသည်ဟု AP သတင်းဌာနက ဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့တရားစွဲဆိုရန် စီစဉ်ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါသတင်းကြောင့် ဖေဖော်ဝါရီ ၂ ရက်တွင် ဘူးသီးတောင် အုပ်ချုပ်ရေးမှူးမှ ဦး ဆောင်ကာ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၇ ဦးပါဝင်သည့်အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးရေးအဖွဲ့၏ ပဏာမစိစစ်ချက်အရ AP သတင်း ဌာနမှရေးသားထားသည့်နေရာတွင် ရုပ်အလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားခြင်း မရှိကြောင်း ဖေ ဖော်ဝါရီ ၂ ရက်တွင် အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဖော်ပြပါဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း အစိုးရဘက်မှ ပြောဆိုထားပြီး ပြည်နယ်အစိုးရအနေဖြင့် AP သတင်းဌာနအား တရားစွဲဆိုနိုင်ရေးအတွက် ဥပဒေနည်းလမ်းများအရ ဆောင်ရွက်ရန် ညှိနှိုင်းတိုင်ပင်လျက် ရှိကြောင်း သတင်းရရှိသည်။(MWD)

No comments:

Post a Comment