Latest News

Thursday, February 8, 2018

ကော့သောင်းမြို့နယ်တွင် ​ကျောင်းသူ/သားများတင်ဆောင်လာသည့် ကူးတို့ လှေ နစ်မြုပ်မှုဖြစ်ပွား

ကော့သောင်းမြို့နယ်တွင် ​ကျောင်းသူ/သားများတင်ဆောင်လာသည့် ကူးတို့ လှေ နစ်မြုပ်မှုဖြစ်ပွား

ကော့သောင်း  ဖေဖေါ်ဝါရီ ၈

ကော့သောင်းမြို့နယ် ၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု ၊ ဝါးကျွန်းကျေးရွာ မှ   ပုလောဘာလိုင်းကျေးရွာအမက(မူလွန်)ကျောင်းသို့ သွားရန် ကျောင်းသူ./သားများ တင်ဆောင်လာသည့် ကူးတို့လှေငယ်တစ်စီး ဖေဖေါ်ဝါရီလ(၇) ရက်နေ့နံနက် ပိုင်းကနစ်မြုစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာအဆိုပါနေ့ နံနက်ပိုင်း က  ကျောင်းတက်ရန်  ကျောင်းသူ/ ကျောင်းသား(၁၆)ဦးခန့် တင်လာသည့်  လှေအနီး မှ လှေကြီးတစ်စီး
ဖြတ်မောင်းသွားသဖြင့် လှိုင်းရိုက်ပုတ်ကာဝါးကျွန်းကျေးရွာ နှင့် မလှမ်းမကမ်းတွင် နစ်မြုစ်ခဲ့ခြင်းဖြစ်ပြီးလှေနစ်မြုပ်မှုဖြစ်စဉ်တွင် အနီးအနားကျေးရွာ မှ  ရေလုပ်သားများအချိန်မှီကယ်ဆယ်နိုင်ခဲ့သဖြင့် ကျောင်းသား/သူများသေဆုံးဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

ယခုကဲ့သို့ ပင်လယ်ကျွန်းရွာများတွင်နေထိုင်သည့် ပြည်သူများ၏ ရင်သွေးကျောင်းသားကျောင်းသူများမူလတန်းလွန်အဆင့်ကျောင်းမရှိသည့်ကျေးရွာများမှပညာသင်ကြားရာတွင်  မူလတန်းလွန် အဆင့် ကျောင်းရှိရာအနီးအနားကျေးရွာများသို့ နေ့စဉ် ပင်လယ်ဖြတ်သန်းကာ လှေငယ်လေးများဖြင့် သွားရောက်ကျောင်းတက်နေရခြင်းဖြစ်ရာ ကလေးငယ်များအတွက် တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် အသက်ကယ်အင်္ကျီနှင့်မိုးရာသီအတွက် ထီးနှင့်မိုးကာအင်္ကျီများအပြင် ရွာတွင် တွဲဖက်ကျောင်းတစ်ကျောင်းချထားပေးစေလိုသည့် ဆန္ဒများဖြစ်ပေါ်လျှက်ရှိကြောင်းကျေးရွာပြည်သူများ၏ ပြောဆိုချက်အရသိရသည်။
ကျော်စိုး (ကော့သောင်း)မြန်​မာ့အလင်း

No comments:

Post a Comment