Latest News

Monday, February 5, 2018

မိုးညှင်း ဟဲလုံကျေးရွာတွင် ရဲဘက်ပြေးခဲ့သူကိုအမှုနှစ်ခုဖြင့်အရေးယူ

မိုးညှင်း ဟဲလုံကျေးရွာတွင် ရဲဘက်ပြေးခဲ့သူကိုအမှုနှစ်ခုဖြင့်အရေးယူ

မိုးညှင်း ဖေဖော်ဝါရီ ၅

မိုးညှင်းမြို့၊ ဟဲလုံကျေးရွာတွင် သတင်းအရ ရဲဘက်ပြေးအားရှာဖွေ ဖမ်းဆီးခဲ့ရာ  မူးယစ်ဆေးများတွေ့ရှိသဖြင့် အမှုနှစ်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း သိရသည်။ဖမ်းဆီးခံရသူမှာမိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်တွင်နေသူ အသက်(၄၅)နှစ်ရှိ သြဘာ(ခ)အောင်ဆန်းဝင်း ဆိုသူဖြစ်ပြီး ဖေဖ၀ါရီ(၄)ရက်နေ့၊ ညနေ(၁)နာရီခွဲ အချိန်က ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

“ရဲဘက်ပြေးဆိုတာသိလိုက်ရလို့ ရှာဖွေဖမ်းဆီးခဲ့တာပါ  ဖမ်းမိပြန်တော့ လည်း သူ့ရဲ့အိတ်ကပ်ထဲမှာ မူးယစ် ဆေးတွေကို တွေ့ခဲ့ရတယ်” ဟု မိုးညှင်းမြို့မရဲစခန်း ဒုတပ်ကြပ် ဆန်းအောင် ကပြောသည်။

ဖမ်းဆီးမိခဲ့သူ သြဘာဆိုသူမှာ မိုးညှင်းမြို့မရဲစခန်းတွင် မိုးညှင်း အကျဉ်းထောင်တွင် ထောင်ဝင်အမှတ် မကန/၁၂/၀၁၅၇၉/ကဖြင့် ပစ်ဒဏ်ကျခဲ့ပြီး၂၀၁၃ခုနှစ် အောက်တိုဘာ (၂)ရက်နေ့က အကျဉ်းထောင်မှ ထွက်ပြေးခဲ့ကြောင်း စစ်ဆေးချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်မြင့်သူအဖွဲ့နှင့် မြို့မရဲစခန်း နယ်ထိန်းအဖွဲ့တို့ပူးပေါင်း ပြီး ရဲဘက်ပြေးတစ်ဦးရှိနေကြောင်း  သတင်းအရ ဖေဖ၀ါရီ (၄)ရက်နေ့ ညနေ(၁)နာရီခွဲအချိန်က ဟဲလုံ ကျေးရွာ ရွှေချောင်းမြောင်းအနီး၊ လယ်ကွင်းအတွင်းသို့ သွားရောက်ရှာဖွေခဲ့ရာ သြဘာဆိုသူအား စစ်ဆေးခဲ့ရာ မူးယစ်ဆေးများ တွေ့ရှိခဲ့ကြောင်းသိရသည်။

၎င်းဝတ်ဆင်ထားသော အနက်ရောင်အနွေးထည် လက်ရှည်အင်္ကျီအောက်ရှိ ညာဘက်အိတ်ကပ်အတွင်း အ၀ါရောင် အဖုံးပါ အမြင့်(၁)လက်မခွဲခန့် အချင်းလက်မ၀က်ခန့်ရှိ အဖြူရောင်ပလပ်စတစ်ကော်ဗူးဖြင့် ထည့်ထား သော ဘိန်းဖြူအလေးချိန်(၀.၂)ဂရမ်ခန့်(၁)ဗူးနှင့် အနက်ရောင်အဖုံးပါ အမြင့်(၅)လက်မခန့် အချင်းလက်မ၀က်ခန့်ရှိ အညိုရောင်ပလပ် စတစ်ကော်ဗူးဖြင့် ထည့်ထားသော အရှည်(၁)လက်မခွဲခန့်စီရှိ အအေးစုပ်ပိုက်အတွင်း ထည့်ထား သော ဘိန်းဖြူ ဖြူဝါကြား အမှုန့် (၀.၀၀၁)ဂရမ်ခန့်စီပါ ပိုက်ငယ်(၈)ချောင်း   အလေးချိန် (၀.၀၀၈)ဂရမ်ခန့်ပါ (၁)ဗူး  စုစုပေါင်း(၀.၂၀၈)ဂရမ်ခန့်အား ရှာဖွေသိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းဆီးမိခဲ့သော သြဘာအား   ၎င်းရဲဘက်ပြေး အမှုဖြင့် ၎င်းဖမ်းဆီးထားပြီး  အမှု(၂)မှုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း  မိုးညှင်းမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ကသိရ သည်။
EPN(MMAL)

No comments:

Post a Comment