Latest News

Friday, February 23, 2018

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေး ဦးဆောင်ခေါ်လာသူနှစ်ဦးအား အရေးယူ

တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေး ဦးဆောင်ခေါ်လာသူနှစ်ဦးအား အရေးယူ

မန္တလေး ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး   မြင်းခြံ မြို့နယ်အတွင်းရှိ   ကျေးရွာများမှ အမျိုးသား အမျိုးသမီး  ၅ဝ ကျော်ကို တရုတ်နိုင်ငံရှိ  စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရန်  ဦးဆောင်ခေါ်လာ သည့် ရွာသားနှစ်ဦးကို ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းက အုန်းချောကျေးရွာရှိ ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် တားဆီး ကာ အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်ဆွေလင်းဦးစီးအဖွဲ့ဝင်များ၊  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ နှင့် ပူးပေါင်းအဖွဲ့ဝင်များက   မြင်းခြံ မြို့နယ်မှ အမျိုးသား၊ အမျိုးသမီး ၅၂ ဦးအား ကြယ်တံခွန်မှန်လုံယာဉ်လိုင်း စင်းလုံးငှားဖြင့်   မြင်းခြံမှမူဆယ်သို့ ခေါ်လာကြောင်း    သတင်းအရ အုန်းချောကျေးရွာရှိ ၁၆ မိုင်စစ်ဆေး ရေးဂိတ်တွင်စောင့်ဆိုင်း၍  မှန်လုံ ယာဉ်နှင့်အတူ အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး  ရှစ်ဦးတို့ကို  တားဆီး ခေါ်ဆောင်ခဲ့သည်။

၎င်းတို့အား   စစ်ဆေးခဲ့ရာတွင်  တရုတ်နိုင်ငံ ဟွေ့ကျုံးပြည်နယ် တုံကွမ် မြို့ရှိ ပရိဘောဂစက်ရုံတွင် အလုပ် လုပ်ကိုင်နေသော   မြင်းခြံမြို့နယ်  ကူရွာနေ ကိုကျော်စိုးလင်း  အသက် (၃၁)နှစ်နှင့် မကျီးသမျှားကျေးရွာနေ ကိုအောင်လင်း အသက်(၃၈)နှစ်တို့က အဆိုပါစက်ရုံတွင်   တစ်လလျှင်  လုပ်အားခ  ကျပ်ငါးသိန်းရရှိကြောင်း   ပြောကြားကာ   ကိုကျော်စိုးလင်းက  ၂၆  ဦးအား တစ်ဦးလျှင် ခရီးစရိတ် ကျပ် ၅၂ဝဝဝဝ နှင့် ကိုအောင်လင်းက   ၂၆ ဦးထံမှ  တစ်ဦးလျှင်  ငွေကျပ် ၅၅ဝဝဝဝ ငွေကြေးရယူ   ခေါ်ဆောင် လာကြောင်း ပေါ်ပေါက်ခဲ့သည်။

''ခေါ်လာတဲ့သူကလည်း   တရုတ် နိုင်ငံမှာ အလုပ်လုပ်နေတယ်၊ အဲဒီမှာ ဆိုရင်   လစာလည်းကောင်းမယ်၊         လိုက်ချင်ရင်  လိုက်ခဲ့ကြဆိုပြီးတော့ ပတ်ဝန်းကျင်ရွာက လူတွေကို ခေါ်လာ တာ၊ ဝင်ငွေနည်းတဲ့သူတွေ၊ အလုပ် မရှိတဲ့သူတွေက   လိုက်မယ်ဆိုပြီး လိုက်လာကြတာ''ဟု  မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်ဆွေလင်းက ပြောကြား သည်။

''ဒီအမှုကကျတော့ လူကုန်ကူးမှုနဲ့ စွဲလို့မရဘူး၊  အဲဒါကြောင့်  ပြည်ပ အလုပ်အကိုင်  ရှာဖွေရေးဥပဒေနဲ့ အရေးယူရတာပါ၊   အလုပ်လုပ်ဖို့ ခေါ်ခဲ့တဲ့   ၅၂ ဦးကို   အုန်းချောရွာ အုပ်ချုပ်ရေးမှူး အကူအညီနဲ့ အုန်းချော ရွာ ဓမ္မာရုံမှာ စောင့်ရှောက်ပြီးတော့ ပြည်ပသွားပြီးအလုပ်လုပ်ရင် တွေ့ကြုံ နိုင်တဲ့အန္တရာယ်တွေကို ပညာပေးခဲ့ပါ တယ်''ဟု ¤င်းက ဆက်လက်ပြောကြား သည်။

တရားဝင်လိုင်စင်မရှိဘဲ အလုပ်  သမားစုဆောင်းသယ်ဆောင်လာသူကိုကျော်စိုးလင်းနှင့် ကိုအောင်လင်းတို့ အား ဥပဒေအရ အရေးယူရန် လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးမှ  ရဲအုပ်        မြင့်သိန်းက တရားလိုပြုလုပ်တိုင်တန်း ခဲ့ပြီး  ပုသိမ်ကြီးမြို့နယ်  အုန်းချော နယ်မြေရဲစခန်းတွင်  ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က  အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)​ကြေးမှုံ

No comments:

Post a Comment