Latest News

Thursday, February 1, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောက်ဆန်းစုကြည် ဖေဖေါ်ဝါရီ၁ရက်နေ့ နေ့လည်ပိုင်း ဒုတိယအကြိမ် လွှတ်တော် (၂)နှစ်မြောက် နှစ်ပက်လည်နေ့အခမ်းအနား တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြား သည့်မိန့်ခွန်းများကို ပြန်လည်ရေးသားတင်ဆက်သည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောက်ဆန်းစုကြည် ဖေဖေါ်ဝါရီ၁ရက်နေ့ နေ့လည်ပိုင်း ဒုတိယအကြိမ် လွှတ်တော် (၂)နှစ်မြောက် နှစ်ပက်လည်နေ့အခမ်းအနား တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြား သည့်မိန့်ခွန်းများကို ပြန်လည်ရေးသားတင်ဆက်သည်

ရွှေရည်ဝင်း


ကျွန်မတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးသည် ပြည်သူလူထုကိုကိုယ်စား ပြုမကပဲ ဒီမိုကရေစီစနစ်ကိုကိုယ်စားပြုတဟ်ဆိုတာသဘောပေါက်ဖို့လိုပါတယ် ကျွန်မတို့ဟာ စနစ်တစ်ခုနဲ့နိုင်ငံကိုတည်တံ့ခိုင်မြဲအောင် ကျွန်မတို့ပြည်ထောင်စုကြီးကို နောင်လာမည့်မျိုးဆက်တွေအတွက် ခိုင်မြဲအောင် ငြိမ်းချမ်းအောင်လုပ်ရမှာဖြစ်ပါတယ် ကျွန်မထပ်တလဲလဲ ကျွန်မတို့ကိုယ်စားလှယ်တွေကို ကြုံတိုင်းကြံတိုင်းသတိပေးပါတယ် ဖြူစင်တဲ့နိုင်ငံရေးသမားလူတစ်ယောက်ပြောသလိုပေါ့နော် နိုင်ငံရေးလှူပ်ရှားတဲ့သူတွေက နောက်ရွေးကောတ်ပွဲတစ်ခုပဲ စဉ်းစားတယ် နိုင်ငံ့အရေး လှူပ်ရှားသူက နောက်မျိုးဆက်တွေ အတွက် စဉ်းစားတယ် အဲဒီဟာကိုတော့ လွှတ်တော်ကိုယ်စားလှယ် တိုင်း ကိုယ်စားလှယ် တိုင်း အားလုံးဟာ စွဲစွဲမြဲမြဲ နှလုံးသွင်းစေချင်ပါတယ်ကျွန်မတို့ဟာ နောက် ရွေးကောတ်ပွဲ အတွက် စဉ်းစားလားဆိုတော့ စဉ်းစားရမှာပဲ ဒါကတော့ ပါတီနိုင်ငံရေးစနစ်ကိုအခြေခံတဲ့စနစ်မှာပဲ နောက်ရွေးကောတ်ပွဲအတွက်မစဉ်းစားလို့မရဘူး ဒါပေမဲ့အဓိကက နောက် ရွေးကောတ်ပွဲအတွက်မဟုတ်ဘဲနောက်မျိုးဆက်တွေအတွက်ဖြစ်တယ် နောက်ရွေးကောတ်ပွဲဆိုတာဟာ နောက်မျိုးဆက်တွေ အတွက် ပဲ ကိုယ်ရဲ့ကျိုးပမ်းမူ့အတွက် အထောက်အကူတစ်ခုပဲဖြစ်ရမယ် အဲဒီဟာကပန်းတိုင်မဟုတ်ဘူး ပန်းတိုင်က နောက်မျိုးဆက် တွေ နောက်မျိုးဆက်တွေဟာ တည်ငြိမ် အေးချမ်းပြီးတော့ ဖွဲ့ဖြိုးတဲ့နိုင်ငံ တစ်နိုင်ငံမှာ နေသွားဖို့ပဲ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ ဖွဲ့စည်းထားတဲ့ပြည်ထောက်စုဆိုတော့ တည့်တံ့ခိုင်မြဲ သာယာ ဝပြောတဲ့ဒီမိုကရေစီ ပြည်ထောင်စု ကြီးအများကလက်ခံနိုင်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောက်စုကြီးတစ်ခု ထူထောင်သွားနိုင်ဖို့အတွက် အင်မတန်မှ အချက်အချာကျတဲ့ အဆောက်အအုံကြီး တစ်ခုဖြစ်ပါတယ်

ဒါကြောင့်ဒီလို လွှတ်တော်ထဲမှာ ပါဝင်ခွင့် ရတဲ့အတွက်ကို အားလုံးကနေပြီးတော့ ဂုဏ်ယူကြမယ် လေးလေးနက်နက်ထားကြမယ်လို့ ကျွန်မအနေနဲ့မျော်လင့်ပါတယ် ကျွန်မလွှတ်တော်ထဲမှာတုံးကဆိုရင် ကျွန်မတို့ဟာ ဒီလွှတ်တော်ထဲမှာအများကြီးသင်ယူစရာတွေ ရှိပါတယ် ကျွန်မလွှတ်တော်ထဲမှာ ၃နှစ်ကျော်ကြာခဲ့ပါတယ် အဲအချိန်အတွင်းမှာ အများကြီးသင်ယူပိုင်ခွင့်တွေရှိခဲ့တဲ့အတွက် ခုအုပ်ချူပ်ရေးပိုင်းကို ရောက်သွားတဲ့အခါမှာ အထောက်အကူတွေအများကြီးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဟာ တကယ်ပဲ တိုးတက်ဖို့ တကယ်ပဲခိုင်မာဖို့ ဆိုလို့ရှိရင် အရေးကြီးတဲ့ ဥပဒေပြုရေးမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင် နဲ့အုပ်ချူပ်ရေးမဏ္ဍိုင်၃ခုစလုံးက တက်ညီလက်ညီ နဲ့ပြည်သူ့ အကျိုးကို ထမ်းဆောင်ဖို့လိုပါတယ် ဒီထိမ်းညှိဖို့တာဝန်ရှိတယ်ဆိုတာက တချို့က ဒါဟာ ပြိုင်ဆိုင် တယ် တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့သဘောလို့ ထင်ကြတယ် ဒီလိုမဟုတ်ပါဘူး ဒီမဏ္ဍိုင်၃ခုဟာတစ်ခုနဲ့တစ်ခု ထိမ်းညှိထားရမယ်ဆိုတာဟာတကယ်တော့ အပြိုင်အဆိုင်လည်းမဟုတ်ဘူး ရန်ဘက်လည်းမဟုတ်ဘူး အတိုက်အခံအချင်းချင်းလည်းမဟုတ်ဘူး တစ်ယောက်နဲ့တစ်ယောက်မမှားအောင်လို့  ထိမ်းပေးတဲ့သဘောဖြစ်ရမယ် မမှားအောင်ဆိုတာက ဘာမှားလဲဆိုတော့ နိုင်ငံအတွက် အကျိုးမရှိတဲ့ကိစ္စတွေ ပြုပြင်မှာ အကျိုးရှိတဲ့ကိစ္စတွေမပြုပြင်မှာ အဲဒီဟာမဖြစ်အောင်လို့တစ်ယောက်နဲ့တစ်ယောက်ထိမ်းညှိသွားတဲ့သဘောပါပဲ ဒီတော့မိတ်ဆွေသဖွယ် နောက်ဆုံးကြတော့ ရဲဘော်ရဲဘက်များသဖွယ် ဖြစ်ပါတယ် ရဲဘော်ရဲဘက်ဆိုတာမိတ်ဆွေနဲ့တော့မတူဘူး ကွာတယ် မိတ်ဆွေဆိုတာခင်မင်မု့ ကိုယ်ရဲ့ပုဂ္ဂိုလ်ရေးအရခင်မင်မူ့ကိုအခြေခံပါတယ် ရဲဘော်ရဲဘက်ဆိုတာကယုံကြည်မူ့အပေါ်မှာအခြေခံပါတယ် ရဲဘော်ရဲဘက်များဆိုတာကတူညီတဲ့ယုံကြည်မူ့ပဲ ဒါကြောင့်မို့ လို့ ဒီဥပဒေပြုရေးမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုငိ တို့ဟာ ရဲဘော်ရဲဘက်များသဖွယ် ပန်းတိုင်ဖြစ်တဲ့ နိုင်ငံအကျိုးအတွက် ညှိသွားဖို့အင်မတန်မှအရေးကြီး ပါတယ်  ခုဒီပွဲမှာဆိုရင် ဒီမဏ္ဍိုင်၃ခုစလုံးကဧည့်သည်တွေပါဝင်ပါတယ် အဲတော့ကျွန်မတို့အချင်းချင်းပုဂ္ဂိုလ်ရေးအရခင်မင်ဖို့ဆိုတာလဲအရေးကြီးပါတယ် ဒါမှ အထစ်အငေါ့လေးတွေရှိရင် နားလည်မူ့လွဲတာလးတွေရှိရင် တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်မှားတာလေးတွေရှိရင် ဒါတွေကို ကျွန်မတို့ ချောမွေ့အောင်လုပ်နိုင်ဖို့ပါ ခုလွှတ်တော် ထဲမှာရောက်နေတဲ့ ကျွန်မတို့ လွှတ်တော် အားလုံးဟာ တစ်ဦးတစ်ဦးမိတ်ဆွေများသဖွယ် ရဲဘော်ရဲဘက်များသဖွယ် ဆက်ဆံနိုင်ဖို့အင်မတန် အရေးကြီးတယ်လို့ကျွန်မအနေနဲ့ သတိပေးချင်ပါတယ် ဒီလို မိတ်ဆွေ ရဲဘော်ရဲဘက် လုပ်နိုင်မှ နိုင်ငံနှင့်ပြည့်သူအကျိုးကိုထိထိရောက်ရောက် ထမ်းဆောင်နိုင်မှာပါ ကျွန်မတို့ခုအစိုးရသစ် တက်လာတာဆိုရင် ၂နှစ် မပြည့်သေးပါဘူး ၂နှစ်မပြည့်တဲ့ကာလအတွင်းမှာ လွှတ်တော် ကတော့ ၂နှစ် ပြည့်သွားပြီးပေါ့ လွှတ်တော်ဟာ ပထမဦးဆုံး လွှတ်တော် ခေါ်ပြီးမှ အစိုးရပေါ်လာတာပါ အဲဒါကိုကလွှတ်တော်ရဲ့အရေးပါမူ့ကို လွှတ်တော် ကအရောင်ပြန်ဟက်တာပဲဖြစ် ပါတယ် လွှတ်တော်ကနေ ဒီမိုကရေစီအစ လွှတော်က လို့ပြောရင်လည်း မမှားမယ်မထင်ပါဘူး လွှတ်တော်ကနေစပြီးကျွန်မတို့အစိုးရပေါ်လာတာပါ အစိုးရဆိုတာကလည်းလွှတ်တော်အပေါ်အားကိုးရပါတယ် တချို့နိုင်ငံတွေမှာဆိုရင် အစိုးရနဲ့လွှတ်တော်နဲ့အံ့ဝင်ခွင်ကျမဖြစ်တဲ့အခါကျ အလုပ်လုပ်ကတာ ခက်ခဲပါတယ် တချို့ကျတော့လည်း အစိုးရ လွှတ်တော်ထဲမှာကိုက အင်အား ခိုင်မာမူ့ မရှိတဲ့အခါကျ တော့ အစိုးရအနေနဲ့ အလုပ်လုပ်ကတာ ခက်ခဲ နေတာတွေလည်း တွေ့ရပါတယ် ဒါကြောင့် ကျွန်မတို့လွှတ်တော်ကိုခိုင်ခန့်စေချင်တယ် အရည်အချင်းပြည့်ဝစေချင်တယ် အရည်အချင်းပြည့်ဝချင်တယ် ဆိုတာကတော့ အခြေခံအားဖြင့်နိုင်ငံအပေါ်မှာ စေတနာအပြည့်ဝထားစေချင်တယ် လွှတ်တော်ထဲမှာရှိနေတဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းတစ်ဦးဟာ နိုင်ငံပေါ်မှာ တကယ်ပဲစေတနာထားတယ်တကယ်ပဲ နိုင်ငံ့ရဲ့သစ္စာကိုစောင့်စည်းတယ်ဆိုရင် ဒါဟာပထမစိန်ခေါ်မူကိုအောင်မြင် သွားပြီးလို့ ကျွန်မတို့ပြောလို့ရတယ် စေတနာလည်းရှိတယ် သစ္စာလည်းရှိတယ် ဆိုကျွန်မတို့သင်ယူရမယ် သိသင့်သိထိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် သိသင့်သိထိုက်တဲ့ ကိစ္စတွေကို သင်ယူဖို့ နားလည်ဖို့ ကျွမ်းကျင်ဖို့ ကိစ္စတွေဟာ နောက်တဆင့်ပါပဲ စေတနာမရှိဘူး သစ္စာမရှိဘူးဆိုရင်ဒီကျွမ်းကျင်မူ့တွေကအန္တရာယ်ဖြစ်လာနိုင်ပါတယ် ဒါကြောင့်မို့ ကိုယ်ရဲ့အရည်အချင်းတွေ ကိုယ်ရဲ့အင်အားတွေကမှန်မှန်ကန်ကန်နဲ့ အကောင်းအတွက် သုံးဖို့ဟာလွှတ်တော် ကိုယ်စားလှယ်များအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်                  
                    ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment