Latest News

Thursday, February 1, 2018

မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု သံသယရှိသူမိသားစုကို ဖမ်းဆီး

မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု သံသယရှိသူမိသားစုကို ဖမ်းဆီး

ရခိုင်ပြည်နယ် ထွေ/အုပ်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် သေဆုံးမှုမှ မသင်္ကာသူ ဦးကျော်မြင့်(ခ) ကျော်ခိုင်အပါအဝင် မိသားစုဝင် ၄ ဦးအား ဖမ်းဆီးစစ်​​ဆေး​နေ​ကြောင်းပြည်​ထဲဝန်​ကြီးဋ္ဌာနမှ သတင်းထုတ်​ပြန်​ထားသည်​။

 ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့၊ ၁၁၅၅ အချိန် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး စိုးအောင်၊ မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်သန်းဝင်းတို့ ဦးစီးအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး (ပ)၁၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/ ၁၁၄ (ဇန်နဝါရီလ၊ ၃၀ ရက်နေ့၊ ၁၈၀၀ အချိန် ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ  ယိုးငူကျေးရွာနှင့် အောင်ဖြူပင်ကျေးရွာကြား သရက်ချိုကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းမိုင်တိုင် (၁၆၉/၀-၁)ကြား၌ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုမင်းသိုက် (၃၇)နှစ် တွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ဝဲ/ယာ နို့အုံအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲ/ယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံးပြတ်ရှ ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးမှု) အမှုမှ မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း  ဦးကျော်မြင့်(ခ) ခိုင်ကျော်(၄၇)နှစ် ၏ သားကြီးဖြစ်သူ မင်းသန်းဌေး (ခ)မင်းသန်းထိုက် (၂၀)နှစ် တို့အပါအဝင် ၂ ဦးသည် သားငယ်ဖြစ်သူ မင်းချစ်သူ(၁၅)နှစ် ၉ တန်း ကြူစန်းရွာသစ် မင်္ဂလာဒုံမြို့နယ်နေသူထံ လာရောက်မည် ဖြစ်ကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ် (၈)မိုင် မီးပွိုင့်၌ မင်းသန်းဌေး(ခ) မင်းသန်းထိုက်အား 9C/xxxx Hilux Surf ယာဉ်နှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။
 ၀၇၄၅ အချိန်တွင် သံလျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ကွက်သစ်(၃)နယ်မြေ မေတ္တာဂုဏ်ရောင် သီလရှင်ကျောင်းတွင် ဦးကျော်မြင့်(ခ) ခိုင်ကျော် ရောက်ရှိနေကြောင်း သတင်းအရ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းဖေ ဦးစီးပူးပေါင်းအဖွဲ့မှ သွားရောက် ဖမ်းဆီးရာ ဦးကျော်မြင့်(ခ) ခိုင်ကျော်နှင့်ဇနီး ဒေါ်ကြည်ကြည်ဝင်း (၄၇)နှစ် နှင့် ချွေးမ မခိုင်ဇာလှိုင်(၂၀)နှစ် (မင်းသန်းဌေး(ခ) မင်းသန်းထိုက်၏ ဇနီး) တို့အား 5M/xxxx Honda Insight  ယာဉ် ၁ စီး၊ ငွေကျပ် ၇၅၀ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ ပြီး ဦးကျော်မြင့်(ခ) ခိုင်ကျော်၊ မင်းသန်းဌေး(ခ) မင်းသန်းထိုက်၊ ဒေါ်ကြည်ကြည်ဝင်း၊ မခိုင်ဇာလှိုင်တို့ ၄ ဦးအား စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref; Ministry of Home Affairs, Myanmar

No comments:

Post a Comment