Thursday, February 1, 2018
အဝိဇ္ဇာ မဖုံးခင်
မနေ့ညက သတင်းထူးတစ်ခု ကြည့်လိုက်ရပါတယ်။
နိုဗယ်ဆုရှင် ဆေးသိပ္ပံပညာရှင် တစ်ဖွဲ့ကနေပြီး၊
Alzheimer ဆိုတဲ့ ရောဂါကို သွေးထဲမှာ ပျော်ဝင်နေတဲ့၊
ဓါတ်တစ်ခုရဲ့ ပမာဏကို ကြည့်ပြီး၊
ကြိုတင် ခန့်မှန်းနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။
အဲ့သည့်ရောဂါဟာ ဦးဏှောက်က
ပုံမှန်အလုပ် မလုပ်တော့ပဲ၊
မှတ်ဉာဏ် စွမ်းအားကျဆင်းခြင်း၊
စကား ပြီသစွာ မပြောနိုင်ခြင်း၊
စသော ဇရာအကြို ရောဂါလို့
အဘိဓာန်ထဲမှာ ဖတ်ရှူလေ့လာရပါတယ်။
Synonyms
unbalance, derangement, madness, insanity, mental disorder, mental decay, mental deterioration, personality change, softening of the brain
ကိုယ်မကြွမ်းကျင်တဲ့ အပိုင်းမို့ အသေးစိတ်
မပြောတော့ပါဘူး။
အသက်ကြီးလာလို့၊
ဇရာထောင်းလို့ သတိမေ့လျော့၊
သတိလစ်တယ်ဆိုတာ
ကြားဖူခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ လူလတ်ပိုင်းတွေမှာတောင်
ဒီရောဂါဖြစ်တာ တွေ့လာရပါတယ်။
သူတို့ အနောက်တိုင်း ဆေးပညာအရကတော့
အဲ့သလို ရောဂါဖြစ်သူတွေကို၊
မိသားစုက နားလည်သဘောပေါက်၊
စိတ်ရှည်လက်ရှည် စောင့်ရှောက်ပေးဖို့ လိုပါသတဲ့။
ဝေဒနာရှင်တွေရဲ့ မျက်စေ့ထဲမှာ မြင်တွေ့နေတာကို
မဟုတ်ဘူး၊
စိတ်ထင်လို့ပါလို့ ဆိုပြီး အတိုက်အခံလည်း
မလုပ်သင့်ဘူးလို့ သတိပေးပါတယ်။
ရောဂါ သက်သာစေဖို့ရန်.....
ကိုယ်လက်လှုပ်လျှားဖို့၊
ကိုယ်ဝါသနာပါရာကို စူးစူးစိုက်စိုက်နဲ့
ပျော်ပျော်ရွှင်ရွှင် နေတတ်ဖို့ လိုပါတယ်။
ငယ်ရွယ်စဉ်က အဖြစ်အပျက်တွေကိုလည်း၊
ပြန်ပြီး သတိတစ်ယ၊
အထပ်ထပ်အခါခါ စဉ်းစားပြောကြား
ပေးဖို့ လိုသတဲ့။
ပြီးတော့ရုပ်တစ်ရက် ပါတ်ဝန်းကျင်ကို
ပြောင်းလဲတာကလည်း ရောဂါအတွက်
မကောင်းပါဘူးတဲ့။
အဲ့သည့်ရောဂါဟာ ဦးဏှောက်ထဲက၊
တစ်ရှူးဆဲလ်တွေကို ဖယောင်းလို Amyloid βဆိုတဲ့ ပရိုတင်းပစ္စည်းကလေးက ဖုံးလွှမ်းသွားလို့တဲ့.....
အဲ့သလို ဖြစ်တာကို မြန်မြန်ထက်ထက်
သိပြီးကုသဖို့က အရေးကြီးသတဲ့။
ကဲ...
ဒီရောဂါကလေးအကြောင်း ခဏနားလို့၊
ဘုရားသားတော်၊ ဆရာတော်ကြီးများက
တစ်ဆင့်ကြားသိရတဲ့ တရားတော်များကို
ကိုယ်နားလည်သလို ကြည့်ညိုကြည့်ပါရစေ။
ဦးဏှောက်ကို
အဆီဖုံးတယ်ဆိုတာက၊
တစ်ကယ်တော့
ရုပ်ဝထ္ထုကို ရုပ်ဝထ္ထုက ဖုံးလွှမ်းသွားတယ်
ဆိုတာထက် မပိုပါဘူး။
အကယ်၍များ
နာမ်အပေါ် အဝိဇ္ဇာ ဖုံးခဲ့သော်၊
အသိရှိလျှက် သတိမေ့ပေတော့မည်။
ဇရာမထောင်းမီ၊ စိတ်ထောင်းတော့ပေမည်။
ရုပ်ဝထ္ထုကို ရုပ်ဝထ္ထုက ဖုံးလွှမ်းသွားတဲ့အခါ၊
ကုသင့်တယ်၊ လုပ်သင့် တယ်လို့ ပြောကြတဲ့
အနောက်တိုင်း ဆေးပညာရှင်ကြီးတွေရဲ့
ကုထုံးတွေလိုမျိုး....
စိတ်အစဉ်ကို စူးစိုက်လို့၊
စင်္ကြန်လျှောက် ကိုယ်လက်လှုပ်လျှား
ကျမ်းမာရေး လုပ်ရင်းကနေ....
ကိုယ်လုပ်ခဲ့သမျှ အကြောင်းအရာတွေနဲ့
ဖြစ်ပျက် တရားတွေကို၊
မှန်ကန်သောအတွေးအခေါ်ဖြင့်
အဖန်ဖန်၊ဆင်ခြင်သုံးသပ်ခဲ့ရင်....
နာမ်အပေါ်မှာ
ကိလေသာ စွဲလမ်းတတ်မက်ခြင်းနဲ့၊
အဝိဇ္ဇာ အမှောင်များ ကင်းဝေး၊
ဖယ်ရှားပျောက်ကွယ်နိုင်လေမလား။
သို့တည်းမဟုတ်
သူတို့ အနောက်တိုင်း ပညာရှင်များ ပြောသလို၊
ဒီရောဂါဟာ မြန်မြန်သိလို့၊
မြန်မြန်ကုသနိုင်ရင်
ကောင်းတယ်လို့ ဆိုသလို၊
နာမ်အပေါ် ဖုံးလွှမ်းလာမဲ့....
လိုချင်မှူ၊ စိတ်ဆိုးမှူ၊ တွေဝေမှူ
ကိလေသအာရုံ အမှောင်ဖုံးမဲ့
တိမ်လွှာမဲကြီးကို ဖယ်ရှားပြီး၊
ဆင်းရဲခြင်း၊ မတည်မြဲခြင်း၊ ပြောင်းလဲခြင်း
သဘောတရားတွေ သဘောပေါက်လို့၊
တရားသဘောတွေ သိလာတဲ့အခါ၊
အဝိဇ္ဇာ အမှောင်တရားကြီး၊
တွယ်ကပ်လို့ ဖုံးလွှမ်းပါတော့ လေမလားရယ်လို့...
သုခ(သား)
အဝိဇ္ဇာ မဖုံးခင်
Reviewed by timeayeyar
on
2:27 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment