ဆဲဆိုကြိမ်းမောင်းသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်က YBS (၂ဝ) မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီး တစ်ဦးအား ခါးပိုက်နှိုက်စဉ် သိရှိသွား၍ ခါးပိုက်နှိုက်သူများက ဆဲဆိုကြိမ်းမောင်း ပြောဆိုခဲ့မှုအား လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ဖော်ပြပါရှိသည့် ပြစ်မှုကျူးလွန် သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက် က လှိုင်သာယာမြို့နယ်မှ သခင်မြပန်းခြံ အထိပြေးဆွဲသောYBS(၂ဝ) ယာဉ် ပေါ်သို့လိုက်ပါလာသူ အမျိုးသမီးမှာ ခါးပိုက်နှိုက်ခံရကြောင်း၊ ပစ္စည်းဆုံးရှုံး ခြင်းမရှိကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့အား ပြောဆိုအသိပေး ခဲ့သဖြင့် ဓမ္မစေတီလမ်းနှင့် အင်းလျား လမ်းထိပ် မီးပွိုင့်အရောက်တွင် အမျိုး သားနှစ်ဦး ဆင်းသွားပြီး အဆိုပါ အမျိုး သမီးနှင့် ယာဉ်မောင်းတို့အား ဆဲဆို ကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ သဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ သည်။
အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန် သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ YBS(၂ဝ) ယာဉ်လိုင်းပေါ်တွင် တပ်ဆင်ထားသည့် CCTVမှတ်တမ်းအား စစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူများမှာ ယခင်က ခါးပိုက် နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူ သန်လျင် မြို့နယ် လက်ယက်စမ်း ကျေးရွာနေ စိုးလင်းထိုက် (ခ)ဖိုးလုံး၊ ကြည့်မြင်တိုင် မြို့နယ်နေ မြင့်နိုင်(ခ)ကုလား၊ ကျော်လင်း ထက်နှင့် ထွန်းထွန်းတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ ရဲအုပ် ဝင်းမင်းထွန်းနှင့်အဖွဲ့က ဇန်နဝါရီ ၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် YBS(၃၆)ယာဉ်လိုင်းပေါ်သို့ အသွင်ယူ လိုက်ပါလာစဉ် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီး (ဃ)ဈေးမှတ်တိုင် ၌ ခါးပိုက်နှိုက် စိုးလင်းထိုက်(ခ)ဖိုးလုံး (၃၂)နှစ်၊ ကျော်လင်းထက်(၂၁)နှစ် နှင့် ဝင်းကျော်ကျော်(ခ) အူစမန်(၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ စစ်ဆေးပေါ်ပေါက် ချက်အရ အောက်တိုဘာ ၃၁ ရက်က စိုးလင်းထိုက် (ခ)ဖိုးလုံး၊ ကျော်လင်းထက်၊ ထွန်းထွန်း၊ မြင့်နိုင် (ခ)ကုလားနှင့် အတူပါရှိလာသည့် အမျိုးသားသုံးဦး စုစုပေါင်း ခုနစ်ဦးတို့က ကြည့်မြင်တိုင် မြို့နယ် ကျောင်းရှေ့မှတ်တိုင်မှ မြေနီ ကုန်းသို့သွားသည့် YBS(၂ဝ) ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာခဲ့ပြီး ခရီးသည် အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်စဉ် သိရှိသွားသဖြင့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား ပြောကြားခဲ့ခြင်းကြောင့် အင်းလျားလမ်း နှင့် ဓမ္မစေတီလမ်း မီးပွိုင့်အရောက်တွင် ဆင်းခဲ့ပြီး ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်နှိုက်ခံရသူ အမျိုးသမီးတို့အား ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ စိုးလင်းထိုက်(ခ)ဖိုးလုံးနှင့် ကျော်လင်း ထက်တို့အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ကုလား(ခ)မြင့်နိုင်၊ ထွန်းထွန်းနှင့်အမည်မသိ အမျိုးသား သုံးဦးတို့အား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်
No comments:
Post a Comment