ဧရာဝတီတိုင်းက ဖထီးကြီး ရာထူးကနေ နှုတ်ထွက်ခန်းကို ခဏကြည့်လိုက်မိတယ်။
သတင်းသမားက မေးတယ် "ဖထီးကြီးအမျိုးတွေ စီးပွားရေး သောင်းကြမ်းတာ မနိုင်လို့" ဒါ့ကြောင့် ထွက်ရတာလားလို့ မေးတယ်။

ဖအေ အာဏာရရင်၊ အမျိုးထဲက တဦးဦး အာဏာကြီးကြီးရလျှင် သားတွေ သမီးတွေ
လုပ်ပိုင်ခွင့်ရတာ၊ ဆွေတွေမျိုးတွေ လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့်ရတာ၊
နောက်ဆုံး အဲဒီ အိမ်ထဲ ဝင်ထွက်နေတဲ့ သူစိမ်းတောင် လုပ်ပိုင်ခွင့်ရတဲ့
ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ ကာလ နှစ်ပေါင်းက မနည်းကို ဒါ့ကြောင့် သတင်ထောက်
ဒီလိုထင်တာလဲ မမှားဘူးလေ။
ဒါပေမဲ့ ဖထီကတော့ ရပ်မနေဘူး သတင်ထောက်ကို နာမည်တပ်ခေါ်ပြီး အဲဒီကျနော်အမျိုး နာမည်ပေး မှန်ရင် ခုချက်ချင်း ကျနော်ကိုယ်တိုင် ထောင်ထဲထည့်ပစ်မယ်တဲ့။ ကြားကြားမိချင်း ကြက်သီးထသွားတယ်။
လွန်ခဲ့တဲ့ နှစ်များဆီက သတင်းထောက်က ဒီလိုမေးလို့ ဒီလိုဖြေပြီး ဒီလို ထောင်ထဲထည့်ခဲ့ရင် အင်စိန်ထောင်ကြီး သုံးဆ ချဲ့ရမယ်ထင်ပါအဲ့။
ဒါပေမဲ့ ဖထီးလို စကားမျိုးက ခုမှ ကြာဖူးတာပါ။ ကြားခွင့်ရတာပါ။
ဆက်လက် ဒီလိုဘဲ ကြားပါရစေ။
Ashin VisutaFollow
<<>> ကန့်လန့် ခြေထိုး
မယုံကိုးနှင့်
ဒါမျိုးမှ အမှန် <<>>
ဖထီး ရှင်းသွားတာ သိပ်အားရစရာကောင်းတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ 
ရိုးသားမှုတွေကို မြင်ရသလို အသက်အရွယ်အရ ထမ်းဆောင်ရတဲ့တာဝန်တွေ မကျေပွန်မှာကြောက်လို့ သာ ရာထူးအတွက် နှုတ်ထွက်စာ တင်ရပေမဲ့ဆင့်ကဲဖြစ်စဉ်အရ အရင်အစိုးရ လုပ်ဆောင်မှုတွေကို ကြံ့ကြံ့ခံဖြေရှင်းပြီး
နောက်တက်လာမဲ့ ဝန်ကြီးအတွက်
ဒီလို ဒီလိုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အနှုတ်သဘော လုံးဝမဆောင်စေပဲ ကောင်းကောင်း လျှောက်လှမ်းနိုင်အောင် အရင်ကထက်စာရင် အဆင်ပြေပြေ စီမံနိုင်အောင် လုပ်ဆောင်ထားခဲ့ တယ် ။ လျှပ်စစ်ကဏ္ဍအရ ဖွံဖြိုးတိုးတက်မှု နှေးကွေးနေရပေမဲ့ ဖြစ်လာခဲ့ ရင် အတော်တိုးတက်လာမယ်။

အင်းလေလံကဏ္ဍ
လယ်ယာ မြေသိမ်းကဏ္ဍတွေ အပြင် အဂတိလိုက်စားမှုတွေကိုပြည်သူ ပါဝင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေအထိ ဒီဆန်ထရယ်လိုက်ဇေးရှင်း အဖြစ် သွားနေပုံတွေ နဲ့ 
နောက်ဆုံး irrawaddy မှာ မိသားစုဆွေမျိုးတွေ လုပ်ငန်းမထိန်းသိမ်းနိုင်လို့ ဆိုတဲ့ မရေမရာ စွတ်စွဲတဲ့ 
သတင်းကို ဒဲ့ ဖြေရှင်းသွားတယ်။
"အခုပြောပါတဲ့ ငါ့ မိသားစုတွေထဲ က ဘယ်သူ လဲ ။ ဘယ်သူ ဒါမျိုးလုပ်သလဲ ။ အခု ဖမ်းပြီး ထောင်ချပြစ်မယ် ဆိုတာမျိုးတွေ"
အထိ ဖိတ်ခေါ်သွားတယ်။
ပါတီမှာ CEC အဖြစ်ဆက်ရှိနေမှာ ဖြစ်သလိုလွှတ်တော်မှာလဲ ကန်ဒီဒိတ်အဖြစ်
ဆက်ရှိနေမယ်။ ကိုယ်မြို့ကိုယ်ရပ်ရွာ အကျိုးကိုလဲ ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်သလို စိတ်သွားတိုင်းကိုယ်မပါ
နိုင်တော့လို့သာ မိမိတာဝန်တွေ မကျေပွန်မှာစိုးလို့  နှုတ်ထွက်စာတင်ရခြင်း ဖြစ်တယ်။
နောက်တခုက ပြည်သူလူထုရဲ့  လိုအပ်ချက်တွေ
လိုချင်မှုတွေကများလွန်းနေပြီး လုပ်ဆောင်စီမံရတာတွေက အခက်အခဲတွေအများကြီးနဲ့  လုပ်ဆောင်ရတဲ့အခါ
ပျော့ပြောင်းလွန်းတယ်။
လပျော့ကြီးလို့ တောင်အပြောခံရတယ်။ ပြောကျပါစေ။တကယ်တော့ ပျော့ပြောင်းတယ်ဆိုတာကလဲ ၂မျိုးရှိပါတယ်တဲ့ ။
ပြည်သူလူထုထဲစည်းရုံးရေး ဆင်းတဲ့အခါခြေသုတ်ပုဆိုးလို မဲတောင်းခံပြီးဝန်ကြီးဖြစ်တဲ့အခါ့ ငါဝန်ကြီးကွဆိုပြီး နရသိန်ခေတ်ကာလ က လို
သွားလို့မရဖူး။ပြည်သူလူထုကနေ ပူးပေါင်းပါဝင်ပြီးတိုင်ကြဖို့လဲ ခဏ ခဏ ပြောခဲ့သလို တိုင်စာပေါင်း ၃၀၀ ကျော်မှာ ၁၂၀ ကျော်ကအဆင်သင့် ဖြစ်နေပြီ ၁၈၀ ကျော်က ဆက်လက်ဆောင်ရွက်နေတယ် ။ ဆန်ထရယ်လိုက်ဇေးရှင်းကနေ ဒီဆန်ထရယ်လိုက်ဇေးရှင်းကို သွားတဲ့ အခါမှာ ငါတို့ က မဲပေးတဲ့ ပြည်သူ လူထုကို
ပျော့ ပျော့ပြောင်းပြောင်းနဲ့ အားလုံးပါဝင်လာအောင် လုပ်ဆောင်တဲ့ နေရာမှာ
နဲနဲတော့ ကြန့်ကြာပြီး
အခက်အခဲ မျိုးစုံရှိနေတော့  စီမံဆောင်ရွက်မှုမှာလဲ ပြည်သူလူထုက
ပျော့ပြောင်းတယ်လို့ ထင်မြင်ကျတာ ပါ ဆိုတာမျိုး ရှင်းလင်းသွားခဲ့တယ်။
အသက်အရွယ်ကတော့  ၇၇ နှစ်ထဲ ရောက်နေပေမဲ့ အတော်လေးတော့ စိတ်ဆောင်ပြီး မာမာကျောကျော ပုံသဏ္ဍန်ရှိပေမဲ့ ပြည်သူ လူထုအပေါ်တော့  တိုင်းဒေသကြီး ၀န်ကြီးချုပ်
တစ်ယောက်အနေနဲ့  တာဝန်ထမ်းဆောင်ရတဲ့ အခါ စိတ်သဘောထားပြည့် ပြီး
ပျော့ပျော့ ပြောင်းပြောင်းနဲ့ ဗွင်းဗွင်း ကြီး ဆက်ဆံတတ်တဲ့ ဝန်ကြီး တစ်ယောက်အဖြစ်နဲ့ 
၂၃ - လ တာ ကာလအတွင်း ရောဝတီ တိုင်းဒေသကြီး ရဲ့ အရေးအရာတွေ ကို ဘောင်ထဲကနေ လုပ်ဆောင် စီမံ တာဝန်ကျေခဲ့ အပြီးမှာ
ဖထီး မန်းဂျော်နီတစ်ယောက် ရာထူးကနေ နှုတ်ထွက်စာ
တင်ခဲ့ ပြီး မိမိထက် ပို၍ ရောဝတီ တိုင်းဒေသကြီး အကျိုးစီးပွားကို ဖွံဖြိုးတိုးတက်အောင်
လုပ်ဆောင် နိုင်ဖို့ အတွက် နေရာဖယ်ပေးခဲ့ပါပြီ။
ဖထီး ကျန်းမာ စိတ်ချမ်းသာစွာ တိုင်းပြည် အကျိုးကို ကျရာနေရာက စွမ်းနိုင်သလောက် ဆက်လက်
ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာပြုပါတယ် ။
Crd ### Min Latt Naung
မြန်မာ့နိုင်ငံရဲ့ နှစ် ၅၀ ကျော် အုပ်ချုပ်သူ သမိုင်းမှာ
ပထမဆုံး ကြားရဖူးတဲ့ ဖထီးရဲ့ သမိုင်းဝင် ဖြေကြားချက်
နှစ်ခု ...
၁။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတာ သူတို့အတွက် အလုပ်လုပ်ဖို့
ငါ သူတို့အတွက် တာဝန်ကျေအောင်
မလုပ်နိုင်ရင် ဒီတာဝန်ကို ဆက်ယူဖို့မသင့်ဘူး၊ ဒါကြောင့်နူတ်ထွက်ဖို့ ငါကိုယ်တိုင် တောင်းဆိုခဲ့တာပဲ
ခု ကျလာပြီ ငါ သိပ်ဝမ်းသာတယ် ...

၂။ ဆွေမျိုးတွေထဲမှာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး
စီးပွားရေးလုပ်နေတာ ရှိရင် နာမည်တပ်ပြီး ပြောပါ
ငါ ခုချက်ခြင်း ဖမ်းပြီး အချုပ်ထဲထည့်မယ် ..
လေးစားမိသလို ဂုဏ်လဲ ယူမိပါတယ် ဖထီးရယ်
NLD ပါတီရဲ့ ငယ်မွေးခြံပေါက် ဖထီး ကျန်းမာစွာနဲ့
တိုင်းပြည်တာဝန်တွေ ဆက်လက် ထမ်းဆောင်နိုင်ပါစေ ...
ZN.H

ဒီနေ့ ပြည်သူ့ အရေးတော်ပုံ တော်လှန်ရေး
သစ္စာဖေါက် နဲ့....။
သစ္စာဖေါက် နဲ့....။
သစ္စာရှိ တော်လှန်ရေး သမားတို့
ဧရာတိုင်း ၀န်ကြီးချုပ် ရုံးခန်းမှာ ဆုံခဲ့တယ်။

တစ်ယောက်ကပြောတယ်
ငါတို့က NLD ငယ်မွေးခြံပေါက်ပါတဲ့..
ငါတို့က NLD ငယ်မွေးခြံပေါက်ပါတဲ့..
တစ်ယောက်ကပြောတယ်
ငါတို့ ခု အတူတူဖြစ်သွားပြီတဲ့ ။(မင်းမှာလည်း ရာထူးမရှိ
ငါ့မှာလည်း ရာထူးမရှိ ဆိုလိုဟန်)

တကယ် ယှဉ်ကြည့် တော့ နံ့သာဆီ နဲ့အီး
မောင်ကာလု...။
Aye Min Tun
Aye Min Tun
ကျုပ်တို့ ဆရာကြီး ဝကခ တာဝန်မှ နှုတ်ထွတ်တာကို့ ဝမ်းသာနေသူတွေ ဝမ်းနည်းသယောင်ကြိတ်ဝမ်းသာနေသူတေ ဟိုလိုလိုဒီလိုလိုသမားတွေ ဘယ်သူဘာဖြစ်ဖြစ် ဦးရင်ထူးရင်ပြီးရောဆိုသူတွေ အားလုံးသိထားဖို့က ရွေးကောက်ပွဲဝင်ခါနီးမှ ပါတီထဲဝင်တာမဟုတ်သလို အရင်ထဲကခံစားခွင့်အများကြီးနဲ ဆရာကြီးယောင်ယောင်ဘာယောင်ယောင်နဲ့အခွင့်ထူးခံစား
ကျောကျောမော့မော့နေပြီး
အချိန်တန်မှဆရာကြီးလိုလိုဘာလိုလိုနဲ့နေလာတဲ့လူမျိုးမဟုတ်ဘူး
ပိတ်ဆို့မှုတွေ တားဆီးမှုတွေ ဖိနှိမ့်မှုတွေ ဒါဏ်ခတ်မှုတွေကြားက ဒီမိုကရေစီ စနစ်အတွက် ယုံကြည်စွာ လက်တွဲလာတာ
ခုမှ ရေပေါ်ဆီထလုပ်တာမဟုတ်သလို အရင်ထည်းကစားရသောက်ရလို့မှိန်းလုပ်နေတဲ့သူ မဟုတ်ဘူးဆိုတာသိထားကြပေါ့
ကျုံပျော်မှာသေချာလာစုံစမ်း ဦးဂျော်နီဆိုတာဘယ်လိုလဲ
ကလေးတွေကအစသိတယ်
အခွင့်ရေးသမားတွေ သတိတော့ထား အကြောင်းသိတဲ့သူတွေက အရင်ကထက်ပိုမုန်းနေကြတယ်
😠
😠
😠
😠
လုပ်နှိုင်ရင်လုပ်မယ် မလုပ်နှိုင်ရင်ထွက်မယ် ခြေလွက်လက်လွတ် လူပိန်ူကြိုက်ခါတခုမှမလုပ်ခဲ့ဘူး....

နည်းစနစ်မှန်စွာ ရှက်တက်ပါ
ဒို့ဆရာကြီး ဝန်ချုပ်ဖြစ်လို့
ဒို့လမ်း
ဒို့ရပ်ကွက်
ဒို့မြို့နယ်
ကွင်းပြီး ဖွံ့ဖြိုးရမယ်လို့ မမျှော်လင့်ဘူး
သူကတိုင်းဝန်ချုပ်
ကိုယ့်မြို့ရွာတိုးတက်ဖို့က
တိုင်းကိုယ်စားလှယ်
ပြည် လွှတ် ကိုယ်စလှယ်တွေလုပ်လိမ်မယ်
ကိုယ့်နေရာကို ပီပြင်အောင်နေခဲ့လို့ ကျေနပ်တယ်
မိမိထက်စွမ်းဆောင်နှိုင်သူရှိရင် နေရာဖယ်ပေးမယ် အစောကြီးထဲက ပြောထားပြီးသား
ဒီမိုကရေစီတိုက်ပွဲဝင်နေတာ
ဒီနေရာကိုမက်ပြီး ဖက်တွယ်မနေဘူး
မြို့အတွက် ဂုဏ်ငယ်စရာမလိုသလို
ဘာမှလွမ်းဆွေးနေစရာမလိုဘူး
သူတာဝန်ထမ်းဆောင်ချိန်မှာ
ဘာတခုမှမဟုတ်တာ မလုပ်ခဲ့သလို
တပြားတချက်မှအလွဲသုံးစားမလုပ်ခဲ့ဘူး
အလုံးအထည်ကြီမြင်နေရပြီး ဘာမှသုံးလို့မရတာတွေ စီမံသွားတာကမှ ရှက်ဖို့ ကောင်းတာ
👻

No comments:
Post a Comment