Latest News

Friday, January 12, 2018

YBS ယာဉ်လိုင်းကိုးလိုင်းတွင် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်အသစ် ၅ဝဝ ဖြင့် ထပ်မံတိုးချဲ့ ပြေးဆွဲရန်စီစဉ်

YBS ယာဉ်လိုင်းကိုးလိုင်းတွင် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်အသစ် ၅ဝဝ ဖြင့် ထပ်မံတိုးချဲ့ ပြေးဆွဲရန်စီစဉ်

YBS ယာဉ်လိုင်းကိုးလိုင်းတွင်  တရုတ်နိုင်ငံထုတ်   ခရီးသည်တင် မော်တော်ယာဉ် အသစ် အစီးရေ ၅ဝဝ ဖြင့် ထပ်မံတိုးချဲ့ပြေး ဆွဲရန်စီစဉ်နေကြောင်း    လူထုမိတ်ဆွေ ကုမ္ပဏီမှ သိရသည်။ အဆိုပါ YBS ယာဉ်လိုင်းများအတွင်း  ခရီးသည်တင် မော်တော်ယာဉ်အသစ်များဖြင့် တိုးချဲ့ပြေးဆွဲနိုင်ရန် Power Eleven ကုမ္ပဏီနှင့် Aung Myin Thu Group တို့ ပူးပေါင်း၍   လူထုမိတ်ဆွေ ကုမ္ပဏီအဖြစ် တည်ထောင်ကာ   တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံထုတ်   မော်တော်ယာဉ် အစီးရေ ၅ဝဝ ဖြင့်  ယာဉ်လိုင်းကိုးလိုင်းတွင် တိုးချဲ့ပြေးဆွဲနိုင်ရန် ၂ဝ၁၇ ခုနှစ်   ဒီဇင်ဘာ လဆန်းပိုင်း ကတည်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ လျှောက်ထားပြီး ခွင့်ပြုပေးခဲ့သဖြင့် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်များအတွက် ယာဉ်မောင်းများ ခန့်အပ်ထားပြီး   ရန်ကုန်တိုင်းဒေသကြီး   သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏  ယာဉ်လိုင်းနံပါတ်များ ချထားပေးရန်သာ ကျန်ရှိကြောင်း၊    လက်ရှိတွင်  ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန်    တခြားယာဉ်လိုင်းများကလည်း ယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲပေးနေကြောင်း သိရသည်။

YBS  စနစ်အတွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲမှုသည် တစ်နှစ်ပြည့်လုနီးပါး ရှိလာပြီး  ယာဉ်လိုင်းအတွင်း လိုင်းပေါင်း ၉၂ လိုင်းကျော်ရှိကာ ခရီးသည်တင်ယာဉ် အစီးရေပေါင်း ၄ဝဝဝ ကျော်ဖြင့် ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။(MWD)

No comments:

Post a Comment