Latest News

Friday, January 12, 2018

တရုတ်နှစ်သစ်ကူးပွဲတော် နီးသော်လည်း ကျောက်စိမ်းဈေးကွက် အရောင်းအဝယ်မဖြစ်

တရုတ်နှစ်သစ်ကူးပွဲတော် နီးသော်လည်း ကျောက်စိမ်းဈေးကွက် အရောင်းအဝယ်မဖြစ်

မန္တလေး မဟာအောင်မြေကျောက်ဝိုင်း၌ ကျောက်စိမ်း အရောင်းအဝယ်များ ဆက်တိုက် ကျဆင်းနေပြီး  တရုတ်နှစ်သစ်ကူးပွဲတော်ကာလ နီးကပ်နေသော်လည်း အရောင်း အဝယ်မဖြစ်ကြောင်း ကျောက်စိမ်းဝယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။ ''အရင်က တရုတ်နှစ်သစ်ကူးပွဲတော် နီးရင် ကျောက်စိမ်း အရောင်းအဝယ်ကောင်းတယ်။

ပြီးခဲ့တဲ့နှစ်ကတော့   နည်းနည်းပဲ အလုပ်ဖြစ်တယ်။ ဒီနှစ်မှာတော့  အခုချိန်ထိ ဝယ်လက်မလာဘူး။ အရောင်းတွေကျနေတာလည်း ကြာပြီဆိုတော့ ဈေးကွက်က အပျက် ဘက်ကို ရောက်နေပါတယ်'' ဟု မဟာအောင်မြေကျောက်ဝိုင်းမှ    ကျောက်ကုန်သည် ဦးမြင့်သိန်း ကပြောသည်။

လက်ရှိတွင်  ကျောက်စိမ်း အဝယ်ဆက်တိုက် ကျဆင်းနေပြီး အမြင့်လိုင်းဈေးကွက်ထက် ငွေကျပ်သိန်း  ဆယ်ဂဏန်း ကျောက်များသာ ကြိုက်ရောင်း၊ ကြိုက်ဝယ် ရောင်းနေကြကြောင်း၊   ယင်းကဲ့သို့ဖြစ်ရခြင်းမှာ တရုတ်ဝယ်လက်များ အနေဖြင့်  တစ်သီးပုဂ္ဂလ ကုမ္ပဏီများ၏ ကျောက်စိမ်းပြပွဲများသို့ သွားရောက်ဝယ်ယူမှုများ  ရှိလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

 ''သီးခြား ကုမ္ပဏီတွေက ပြပွဲတွေ လုပ်နေတော့ တရုတ်ဝယ်လက်တွေက ကျောက် ဝိုင်းမှာ ဝယ်တာထက် ပြပွဲမှာဝယ်ဖို့ အားစိုက်လာတယ်။

ကျောက်ဝိုင်းမှာတော့ ကျောက်အရိုင်းတုံး ဖြတ်သား၊ ဘော်ဒီလို့ ခေါ်တဲ့ အကာသားကနေ ကျောက်စိမ်းလက်ကောက်တွေနဲ့  လုံးချောလိုင်း အရည်မြင့်ကျောက်တွေအထိ ရောင်းဝယ်နေကြပါတယ်။

အဲဒါကလည်း အမြတ်အစွန်းနည်း နည်းနဲ့ ထုတ်ရောင်းတဲ့သူတွေပဲ အလုပ်ဖြစ်တာပါ'' ဟု ကျောက်ကုန်သည် ဦးမြစိုးကပြောသည်။(MWD)

No comments:

Post a Comment