Latest News

Friday, January 12, 2018

မန်းရွှေစက်တော် ဘုရားပွဲ တည်းခိုဆောင် တင်ဒါချထားမှု ကြမ်းခင်း ဈေးထက် ငွေကျပ်သိန်း ၁၅ဝဝ ကျော် ပိုရရှိ

မန်းရွှေစက်တော် ဘုရားပွဲ တည်းခိုဆောင် တင်ဒါချထားမှု ကြမ်းခင်း
ဈေးထက် ငွေကျပ်သိန်း ၁၅ဝဝ ကျော် ပိုရရှိ

၂ဝ၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲ တည်းခိုဆောင် ၈၄ ဆောင် တင်ဒါချထားမှု ကြမ်းခင်းဈေးထက်   ငွေကျပ်သိန်း ၁၅ဝဝ ကျော် ပိုရရှိခဲ့ကြောင်း မန်းရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။ ''တည်းခိုဆောင် ၈၄ ဆောင်ကို ငွေကျပ်သိန်း ၃၇၄ဝ နဲ့ ကြမ်းခင်းဈေး သတ်မှတ်ခဲ့ပြီး တင်ဒါရရှိမှုက ငွေကျပ်သိန်း ၅၂ဝဝ ကျော် ရရှိခဲ့တာကြောင့် ကြမ်းခင်းဈေးထက် ငွေကျပ် သိန်း ၁၅ဝဝ ကျော်ပိုရရှိခဲ့ပါတယ်။

တည်းခိုဆောင်တွေ အနေနဲ့    ဂေါပကအဖွဲ့က ကြီးကြပ်သွားမယ့် အဆောင်သုံးဆောင် နမ္မဒါ(၁၊ ၂)က အဆောင်တွေနဲ့ ငွေသောင်ယံက တည်းခိုဆောင်တွေလည်း ရှိသေးတယ်'' ဟု မန်းရွှေစက်တော်ဘုရား    ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။ တင်ဒါဖွင့်ပွဲတွင် တည်းခိုဆောင် ၁၁၃ ဆောင်မှ ၈၄ ဆောင်ကို တင်ဒါလျှောက်ထားသူ ၂၄၅ ဦးက တင်ဒါဈေးပြိုင်စနစ်ဖြင့် အဆိုပြုလွှာများ တင်ခဲ့ကြသည်။

မန်းရွှေစက်တော်ဘုရားပွဲတော် တည်းခိုဆောင် လုပ်ငန်းများအား မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တင်ဒါဖွင့်ပွဲကျင်းပရာ တင်ဒါဖွင့်ပွဲသို့ မန်းရွှေစက်တော် နာယကအဖွဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်နှင့် ဂေါပကအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment