Latest News

Tuesday, January 16, 2018

YBS, Water Bus, School Busများနှင့် ၂ဝ၁၇ တစ်နှစ်တာ ရန်ကုန်

YBS, Water Bus, School Busများနှင့်  ၂ဝ၁၇ တစ်နှစ်တာ ရန်ကုန်


ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နှစ်စမှစတင်၍ ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင် ပြောင်းလဲခဲ့သည်မှာ ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။
ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြို့
နေလူထု ထက်ဝက်ကျော်ခန့် မှီခိုအားထားအသုံးပြုနေ
ရသည့်ဘတ်စ်ကားလိုင်းများ ပြုပြင်ပြောင်းလဲခြင်း
ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်ပြောင်း
လဲဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ-ထ-သ) မှသည့် Yangon
Bus Services YBSအဖြစ် စတင်ပြောင်းလဲလိုက်သည်မှာ ၂ဝ၁၇ ဇန်နဝါရီ ၁၆ ရက်က ဖြစ်သည်။

မ-ထ-သ မှသည် YBSနှင့် ရန်ကုန်မြို့တော်

ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြောင်းလဲလိုက်သော မြို့ပြဘတ်စ်ကားပို့ဆောင်ရေးစနစ်YBSတွင် စစချင်း
ယာဉ်လိုင်း ၆ဝ ခန့်ဖြင့် စတင်ခဲ့ပြီး ယာဉ်လိုင်းကုမ္ပဏီ ရှစ်ခုခန့်ကို ခွင့်ပြုခဲ့သည်ဟု ရန်ကုန်မြို့တော် သယ်ယူ
ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ မှတ်တမ်းများအရ သိရ
သည်။ ယခင်က ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ရှိခဲ့ရာမှ လမ်းကြောင်းများ ပြန်လည်ရေးဆွဲကာ လမ်းကြောင်း သစ်ဖြင့် စတင်ပြေးဆွဲခဲ့ရာ စနစ်သစ်ပြောင်းလဲသည့် ပထမရက်သတ္တပတ်အတွင်း အများပြည်သူ ခရီးသွား
များအား ကူညီရန် သက်ဆိုင်ရာတာဝန်ရှိသူများ အပြင်
စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ဆောင်ရွက်မှုများရှိ
ခဲ့သည်။ ယင်းအပြင် လိုင်းများရှိ ယာဉ်အင်အားများ အပြင် ပြင်ပတစ်ဦးတစ်ယောက်ချင်း၊ ကုမ္ပဏီ၊ အဖွဲ့
အစည်းများက စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်
ဆောင်ရွက်ခဲ့ကာ ယာဉ်အင်အားများကိုလည်း ဖြည့်
ဆည်းဆောင်ရွက်ပေးခဲ့ရသည်။ စတင်ပြောင်းလဲကာ စတွင် အခက်အခဲများစွာ ကြုံတွေ့ရခြင်း၊ ယာဉ်ရှား ပါးခြင်း၊ ခရီးစဉ်လမ်းကြောင်း မသိရှိခြင်း၊ ယာဉ်နှစ်ဆင့်
သုံးဆင့်ပြောင်းစီးခြင်းများစွာ ကြုံတွေ့ခဲ့ရသည်။

ယင်းအခက်အခဲများသည် သုံးလကျော်လွန်လာ သည်အထိအဆင်မပြေမှုများ၊ အခက်အခဲများ ကြုံ
တွေ့နေရဆဲပင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူ
ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အနေဖြင့်
လည်း ယာဉ်လိုင်းများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်း ဆောင်
ရွက်နေရဆဲ အနေအထားပင် ရှိခဲ့သည်။ စနစ်တစ်ခု
စတင်ပြောင်းလဲမှုတွင် အချိန်ကာလ သုံးလတာသည်
တိုတောင်းသော ကာလတစ်ခုသာ ဖြစ်သော်လည်း
အချိန်တိုအတွင်း လိုက်ပါပြောင်းလဲကာ ပူးပေါင်းဆောင်
ရွက်မှု အားနည်းချက်များ ရှိနေခြင်းဖြစ်ကြောင်း ကျွမ်း
ကျင်သူများက ဝေဖန်ခဲ့ကြသည်။

YBSစနစ် စတင်ပြောင်းလဲခြင်း တစ်လပြည့်မြောက်ခဲ့
သည့်နေ့တွင် YBS စနစ်ပြောင်းလဲခြင်း၏ ဒုတိယ
မြောက် ခြေလှမ်းအဖြစ် သုံးလတာကာလအလွန်တွင်
လက်ရှိစနစ်မှ နောက်ထပ် အဆင့်တစ်ဆင့်သို့ အဆင့်
မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာ များနှင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ တရားဝင် ထုတ်
ဖော် ပြောကြားခဲ့သည်။ ယင်းမှာYBS သုံးလအလွန် ကာလဖြစ်သည့် ဧပြီလကုန်ပိုင်းခန့်ကို ရည်ညွှန်းပြော ကြားခဲ့ခြင်းဖြစ်ပြီးYBSအတွက် တရုတ်နိုင်ငံမှ ဘတ်စ်ကားသစ် အစီး ၁ဝဝဝ ဝယ်ယူခဲ့ရာ၂ဝ၁၇  ဇွန်လ
ဆန်းမှသာ ကားသစ်များ လက်ခံရရှိခဲ့သည်။ ကားသစ်
များ လက်ခံရရှိခဲ့သည့် အချိန်မှစတင်၍ ကားဟောင်း
များ အပ်နှံလက်ခံခြင်းကို ဆောင်ရွက်ခဲ့ပြီး ကားသစ်များ
ဖြင့် အစားထိုးပြေးဆွဲခဲ့သည်။ ယာဉ်လိုင်းတော်တော်များ များတွင် ကားသစ်များ အစားထိုးပြေးဆွဲနိုင်ပြီဖြစ်သော်
လည်း ကားဟောင်းများ ကျန်ရှိနေဆဲဖြစ်ပြီး ယာဉ်
လိုအပ်ချက်များစွာလည်း လက်ရှိအချိန်အထိ ရှိနေဆဲ
ပင်ဖြစ်သည်။


တစ်နှစ်ပြည့်YBSနှင့် လိုအပ်ချက်များ

YBSစနစ် စတင်သည်မှာ တစ်နှစ်ပြည့်မြောက်ပြီဖြစ်
သည့်အချိန်တွင် ယာဉ်လိုင်းပေါင်း ၉ဝ ကျော် ၁ဝဝ ခန့်
ရှိလာပြီဖြစ်သည်။  ခရီးသည်များ၏  လိုအပ်ချက်၊
ယာဉ်အစီးရေထပ်မံရရှိသည့်အပေါ် ထပ်မံတိုးချဲ့
ပြေးဆွဲမည်ဖြစ်ရာ ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော် ရှိလာနိုင်
မည်ဖြစ်သည်။ ယာဉ်လိုင်း ပေါင်း ၁ဝဝ ကျော်၊ ယာဉ်
အစီးရေ ၄ဝဝဝ ဝန်းကျင်ခန့်သည် ယခင် မ-ထ-သ
လက်ထက် ယာဉ်အစီးရေ ပမာဏနှင့် ကွာခြားမှုမရှိ သော်လည်း ယာဉ်လိုင်း ၃ဝဝ ကျော်မှ ၁ဝဝ ခန့်အထိ ချုံ့
လိုက်ရာတွင် အချို့နေရာများသည် နှစ်ဆင့် သုံးဆင့်
စီးနင်းနေရသလို၊ အချို့လိုင်းများတွင် ယာဉ်အစီးရေ မလုံလောက်မှုကြောင့် ပြည့်သိပ်ကျပ်တောက်စွာ စီးနင်း
နေရစဲပင်ဖြစ်သည်။ ပိုဆိုးသည်မှာ ယခင်က ညနေ ၆ နာရီနောက်ပိုင်းနှင့် ညကြီးပိုင်းအချိန်များတွင်သာ အောက်ဆိုဒ်ကား၊ ကြားကားများကို တွေ့ရသော်လည်း
ယနေ့YBSတစ်နှစ်ပြည့်မြောက်ချိန်တွင် ကြားကား
များကို မနက် မိုးလင်းကတည်းက ခရီးသွားပြည်သူများ အားထားစီးနင်းနေရသည်ကို တွေ့ရသည်။ ယင်း
အပြင် ညနေ အိမ်ပြန်ချိန်များတွင်လည်း အောက်ဆိုဒ်
ကား၊ ကြားကားများကို အားကိုးနေရပြီး ခရီးသည်တင်
ယာဉ်များပြေးဆွဲမှု မရှိသလောက် လျော့နည်းသွား ခြင်းကြောင့် ဖြစ်သည်။ ယင်းအပြင်YBS၏ ဝန်ဆောင်မှု
လုပ်ငန်းများတွင် ယာဉ်နောက်လိုက် မထားရှိတော့ သော်လည်း အချို့ယာဉ်လိုင်းများတွင် ယာဉ်အကူကို ထားရှိ နေရဆဲဖြစ်သည်။ အဆိုပါ ယာဉ်အကူတို့သည်
တစ်ခါတစ်ရံတွင် ငွေထည့်ပုံးထဲသို့ ငွေမထည့်စေဘဲ
ငွေကောက်ခံနေသည်များလည်း ရှိနေသည်။ ယာဉ်
မောင်းများ၏ စည်းကမ်းလိုက်နာမှုများ အားနည်း နေဆဲဖြစ်ပြီး ပြိုင်မောင်း၊ လုမောင်းခြင်း၊ လမ်းလယ်
တွင် ရပ်တန့် ခရီးသည် တင်-ချခြင်း၊ ကျော်တက်ခြင်း
များကိုလည်း တွေ့ရှိနေရပြီး စည်းကမ်းထိန်းသိမ်းမှုပိုင်း တွင် အားနည်းလျက်ရှိသည်ဟု ခရီးသွားပြည်သူများက ဆိုကြသည်။ အလားတူ ဘတ်စ်ကားနှင့် ရထားဘူတာ များ ချိတ်ဆက်ပြေးဆွဲပေးမှု၊ ဘတ်စ်ကားနှင့်Water Bus ချိတ်ဆက်ပြေးဆွဲပေးနိုင်မှုများလည်း အကောင်
အထည် မပေါ်သေးပါ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး
ချုပ်က YBSစနစ်သည် တစ်နှစ်တာကာလပြည့်မြောက် ချိန်တွင် ပြီးပြည့်စုံသော စနစ်တစ်ခု ဖြစ်လာမည်ဟု ပြောကြားထားမှုများ ရှိခဲ့သည်။

YBSနှင့် ပြုပြင်ပြောင်းလဲမှုများ

YBSယာဉ်လိုင်းများတွင်  ယာဉ်နောက်လိုက်မှ
ယာဉ်စီးခ ကောက်ခံမှုအစား ကိုယ်တိုင် ငွေထည့်ပုံး
တွင် ထည့်သွင်းစီးနင်းရသည့်စနစ်ကို  အကောင်
အထည်ဖော်ခဲ့သော်လည်း ယာဉ်စီးခ အတိအကျမရ
ရှိခြင်း၊ ငွေစက္ကူအစုတ်အပြဲများ ထည့်သွင်းသွားခြင်း စသည့် အခက်အခဲများဖြစ်ပေါ်နေပြီး နိုင်ငံတကာ
မြို့ပြပို့ဆောင်ရေးများနည်းတူ ခေတ်မီ ကတ်စနစ်သုံး
ငွေပေးချေစနစ် စတင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ
ဖက်စပ်ကုမ္ပဏီများကို  တင်ဒါခေါ်ယူခဲ့ရာ ၂ဝ၁၈ ဇန်နဝါရီ ၁ဝ ရက်က  တင်ဒါအောင်ကုမ္ပဏီကို ရွေးချယ်ကြေညာနိုင်ခဲ့သည်။ ယင်းသို့ ရွေးချယ်နိုင်ခဲ့
ပြီးနောက် တင်ဒါပါ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း သုံးလအတွင်း ကတ်စနစ် ငွေပေးချေမှုစနစ် စတင်နိုင်ရန်
ဆောင်ရွက်ရမည်ဖြစ်သည်။  အဆိုပါ  ကတ်စနစ်
စတင်နိုင်မည်ဆိုပါက ရန်ကုန်တစ်မြို့လုံးရှိ ယာဉ်လိုင်း
များအားလုံး တစ်ပြေးညီ ကတ်စနစ် အသုံးပြုနိုင်မည်ဖြစ် ပြီး အခြားသော သယ်ယူပို့ဆောင်ရေးများတွင်လည်း အသုံးပြုလာနိုင်မည်ဖြစ်ရာ ငွေအကြွေ အခက်အခဲကို
လည်း ဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ ယင်းအပြင် သိသာသော ပြောင်းလဲမှုမှာ ယာဉ်အသစ်များ အစားထိုး
ပြေးဆွဲခြင်းဖြစ်သည်။ ခရီးသည်အများစုက ယာဉ် အသစ်များဖြင့် ပြေးဆွဲခြင်းကို ကြိုဆိုကြသော်လည်း
အဆိုပါယာဉ်များ၏ ကုန
်ကျစရိတ်၊ စွမ်းဆောင်မှုနှင့် အာမခံသက်တမ်းတို့နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာ
စွာ သိရှိလိုကြသည်ဟုဆိုသည်။ ယင်းကြောင့်လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ယင်း
အပေါ် ဆွေးနွေးဝေဖန်အကြံပြုပြောကြားလျက်ရှိသည်။
အလားတူ ပုဂ္ဂလိကကဏ္ဍမှလည်း ယာဉ်အသစ်များ တင်သွင်းလာခဲ့ရာ Omni Focusကုမ္ပဏီက Foton ယာဉ်အသစ်များ၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ ယာဉ်
ထပ်မံတင်သွင်းမှုများ၊ အများပိုင် ကုမ္ပဏီဖြစ်သည့်
လူထုမိတ်ဆွေကုမ္ပဏီက Foton  ကားသစ်များ တင်သွင်း
လာကာ YBS ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲ လျက်ရှိသည်။ ယင်းကြောင့် ကားသစ်များ ထပ်မံ
ပြေးဆွဲမည့်အခြေအနေ၊ လက်ရှိ ယာဉ်လိုင်းများအတွင်း
ရှိ ကားဟောင်းများ တဖြည်းဖြည်း ဖယ်ရှားသွားမည့် အနေအထားနှင့်Yangon Payment Services၏
ကတ်စနစ်ငွေပေးချေမှုစနစ် စတင်နိုင်မည့်အချိန်ဖြစ်
သည့် လာမည့် သုံးလတာ ကာလအတွင်းYBS ၏ ပြုပြင်
ပြောင်းလဲနိုင်မှုများကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

အပျော်စီးရုံသက်သက် ရန်ကုန်ဝါးတားဘတ်စ်

ရန်ကုန် မြစ်ကြောင်းသွား သယ်ယူပို့ဆောင်ရေးYangon Water Busကို ၂ဝ၁၇ အောက်တို ဘာ ၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၇ ရက်မှ စတင်ကာ အများပြည်သူများအတွက် ပြေးဆွဲပေးခဲ့သည်။ စတင်
ဖွင့်လှစ်စဉ်က လိုက်ပါစီးနင်းသူများ အထူးများ ပြား ခဲ့ပြီး  တိုးဝှေ့စီးနင်းခဲ့ရသော်လည်း  လက်ရှိအချိန်တွင် စီးနင်းသူ  ယခင်ကလောက်   များပြားခြင်းမရှိပေ။
ရန်ကုန်ဝါးတားဘတ်စ်ကို   လိုက်ပါစီးနင်းသူများ၏
အများစုသည် အသစ်အဆန်းတစ်ခုအနေဖြင့်သော်
လည်းကောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လေ့လာမှုအနေဖြင့်သော်လည်းကောင်း၊ မော်တော်
ယာဉ် ပို့ဆောင်ရေးနှင့် နှိုင်းယှဉ်လို၍သော်လည်း
ကောင်း၊ အသွား-အပြန် အပျော်လိုက်ပါစီးနင်းမှု အနေ
ဖြင့်လည်းကောင်း လိုက်ပါစီးနင်းနေမှု အများဆုံးဖြစ်ပြီး အမှန်တကယ်   သယ်ယူပို့ဆောင်ရေး  ကဏ္ဍတစ်ခု
အနေဖြင့် အသုံးပြုသူမှာ နည်းပါးနေသေးကြောင်း
စုံစမ်းသိရှိရသည်။ ရန်ကုန်မြစ်ကြောင်းသွား သယ်ယူ
ပို့ဆောင်ရေးစနစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ အောင်မြင်မှု ရရှိရန် ဆောင်ရွက်သွားမည်ဟုသိရပြီး လက်ရှိတွင် အပျော်
စီးသက်သက် စီးနင်းသူများသာ များပြားနေရာ ဝါးတား
ဘတ်စ်နဲ့ အခြားသော သယ်ယူပို့ဆောင်ရေးများ အဆင်
ပြေပြေ ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ယာဉ်ကြော
ပိတ်ဆို့ကျပ်တည်းမှုကို ရှောင်ရှားနိုင်မည့် ထိရောက်
သော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်
ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးက သုံး
သပ်သည်။ ယင်းသို့ ဖြစ်လာရန်လည်း မဖြစ်မနေ ပြောင်း
လဲဖော်ဆောင်ရန် လိုအပ်ပြီး စနစ်တကျ စီမံကိန်းချ ကြပ်
မတ်ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။

ကားသစ်များ ရောက်ရှိနေပြီဖြစ်သော်လည်း မပြေးဆွဲနိုင်သေးသည့် School Bus

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်
ဖြင့် ကိုရီးယားနိုင်ငံမှ ကျောင်းကား အစီး ၂ဝဝ ဝယ်ယူ
ခဲ့ရာတွင် ယခုအချိန်အထိ စတင်ပြေးဆွဲနိုင်ခြင်း မရှိ
သေးဘဲ ကျောင်းကားစနစ် စတင်နိုင်ရန် လျာထားသည့် အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း
ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။ ယခုနှစ် စာသင်
နှစ်တွင် ပြေးဆွဲနိုင်သည်ထက် လာမည့်စာသင်နှစ်တွင်
ပြေးဆွဲ နိုင်ရန်သာဖြစ်နိုင်မည်ဟု အခြေခံပညာကျောင်း
များမှ သိရသည်။ အစိုးရအနေဖြင့်လည်း ၂ဝ၁၈ ပညာ
သင်နှစ်မှ စတင်ကာ ကျောင်းကြို-ပို့ယာဉ်များအဖြစ် ဒိုင်နာ၊ လိုက်ခ်ထရပ်ကဲ့သို့သော ယာဉ်များကို ခွင့်ပြု
တော့မည် မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထား
သည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
အနေဖြင့် ကျောင်းကြို-ပို့ယာဉ်များအဖြစ်   ပြေးဆွဲ
နိုင်သည့် ယာဉ်အမျိုးအစားနှင့် သတ်မှတ်စည်းကမ်း ချက်များကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့
ပြီး ကျောင်းကြို-ပို့ယာဉ်အဖြစ် ဆောင်ရွက်မည့် ယာဉ်
များ၏ အရှေ့နှင့် အနောက်ဘက်တွင်School Bus ဟူ သော စာသားပါရှိရမည်ဖြစ်ပြီး သတ်မှတ်ဆေးရောင် (အဝါရောင်) ဘယ်မောင်းယာဉ်များကိုသာ လုပ်ငန်း
သုံး ကျောင်းကြို-ပို့ယာဉ်များအဖြစ် မှတ်ပုံတင် သက်
တမ်းတိုးသည့်အခါ   ဆောင်ရွက်ပေးသွားမည်ဖြစ်
ကြောင်း ကညန တိုင်းဦးစီးမှူးက ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အခြေခံပညာ
အထက်တန်းကျောင်းပေါင်း ၂ဝဝ ကျော်၊ အလယ်တန်း
ကျောင်းပေါင်း ၃ဝဝ နီးပါး၊ မူလတန်းကျောင်းပေါင်း ၂ဝဝဝ ကျော်ရှိရာတွင် ယာဉ်ကြောပိတ်ဆို့မှု အဓိက ဖြစ်
ပေါ်နေသော ကျောင်း ၂၂ ကျောင်းတွင် ကျောင်းကား ကြို-ပို့ စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ စာသင်ကျောင်းများအနက်   ကျောင်းကားစီမံချက် စတင်သွားမည့် ကျောင်း ၂၂ ကျောင်းတွင် လိုက်ခ် ထရပ်ယာဉ်များဖြင့် ကြိုပို့လုပ်နေသည့် ယာဉ်အစီးရေ ၃ဝဝ ကျော် အား ယခုနှစ် စာသင်နှစ်တွင် နောက်ဆုံး ထား ပြေးဆွဲခွင့်ပြုမည်ဟု တိုင်းဒေသကြီး အစိုးရက တရားဝင်ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီး  အစိုးရအနေဖြင့်  Trade Investment Promotion Agency (KOTRA), Posco Daewoo Corportion  မှ ကျောင်းကား အစီး ၂ဝဝ
ဝယ်ယူရေး သဘောတူ စာချုပ်ကို မေ ၁ဝ ရက်က ချုပ်
ဆို ဝယ်ယူခဲ့ပြီး ဈေးနှုန်းအားဖြင့် တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၃၆၈၄ဝ ခန့်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင်
အဆိုပါ ဈေးနှုန်းနှင့် ပြေးဆွဲနိုင်ရန်မှာ မတတ်နိုင်သော
အခြေအနေများရှိနေပြီး လက်ရှိပြေးဆွဲနေသော မီနီ
ဘတ်စ်များ၊ စူပါကာစတန်၊ ယာဉ်များကဲ့သို့ လုံခြုံစိတ်ချ
ရသော ယာဉ်များဖြင့်သာ ဆက်လက်ပြေးဆွဲခွင့်ရရေးကို ကျောင်းသား မိဘများ၊ ကျောင်းကားပြေးဆွဲနေသူများက လိုလားလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ
ကျောင်းကားများကို မြေနီကုန်းယာဉ်ရပ်နားကွင်း အတွင်း ယာယီရပ်တန့်ထားရှိထားသည်။

ယင်းကြောင့် ပြီးခဲ့သည့် ၂ဝ၁၇ တစ်နှစ်တာအတွင်း
ရန်ကုန်မြို့တော်တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်
ရွက်ခဲ့ရာ ယခု ၂ဝ၁၈ တွင် အရှိန်အဟုန်ဖြင့် ဆက်လက်
ဆောင်ရွက်သွားရန်    များစွာကျန်ရှိနေသေးသည်။ အဓိကအားဖြင့် အများပြည်သူ၏ ဆန္ဒ၊ သဘောထား၊ အသံများ၊ လိုအပ်ချက်များကို နားထောင်ရန်လိုအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက အများပြည်သူများကို ကိုယ်စားပြုက လွှတ်တော်နှင့်အစိုးရ အပြန်အလှန်
ထိန်းကျောင်းဆောင်ရွက်ခြင်းဖြင့် ၂ဝ၁၈ ကို ဆက်
လက်ခရီးဆက်ရမည်ပင်ဖြစ်သည်။   ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment