Latest News

Tuesday, January 16, 2018

ဆန်းချက်ဇ် မန်ယူပြောင်းရေး ၄၈ နာရီအတွင်း ဆုံးဖြတ်မည်ဟု ဝင်းဂါးဖွင့်ဟ

ဆန်းချက်ဇ် မန်ယူပြောင်းရေး ၄၈ နာရီအတွင်း ဆုံးဖြတ်မည်ဟု
ဝင်းဂါးဖွင့်ဟ

မန်ချက်စတာ ဇန်နဝါရီ ၁၅

အာဆင်နယ်နည်းပြ ဝင်းဂါးကိုယ်တိုင်က မိမိအသင်းမှ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် ၄၈ နာရီအတွင်း မန်ယူအသင်းသို့ပြောင်းရွှေ့ရေးဆုံးဖြတ်ချက်ချမည်ဟု ယမန်နေ့ညက ထုတ်ဖော်ပြောသည်။

ဘုန်းမောက်ကို ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးသောပွဲစဉ်တွင် ဝင်းဂါးသည် ဒဏ်ရာရနေခြင်းမရှိသော ဆန်းချက်ဇ်ကို ကစားသမားစာရင်းတွင် ထည့်သွင်းခြင်းမရှိဘဲ ကစားသမားဘက်မှ အသင်းမှထွက်ခွာရန် ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ချန်လှပ်ရခြင်းဖြစ်ကြောင်း ပြော ကြားသည်။

ဆန်းချက်ဇ်သည် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ခြောက်လသာကျန်တော့ပြီး ယခုဇန်နဝါရီဈေးကွက်၌ မန်ယူအသင်းက မန်စီးတီးအသင်းပေးသော ပြောင်းရွှေ့ကြေးပေါင် သန်း၂ဝ နှင့် တစ်ပတ်လစာ ပေါင် သုံး သိန်းထက်ပိုပြီး ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းနှင့် ပရီးမီးယားလိဂ် စံချိန်တင်လစာ တစ်ပတ်ပေါင် သုံးသိန်းခွဲဖြင့် ကမ်းလှမ်းထားသည်။ ဝင်းဂါးက ''လက်ရှိမှာ ဆန်းချက်ဇ်အတွက် ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်နေတယ်။ သူကအသင်းအတွက် က စားပေးဖို့ အမြဲတက်ကြွနေသူပါ။ ကစားပေးဖို့ ငြင်းဆန်တာလည်း မဟုတ်ပါဘူး။

ဒါပေမဲ့ သူက ချက်ချင်းဆိုသလို အသင်းပြောင်းတာမျိုးဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေတယ်။ နောက် ၄၈ နာရီအတွင်း ဒီကိစ္စကို ဆုံးဖြတ်ချက်ချကြရ မှာပါ။ လက်ရှိကတော့ ဘယ်အသင်းနဲ့မှ စာချုပ်တာ မျိုး မရှိသေးဘူး''ဟု ဖွင့်ဟသည်။(MWD)

No comments:

Post a Comment