Latest News

Tuesday, January 16, 2018

စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအားNVကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး

စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအားNVကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး

စစ်တွေ    ဇန်နဝါရီ    ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့်  နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုလုပ်ငန်းစဉ်တွင်National Verification Card(NVC)ကိုင်ဆောင်ခြင်း၏   အကျိုးကျေးဇူးများကို  ပြည်သူများသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင်   ရေလုပ်သားများအနေဖြင့်  NVကတ် ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင်   ခိုင်လုံသောအထောက်အထား  ပြသနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ရေလုပ်သားများNV ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့နံနက်ပိုင်း က စစ်တွေမြို့စုပေါင်းရုံးတွင် အစ္စလာမ်ဘာသာဝင်ရေလုပ်သားများကိုNVကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ပြီး ဌာဆိုင်ရာဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုအပေါ် အားပေးစကား ပြောကြားသည်။

၎င်းတို့အနေဖြင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်တွင်ပါဝင်သော NV  ကတ်များကို လာရောက်ပြုလုပ် ကိုင်ဆောင်ပါက  တရားဝင် ပင်လယ်ပြင်ထွက်ခွင့်ရရှိမည်ဖြစ်ကာ လတ်တလောပဋိပက္ခများကြောင့် ကြုံတွေ့နေရသော စားဝတ်နေရေး အခက်အခဲများ ပြေလည်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment