အဆိုတော်ဖြိုးပြည့်စုံနှင့် Jewel တို့ သီဆိုထားသော သီချင်းသစ် တစ်ပုဒ်ကို ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ မရောက်မီ လူမှုကွန်ရက်စာမျက်နှာတွင် အခမဲ့ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ''ဒီသီချင်းက ကိုဝေကြီး ရေးပေးထားတာပါ။ မြင်းခြံက မင်္ဂလာဆောင်တစ်ခုမှာ သီချင်းသွားဆိုရင်းနဲ့ မင်္ဂလာဆောင် သတို့သား၊ သတို့သမီးကို လက်ဖွဲ့တဲ့အနေနဲ့ ကိုဝေကြီးက ရေးလိုက်တာပါ။
သီချင်းခေါင်းစဉ်က သို့လော...သို့လောဖြစ်စေတဲ့ နာမည်လေးလည်း ဖြစ်တယ်။ တစ်ခါတလေ တချို့အနုပညာမှာ ဟာသဆန်တဲ့ ပြက်လုံးစကားက လူတွေကို ပိုစိတ်ဝင်စားစေတယ်။ ဟာသတစ်ခုပါလို့ပြန်ရှင်းပြတဲ့အခါ ဝမ်းသာပျော်ရွှင်ဖို့ ကောင်းပါတယ်။ ကျွန်တော်နဲ့အတူ Jewel က စုံတွဲသီဆို ပေးထားပါတယ်'' ဟု တေးသံရှင် ဖြိုးပြည့်စုံက ပြောသည်။ အဆိုပါသီချင်းကို Audio တေးသံရှင် နှစ်ဦးဓာတ်ပုံဖြင့် သီချင်းစာသားများကို ဗီဒီယိုအဖြစ် ဖန်တီးပြသပေးမည်ဖြစ်ပြီး တေးရေး ကိုဝေကြီး Page၊ တေးသံရှင် ဖြိုးပြည့်စုံ Page နှင့် တေးသံရှင် Jewel Page တို့တွင် အခမဲ့ တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
တေးသံရှင် ဖြိုးပြည့်စုံအနေဖြင့် မျှော်နိုင်သမျှ MTV ကို နှစ်ဆန်းပိုင်းတွင် ထွက်ရှိရန် ပြင်ဆင်ထားသော်လည်း အခက်အခဲများကြောင့် ကြန့်ကြာနေကြောင်း၊ လက်ရှိတွင် သင်္ကြန်သီချင်းခွေများ၊ အောင်ထက်နှင့် အတွဲသီဆိုထားသော ဒုတိယတေးအယ်လ်ဘမ် တို့ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။(MWD)
No comments:
Post a Comment