Latest News

Monday, January 29, 2018

တိုက်​ကြီးမြို့၌​နေအိမ်​တွင်​​ဈေး​ရောင်း​နေ​သောအမျိုးသမီးတစ်​ဦးအားဓား​ထောက်​ ခြိမ်းခြောက်​၍ ​ရွှေထည်​ပစ္စည်းယူသွား

တိုက်​ကြီးမြို့၌​နေအိမ်​တွင်​​ဈေး​ရောင်း​နေ​သောအမျိုးသမီးတစ်​ဦးအားဓား​ထောက်​ ခြိမ်းခြောက်​၍ ​ရွှေထည်​ပစ္စည်းယူသွား

တိုက်​ကြီး     ဇန်​နဝါရီ ၂၉

ရန်​ကုန်​တိုင်း​ဒေသကြီး တိုက်​ကြီးမြို့ အိုးတန်းရပ်​ကွက်​၊​ဇေယျာသီရိကွက်​သစ်​၌ ဇန်​နဝါရီလ(၂၈)ရက်​​နေ့ ည(၇)နာရီခန့်​က ​ဈေး​ရောင်း​နေ​သော အမျိုးသမီးတစ်​ဦးအား ဓား​ထောက်​ ၊ခြိမ်း​ချောက်​၍ ​ရွှေထည်​ပစ္စည်းများယူသွာရ​ကြောင်း အဆိုပါအိမ်​မှသိရသည်​။

ဖြစ်​စဉ်​မှာ အိမ်​ရှင်​အမျိုးသမီးသည်​ ည(၇)နာရီခန့်​အချိန်​တွင်​​ဈေး​ရောင်​​နေစဉ်​၊မမြင်​ဘူး​သော အမျိုးသားနှစ်​ဦး​ဈေးဝယ်​ဆိုပြီး
ရောက်​ရှိလာရာ ​ဈေးမဝယ်​ဘဲ အိမ်​ရှင်​အမျိုးသမီးဧ။်​  ဝမ်းဗိုက်​အားဓား​ထောက်​ကာ၊ ဆွဲကြိုးနှင်​လက်​​ကောက်​အား အချွတ်​ခိုင်း
ပြီး အိမ်​ရှင်​အမျိုးသမီးကိုပါးစပ်​အဝတ်​စီးကာ ကြိုးတုတ်​ပြီး တီဗွီတင်​​သောစဉ်​နှင့်​ချီထားပြီး ​ဈေးဆိုင်​ထဲ​မွှေ​နောက်​ရှာ​ဖွေပြီး ​ရွှေ
ထည်​ပစ္စည်းများယူကာ အိမ်​ထဲတွင်​ထား​သောဆိုင်​ကယ်​ကိုတွန်းထုတ်​​သော်​လည်း ဇက်​​သော့ခတ်​ထား၍  ပါမသွား​ကြောင်း၊နှင့်
ဆိုင်​ကယ်​သံကြားမှ ပြန်​သွား​ကြောင်းသိရသည်​။

" ကျွန်မကို ဓား​ထောက်​ပြီး ဆွဲကြိုးနဲ့လက်​​ကောက်​ကိုအချွတ်းခိုင်းပါတယ်​၊​အော်​လဲ​မ​အော်​ရဲပါဘူး ​အော်​ရင်​သတ်​မှစိုးလို့ ချွတ်​​ပေး
လိုက်​ပါတယ်​။အဲဒီအချိန်​မှာ ကျွန်မအမျိုးသားကလဲအိမ်​မှာမရှိပါဘူး၊ မီးကလဲပျက်​သွားတယ်​၊ကျွန်မကို ပါးစပ်​အဝတ်​စီးပြီး တီဗွီ
တင်​တဲ့စဉ်​မှာ ကြိုးတုတ်​ထားပါတယ်​၊ ပြီး​တော့​ဈေးဆိုင်​​မွှေ​နောက်​ရှာသွားတယ်​။ဆိုင်​ကယ်​တွန်းထုတ်​ ​တော့ဇက်​​သော့​ခတ်​ထားလို့တွန်းမရပါဘူး။ယူသွားတဲ့သူ​တွေက တစ်​ဦး   အသက်​ ၃၀နှစ်​ခန့်​ပုဆိုးဝတ်​နဲ့ တစ်​ဦးက​တော့ ​(၂၀)နှစ်​ခန့်​ဘောင်းဘီ​ရှည်​ဝတ်​ထားပါတယ်​။မျက်​နှာမြင်​ရင်​မှတ်​မိပါတယ်​။ရွှေလက်​​ကောက်​ ဆက်​ဖြတ်​(၅)ကွင်း ၂  ဒသမ  ၅ ကျပ်​သား၊ ​ရွှေဆွဲ​ကြိုးက​ တစ်​ကုံး ပြောင်​​ချော (၁)ကျပ်​သားပါသွားပါတယ်​၊​ငွေ​တော့ပါမသွားပါဘူး ။က​လေးကတီဗွီကြည်​​နေတာ၊ မီးပျက်​​တော့မြင်​မသွားပါဘူး မြင်​ရင်​ က​လေးမှာဆင်​ထားတဲ့ ​ရွှေ​လေး​ချွတ်​ယူသွားမှာပါ။ကျွန်မပါးစပ်​ကိုအဝတ်​စည်း​ထား​တော့​အော်​လဲမရပါ
ခဏကြာ​တော့မီးပြန်​လာတယ်​၊ ​နောက်​ကျွန်မအသိလူငယ်​နှစ်ဦး​​ဈေးလာဝယ်​မှ ​တွေ့သွားပြီး၊ကြိုး​ဖြေ​​ပေး​ပေးပါတယ်။ကျွန်မအမျိုးသားကိုလဲသွားခေါ်​ပေးပါတယ်​။" လို့ အိမ်​ရှင်​အမျိုးသမီးက​ပြောပြပါတယ်​။
အဆိုပါရပ်​ကွက်​သည်​ အစွန်​ကျပြီး၊လူပြတ်​တဲ့အချိန်​၊မီးပြတ်​တဲ့အချိန်​ဖြစ်​ပြီး​ရွှေတည်​များလုယူသွးခြင်းဖြစ်​သည်​။ယခုလိုအချိန်​၆နာရီမှ၇နာရီခွဲအချိန်​တွင်​ ဆိုင်​ကယ်​တစ်​စီး၊နှစ်​စီးနှင့်​​စီးလာကြပြီး လမ်းသွားလမ်းလာများစက်​ဘီးစီးသူများထံမှပိုက်​ဆံအိပ်လု​ယူခြင်း၊တယ်​လီဖုန်း လုယူသွားခြင်းများ မကြာခဏဆိုသလိုဖြစ်​ပွားတတ်​​ကြောင်း ​ဒေသခံများက​ပြောပြပါသည်​။ထွန်းလှိုင်​(မြိုင်​)မြန်​မာ့အလင်း

No comments:

Post a Comment