Latest News

Monday, January 29, 2018

အယ်အယ်လ်ဘမ်သစ် အတွက် နာမည်ပေးဖို့ ခက်ခဲနေတဲ့ အဆိုတော်ကိုင်ဇာ

အယ်အယ်လ်ဘမ်သစ် အတွက် နာမည်ပေးဖို့ ခက်ခဲနေတဲ့ အဆိုတော်ကိုင်ဇာ

ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး အနုပညာအလုပ်များနှင့် စီးပွားရေး အလုပ်များကို    ပြန်လည်လုပ်ကိုင်သည့်အပြင် တက္ကသိုလ်ကျောင်းသား ရန်ပုံငွေဖျော်ဖြေပွဲတွင် သီချင်းများ သီဆိုနေသော အဆိုတော် ကိုင်ဇာက ၎င်း၏ အယ်လ်ဘမ်သစ်အတွက် နာမည်ပေးရန် ခက်ခဲနေကြောင်း ပြောသည်။ ''အယ်လ်ဘမ်ခေါင်းစဉ်ကို ပြန်ရွေးရဦးမယ်။

ဘာပေးဖြစ်ဦးမယ် မသိသေးဘူး။  ဒါပေမဲ့ ကျွန်တော်က  Live Show တစ်ခုမှာ အဲဒီသီချင်းကို ဆိုလိုက်မိတယ်။ ဒီတော့ အဲဒီခေါင်းစဉ်ကို ပြန်ဆိုဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီ သီချင်းကိုပါ ဖျက်လိုက်ရမှာပါ။   ကျန်တဲ့ သီချင်းတွေနဲ့ပဲ  အယ်လ်ဘမ်ကိုလုပ်ရတော့မှာပါ။ သီချင်းတွေကလည်း အခွေသုံးခွေစာမက ရှိနေတာဆိုတော့   ဘယ်သီချင်း ခေါင်းစဉ်ဖြစ်မှန်း မသိသေးဘူး။ အဲဒီသီချင်း တွေထဲက တစ်ခွေစာပြန်ပြီး ရွေးထုတ်မယ်။ ပြီးရင် ခေါင်းစဉ်ပေးပြီး ထုတ်မယ်။ အတော်လေးလည်း စဉ်းစားရပါတယ်။ ဘယ်သီချင်းကို ပေးရမလဲဆိုတာကိုပေါ့ ''ဟု အဆိုတော် ကိုင်ဇာက ပြောသည်။

အဆိုတော်ကိုင်ဇာသည် တစ်ကိုယ်တော် အယ်လ်ဘမ် ၂၄ ခွေခန့်၊  အဖွဲ့လိုက်နှင့် အတွဲခွေများ အပါအဝင် အယ်လ်ဘမ် ၃ဝ ကျော်အထိ ထွက်ရှိထားကြောင်းနှင့် ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို  ကျင်းပရန် စဉ်းစားနေကြောင်း သိရသည်။    ''အခုအခွေကိုလည်း အတော်လေး မျှော်လင့်ထားပါတယ်။ သီချင်းရေးစပ်ထားတာက ကြာပေမယ့်  ခေတ်နောက်မကျပါဘူး။   ဆိုနေကျပုံစံထဲမှာပဲ သီချင်းဖန်တီးမှုတွေ၊ ဂီတဖန်တီးမှုတွေရှိမှာပါ။ အဲဒါတွေကို ခေတ်ပေါ် ဂီတတွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးသွားမှာပါ'' ဟု အဆိုတော်ကိုင်ဇာ ကပြောသည်။(MWD)

No comments:

Post a Comment