Latest News

Monday, January 1, 2018

ထရန့် မှ ၂၀၁၈ အတွက် ပထမဆုံး Tweet တွင် ပါကစ္စတန် အား လူလိမ်နိုင်ငံ အဖြစ် ကြေငြာလိုက်ခြင်း ဖြင့် စတင်ဖွင့်လှစ်လိုက်ပြီ


သမ္မတ သက်တမ်း ဒုတိယနှစ် ထဲ ၀င်လာပြီဖြစ်သော ဒေါ်နယ် ထရန့်မှ ၂၀၁၈ အတွက် သူ၏ ပထမဆုံး twitter post တွင် "ပါကစ္စတန် အား အမေရိကန် ပြည်ထောင်စုမှ မိုက်မဲလှစွာ ဖြင့် ၁၅ နှစ်တာ ကာလ
အတွင်း အကူအညီ ဒေါ်လာသန်း ၃၃ ဘီလီယံပေးခဲ့သော်လည်း ပြန်လည်ရရှိခဲ့သည်ကအလိမ်အညာ များ ဖြင့် လှည့်စားမှုများသာဖြစ်ပြီး အမေရိကန် ခေါင်းဆောင်များအားလည်းအရူးသာသာ များသာ ဖြစ်တယ်လို့ ယူဆခဲ့ကြသည်" ဟု ရေးသားခဲ့ပါတယ်။

ထို့အပြင် အကြမ်းဖက်သမားများ အားလည်းခိုလှုံခွင့်ပေးခဲ့ပြီး မိမိတို့မှ ၎င်းတို့အား ရှာဖွေချေမှုန်ုးနေသည်ကိုလည်း အကူအညီများ မဆိုသလောက်သာ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဘယ်အတွက်ကြောင့် အခုလို ထ ရေး ခဲ့လည်း ဆိုတာကို အမျိုးမျိုး ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။
နယူးရောက်တိုင်းမ် သတင်းစာကတော့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြန်ပေးဆွဲခံခဲ့ရာမှ
ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင်များကယ်တင်ပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာသော အမေရိကန်
အမျိုးသမီး ကကိတ်လန် ကိုးလ်မင်း။ ခင်ပွန်းဖြစ်သူ ကနေဒါ နိုင်ငံသားဂျိုရှုဝါ ဘွိုင်းလ် နှင့် ကလေးများ
အမှုနှင့် စပ်လျင်း၍ ဖမ်းဆီးရရှိခဲ့သော Haqqani Networkအဖွဲ့ မှ သံသယ ရှိသူများအား အမေရိကန်
ထောက်လှမ်းရေး အေးဂျင့်များကို စုံစမ်းစစ်ဆေးရန် ခွင့်မပြုခဲ့ခြင်း အပေါ် ဒေါသထွက်နေ
သောကြောင့်ဟု ရေးသားထားပါတယ်။

ယခုအခါ အမေရိကန်-အိန္ဒိယ ဆက်ဆံရေးခိုင်မာလာလျက် ရှိနေတယ်လို့လည်း သတင်းများက ဆိုပါတယ်။
ထို့အပြင် အီရန်နိုင်ငံတ၀ှမ်းတွင် ဖြစ်ပွားလာနေသော ဆန္ဒပြပွဲများအားလည်း ထောက်ခံကြောင်း နှင့် အီရန် ပြည်သူများဘက်မှ ရှိကြောင်းလည်း twitter မှ မကြာခဏ ဆိုသလို ရေးသားနေပါတယ်။

ထို့အတွက် အီရန် သမ္မတမှ ၎င်းမှထောက်ခံသည်ဟု ပြောနေသော အီရန် ပြည်သူများအား ပြီးခဲ့သည့်
လ အနည်းငယ်ကပင် အကြမ်းဖက် သမားများဟုကင်ပွန်းတပ်ခဲ့သေးကြောင်း ဖြင့်ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
လှစိုးဝေ
ကိုးကား ။ ။ CBC News

No comments:

Post a Comment