Latest News

Monday, January 1, 2018

သာပေါင်းမြို့နယ်တွင်ဝါးlထင်းများကိုတင်ဆောင်လာသောကားဘိမ်း ချော်တိမ်းမှောက်၍အလုပ်သမားနှစ်ဦးသေဆုံး

သာပေါင်းမြို့နယ်တွင်ဝါးlထင်းများကိုတင်ဆောင်လာသောကားဘိမ်း
ချော်တိမ်းမှောက်၍အလုပ်သမားနှစ်ဦးသေဆုံး

        ပုသိမ် l ဇန်နဝါရီလ ၁

       သားပေါင်းမြို့နယ် ပျဉ်းမထုံးကျေးရွာအုပ်စု ကျွဲတဲကြီးရွာ ကျောက်ကြီးအိုင်အနီးတွင် ဝါး l ထင်းများကိုတင်ဆောင်လာသော ကားသည့်ကားဘီးလမ်းချော်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါအလုပ်သမားနှစ်ဦးသေဆုံးခဲ့ကြောင်း သာပေါင်းမြို့မရဲစခန်းမှူးထံမှသိရှိရသည်။

         ဒီဇင်ဘာလ၃၁ရက်နေ့တွင် တောအတွင်းဝါး lထင်းများကိုတင်ဆောင်ရန်အတွက် လှေကြီးတက်ကျေးရွာတွင် နေထိုင်သောကားမောင်းဦးဆွေဝမ်းနှင့် လှေကြီးတက်ကျေးရွာတွင် နေထိုင်သည့် ကိုဇင်မောင်မောင်l ကွမ်းခြံကုန်းကျေးရွာတွင် နေထိုင်သည့် ကိုသန်းဦးစသည့်အလုပ်မသား နှစ်ဦးတို့မှာ ယာဉ်အမှတ်(ဇ .၉၆၄၀)ကားဖြင့်ထွက်ခွာခဲ့ပြီး အပြန်လမ်းတွင် ကားဘီးမှလမ်းချော်ကာ တိမ်းမှောက်ခဲ့ပြီး အလုပ်သမားနှစ်ဦးမှာ အဆိုပါယာဉ်ပေါ်တွင်တင်ဆောင်ထားသော ကားဘီး l ဝါးနှင့်ထင်းများပိကာသေဆုံးခဲ့ခြင်းဖြစ်သည်။

               "ကားမှာလည်းလိုင်ဆင်ရှိပါတယ် လုပ်ငန်းကလည်းဒေသလုပ်ငန်းဖြစ်နေတဲ့အတွက် သူတို့ဌာနဆိုင်ရာကခွင့်ပြုထားတာရှိပါတယ် အခင်းဖြစ်တဲ့နေရာမှာတော့ အလုပ်သမားနှစ်ဦးကဦးခေါင်းပြား ဗိုက်ပွင့်ပြီးသေဆုံးနေတာတွေ့ရပါတယ် စဖြစ်တာကတော့ ဇန်နဝါရီ ၁ရက်နေ့မနက်ပိုင်း ၄နာရီလောက်ကပါ စခန်းကသတင်းရတော့ မနက်၉နာရီလောက်ပါ ယာဉ်မောင်းပါဖမ်းမိပါတယ်ဟု"သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူးမြင့်လွင်ကပြောသည်။

            အဆိုပါကားဘီးလမ်းချော်တိမ်းမှောက်ကာ အလုပ်သမားနှစ်ဦးသေဆုံးမှုကြောင့် ယာဉ်မောင်းဦးဆွေဝမ်းအား သာပေါင်းမြို့မရဲစခန်းမ ယာဉ်(ပ) ၁/၂၀၁၈ ရာဇသတ်ဥပဒေပုဒ်မ ၃၀၄(က)ဖြင့်အမှုဖွင့်အရေးယူထားကြောင်း စခန်းမှူးဦးမြင့်လွင်ကပြောဆက်လက်ပြောကြားခဲ့သည်။

                           ထက်ဝဠာမင်း

No comments:

Post a Comment