Latest News

Tuesday, January 9, 2018

The Disaster Artist


အမေရိကန် ရုပ်ရှင်သမိုင်းမှာ၂၀၀၃ခုနှစ်က The Room ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားထွက်ခဲ့ဖူးပါတယ်။သမိုင်းတွင်လောက်တဲ့ စံချိန် တွေကိုချိုးခဲ့တဲ့ ဇာတ်ကားပါ။အဆိုးဆုံးရုပ်ရှင်ဇာတ်ကား လို့ ဆိုခဲ့ကြသလို ဒေါ်လာ ခြောက်သန်း ကုန်ပြီး အမေရိကန်ဒေါ်လာ ၁၈၈၀ ပဲ ပြန်ရတဲ့ ရုပ်ရှင်လဲ ဖြစ်နေပြန်ပါတယ်။

သရုပ်ဆောင်၊ဒါရိုက်တာ။ထုတ်လုပ်သူ၊ဇာတ်လမ်းဇာတ်ညွှန်း တော်မီဝိုက်ဇူ ပါ။ဘယ်လောက်တောင်ဖြစ်ခဲ့သလဲဆိုရင် သူ့ ရုပ်ရှင်က တကဲ့ ဒရာမာ ဇာတ်လမ်း၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အသည်း ကွဲ ဇာတ်လမ်း ကိုရိုက်ကူးထုတ်လုပ်တာပါ။ပထမဆုံးနေ့ အထူးပွဲလာကြည့်တဲ့ ပရိသတ်တွေ က ဟာသကားမှတ်ပြီးရုံထဲမှာ တ၀ါးဝါး တဟား ဟားနဲ့ ရယ်မောလှောင်ပြောင်ကြလို့ရယ်။

အဲဒီ တကဲ့ အဖြစ်အပျက် ကိုတော်မီ ရဲ့ သူငယ်ချင်း သရုပ်ဆောင် ဂရက် က မှတ်တမ်း အဖြစ် စာအုပ်တစ်အုပ်ထုတ်လိုက်ပါတယ်။The Room ရုပ်ရှင် ရဲ့နောက်ကွယ်က ဖြစ်ရပ်များပေါ့။

ဒီစာအုပ်ကို မင်းသား ဂျိန်း ဖရန်ကို က ကိုယ်တိုင်ဒါရိုက်တာလုပ်၊တော်မီ နေရာ ကနေ သူကိုယ်တိုင်သရုပ်ဆောင်ပြီး The Disaster Artist ဆိုတဲ့ နာမည် နဲ့ ရုပ်ရှင် ရိုက်ကူးထုတ်လုပ်လိုက်ပါပြီ။ အကောင်းဆုံး ရွှေ ကမ္ဘာလုံးဆုကိုတော့ မနေ့ကပဲ ပူပူနွေးနွေးရသွားလေရဲ့။အော်စကာ ကျရင်သာ ဘယ်လိုနေမယ် မပြောတတ်ပါဘူး။

တော်မီ ဟာ နယူးယောက် က သရုပ်ဆောင် သင်တန်းမှာ ဂရက် နဲ့ ခင်တယ်။ဂရက် က တော်မီ ကို ဆရာတင်တာ။တော်မီ က လွတ်လပ်ပေါ့ပါးစွာ သရုပ်ဆောင်တတ်တယ်။ပြီးတော့ အရှက်အကြောက်မရှိဖူး။စားသောက်ဆိုင်ထဲမှာလဲ သူက အမူအရာ မျိုးစုံ လုပ်ပြတတ်တယ်။

ဒီတော့လဲ ဂရက် ကတော်မီနဲ့တူတူ ဟောလီဝုဒ် ကို ခြေချလိုက်တော့တာပေါ့။ဖြစ်ချင်တော့ ဟောလီဝုဒ် ဆိုတာက သရုပ်ဆောင် ကိုယ်စားလှယ် မရှိရင် ဘာ အလုပ်မှ မရနိုင် တဲ့နေရာပါ။ဂရက် လို လူချောလေးတစ်ယောက်အတွက် ကိုယ်စားလှယ် ရပေမဲ့ တော်မီ ကိုတော့ သွေးစုတ်ဖုတ်ကောင် ဆိုပြီး အထင်သေးကြတယ်။

ဒီမှာတင် တော်မီ က အစွမ်းပြရပါတော့တယ်။သူကိုယ်တိုင်ဇာတ်ညွှန်းရေး၊ပိုက်ဆံထုတ်၊ဒါရိုက်တာ နဲ့ သရုပ်ဆောင်ပါလုပ်ပြီး The Room ရုပ်ရှင်ကို ရိုက်လိုက်ပါတော့တယ်။

ငါမသိဖူး
ငါမလုပ်ဘူး
ငါမသတ်ဖူး
ဆိုတဲ့ စကား ၃ခွန်း ကို တစ်နေကုန်အောင် ကတ်ပေါင်း ၇၉ ခါ ရိုက်ခဲ့၇တဲ့ တော်မီ ကို ဂရက် ကိုယ်တိုင်က အံ့အားတွေ သင့်ခဲ့ပါတယ်။ရိုက်ကွင်းတစ်ခုလုံးက ကင်မရာ ဆရာတွေ။မိတ်ကပ်ဆရာတွေနဲ့ စတူဒီယိုပိုင်ရှင်တွေက ပိုက်ဆံပြန်အမ်းချင်လောက်အောင် စိတ်ပျက်နေပေမဲ့ ရိုက်ကူးရက် စုစုပေါင်း ၅၉ ရက်နဲ့ ကားပြီးအောင်တော့ရိုက် ပေးခဲ့ကြပါတယ်။

အထူးပွဲ ပြတဲ့ ညမှာ ဇာတ်ကားနဲ့ပတ်သက်တဲ့လူတွေ၊စာနယ်ဇင်း သမားတွေ ကိုဖိတ်ထားပြီး ရုံထဲ မ၀င်ရဲတဲ့ တော်မီ့ အဖြစ်က သနားစရာပါ။ဒါပေမဲ့ ဒီ ရုပ်ရှင်ဟာ သူ့ဘ၀ ပါလို့ စင်ပေါ်တက်ပြောလိုက်ပါသေးရဲ့။ဘာပဲဖြစ်ဖြစ် အော်စကာ ဆန်ကာတင်စာရင်း ၀င်အောင် လော့စ်အိန်ဂျယ်လိစ် က ရုပ်ရှင်ရုံ တစ်ရုံထဲ ကို ငှားပြီး နှစ်ပတ် တိတိ ပြလိုက်ပါသေးတယ်။

ဒါပါပဲ။
ဒီရုပ်ရှင် ဟာ တကဲ့ အဖြစ်အပျက်ပါ။
တော်မီဝိုက်ဇို ဟာ ခုထိ ရှိနေပါတယ်။မှတ်တမ်းတင်ရုပ်ရှင်တွေ၊ဇာတ်ကားတိုတွေလဲ ရိုက်နေတာပါပဲ။တစ်ခုမှလဲ မအောင်မြင်ပါဖူး။ခုထက်ထိ လူတွေ မသိသေးတာ ရှိနေပါတယ်။

သူ ဘယ် မြို့ကလာသလဲ။
သူ အသက် ဘယ်လောက်ရှိပြီလဲ။
သူ ဘယ်က ပိုက်ဆံတွေ ရ နေသလဲ။
ဘယ်သူမှ မသိကြပါဘူး။ ခုဆိုရင် မေးခွန်းတစ်ခု ထပ်တိုးလာပါတယ်။
သူ ဘယ်မှာ နေသလဲ တဲ့။
ဇာဂနာ

No comments:

Post a Comment