Latest News

Tuesday, January 9, 2018

ဗန်း​မောက်​မြို့နယ်​တွင်းတရားမဝင်​ကျွန်းခွဲံသားနှင့်​သစ်​ခွဲစက်​ဖမ်းမိ

ဗန်း​မောက်​မြို့နယ်​တွင်းတရားမဝင်​ကျွန်းခွဲံသားနှင့်​သစ်​ခွဲစက်​ဖမ်းမိ

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ဗန်း​မောက်​မြို့နယ်​မံနား​ကျေးရွာအနီးနန်းကတက်​ကြိုးဝိုင်းနှင့်​နန့်​ကဆာကြိုးဝိုင်းအတွင်းမှတရားမဝင်​သစ်​စက်​နှင့်​ကျွန်းခွဲသားများအားပိုင်​ရှင်​သုံးဦးနှင့်​အတူဖမ်းမိခဲ့​ကြောင်းသိရပါသည်​။

ဖြစ်​ဉ်​မှာ ၈၊၁၊၁၈ ရက်​​နေ့၁၃၁၅အချိန်​ခန့်​တွင်​ကသာမြို့နယ်​သစ်​​တောဦးစီးအရာရှိဦးတင်​ထွဏ်းခေါင်း​ဆောင်​​သောသစ်​​တောဝန်​ထမ်းများသည်​သက်​​သေများနှင့်​အတူကသာခရိုင်​၊ဗန်း​မောက်​မြို့နယ်​၊မံနား​ကျေးရွာအနီးရှိနန်းကတက်​ကြိုးဝိုင်းအတွင်းသတင်းအရဝင်​​ရောက်​ရှာ​ဖွေရာတရားမဝင်​ကျွန်းခွဲသား ၄၃၄ ​ချောင်းနှင့်​သစ်​ခွဲအင်​ဂျင်​တစ်​လုံး၊လွှဝိုင်းအပါအဝင်​ဆက်​စပ်​ပစ္စည်းများ၊သရီးက​ရောင်း(၆)ဘီးယာဉ်​တစ်​စီးနှင့်​သစ်​ပိုင်​ရှင်​​ကိုသိန်းဝင်း၊​ပါပျဉ်းခန်း​ကျေးရွာ၊ဗန်း​မောက်​မြို့နယ်​၊ကိုမြင့်​​ဆွေ၊မံလူ​ကျေးရွာ၊ဗန်း​မောက်​မြို့နယ်​​နေသူနှင့်​ကိုမင်း​အောင်​၊ပါပျဉ်းခန်း​ကျေးရွာဗန်း​မောက်​မြို့နယ်​​နေသူတို့သုံးဦးအားဖမ်းမိခဲ့​ကြောင်းသိရပါသည်​။

ဆက်​လက်​၍သစ်​​တောဦးစီးအရာရှိဦးတင်​ထွဏ်းနှင့်​သစ်​​တောဝန်​ထမ်းများသည်​၎င်း​နေ့၁၅၃၀အချိန်​ခန့်​တွင်​နန့့်​ကဆာကြိုးဝိုင်းအတွင်းသို့သတင်းအရဝင်​​ရောက်​ရှာ​ဖွေရာ၎င်းကြိုးဝိုင်းအတွင်းမှတရားမဝင်​ကျွန်းခွဲသား ၉၀၅​ချောင်းနှင့်​သစ်​စက်​တစ်​လုံးထပ်​မံဖမ်းဆီးရမိသဖြင့်​ဗန်း​မောက်​မြို့မရဲစခန်းသို့ဥပ​ဒေအရအ​ရေးယူနှိုင်​ရန်​တိုင်​ကြား​ဆောင်​ရွက်​ထား​ကြောင်းသိရှိရပါသည်​။လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment