Latest News

Thursday, January 25, 2018

လာမည့် ပညာသင်နှစ်မှစ၍ ရန်ကုန်မြို့ရှိ ကျောင်းလေးကျောင်း၌ School Bus များ စတင်ပြေးဆွဲရန် စီစဉ်

လာမည့် ပညာသင်နှစ်မှစ၍ ရန်ကုန်မြို့ရှိ ကျောင်းလေးကျောင်း၌ School Bus များ စတင်ပြေးဆွဲရန် စီစဉ်
Photo - Credit
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းလေး ကျောင်းတွင် School Bus များ ပြေးဆွဲရန် စီစဉ်ထားကြောင်း Royal Golden Hand Co;Ltd. တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ''လောလောဆယ်တော့ Downtown ဧရိယာထဲမှာရှိတဲ့ ကျောင်းလေးကျောင်းမှာ အရင်ဆုံး စတင်ပြေးဆွဲမှာဖြစ်ပါတယ်။

အဲဒီအတွက် လိုအပ်တဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဘယ်ကျောင်း တွေမှာ ပြေးဆွဲမလဲ ဆိုတာကတော့ အခုချိန်က ဆွေးနွေးနေတဲ့ အနေအထားဖြစ်လို့ မပြောနိုင်သေးပါဘူး'' ဟု ၎င်းကပြောသည်။''မိဘတွေကိုယ်တိုင် ကျောင်းကိုလိုက်ပို့သလိုမျိုး လုံခြုံစိတ်ချမှု အပြည့်နဲ့ ကျောင်းကား စနစ်ကို ဇွန် ၁ ရက်မှာ အကောင်အထည်ဖော်သွားမှာပါ'' ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ထိုကျောင်းကားစနစ်တွင် Safety Seat၊ Safety Belt၊ First Aid၊ မီးသတ်ဆေးဘူးများထားကာ လုံခြုံစိတ်ချရမှု အပိုင်းများပါဝင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မယ်များလည်း ထားရှိထားကြောင်း၊ ယာဉ်အတွင်း ပိုင်းတွင်လုံခြုံရေးကင်မရာများနှင့် GPS များတပ်ဆင်ကာ Control စင်တာမှ စောင့်ကြည့်၍ ယာဉ်မောင်း၏ အပြုအမူ၊ ကျောင်းကားတည်ရှိရာနေရာ၊ ရောက်ရှိမည့်အချိန်တို့ကို ထိန်းချုပ်ခြင်း၊ ယာဉ်မောင်းများနှင့် ယာဉ် မယ်များကို Control စင်တာမှ လိုအပ်ပါက တိုက်ရိုက်ညွှန်ကြားခြင်းတို့ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊

မိဘ များအနေဖြင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်း Application များမှတစ်ဆင့် ကျောင်းကားရောက်ရှိရာ နေရာ၊ ကျောင်းကားအတွင်း လုံခြုံမှု၊ ကျောင်းကားသွားရာ လမ်းကြောင်း၊ ပြန်လည်ရောက်ရှိလာမည့် အချိန်တို့ကို တိကျစွာသိရှိနိုင်မည့် စနစ်များလည်း ပါဝင်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment