Latest News

Thursday, January 25, 2018

အလောင်းတော် ကဿပသို့ ဘုရားဖူးဧည့်သည် လာရောက်မှုသည် ရုံးပိတ်ရက်များတွင် ပိုမိုများပြား

အလောင်းတော် ကဿပသို့ ဘုရားဖူးဧည့်သည် လာရောက်မှုသည် ရုံးပိတ်ရက်များတွင် ပိုမိုများပြား

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်းတည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလာပ်တော် တည်ရှိရာ လိုဏ်ဂူတော်ကြီးတို့တွင် ယခုနှစ်ဘုရားဖူးရာသီ၌  အနယ်နယ် အရပ်ရပ်မှ လာရောက် ဘုရားဖူးကြသူများသည်  ရုံးပိတ်ရက်များ တွင်သာ လာရောက်မှုများပြား လျက်ရှိကြောင်း သိရသည်။

အလောင်းတော်ကဿပစံကျောင်းနှင့် ရုပ်ကလာပ်တော် တည်ရှိရာသို့ မုံရွာ- တရော်ကျင်း- ကပိုင်ကျေးရွာမှ လည်းကောင်း၊ ဧရာဝတီ မြစ်အနောက်ဘက်ခြမ်းရှိ  ပခုက္ကူ-ရေစကြို-ပုလဲ - ယင်းမာပင်မြို့နယ် လယ်ငေါက် ကျေးရွာမှ တစ်ဆင့် လည်းကောင်း လမ်းနှစ်လမ်းအား အသုံးပြုကြရာ မုံရွာ-တရော်ကျင်း-ကပိုင်ကျေးရွာမှ တစ်ဆင့် အလောင်းတော် ကဿပသို့ သွားရောက်သည့် ခရီးလမ်းကြောင်းမှာ အသုံးပြုမှု ပိုများသည်။

အလောင်းတော်ကဿပသို့ ဘုရားဖူး လာရောက်သူများအနေဖြင့် ကိုယ်ပိုင်ကားများဖြင့် လည်းကောင်း၊ ဘုရားဖူး ယာဉ်များဖြင့် လည်းကောင်း၊ ခြေကျင်ခရီးဖြင့်လည်းကောင်း၊ ဆင်စီး၍သော် လည်းကောင်း လာရောက် လျက်ရှိ ကြရာ ယခုနှစ်တွင် ဘုရားဖူးလာ သူများ စိတ်အေးချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် လမ်းများကို  ကျယ်ကျယ် ပြန့်ပြန့် ဖောက်လုပ် ပေးထားသည်။

ဘုရားဖူးဝန်ဆောင်မှုများအနေဖြင့် ဆင် ၁၅ ကောင်နှင့် သစ်ထုတ်လုပ်ရေးမှ ဆင် ၁ဝ ကောင်တို့ကို ဆင်ထိန်းများက ကြီးကြပ်၍ ဘုရားဖူးပြည်သူများအား ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးလျက်ရှိသည်။ ဆင်စီးမည့် ဘုရားဖူး များအနက် သက်ကြီးရွယ်အို၊ ကလေးများနှင့် မသန်စွမ်းသူများကို ဦးစားပေး ပို့ဆောင်ပေးလျက်ရှိသည်။

အလောင်းတော်ကဿပသို့ နေ့စဉ်ခရီးသွား ဝင်ရောက်မှုနည်းပါးလျက်ရှိသောကြောင့် ဘုရားဖူးဧည့်သည်များကို အမှီပြု လျက်ရှိသော အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များသည် ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ရောင်းဝယ်မှု အားနည်းလျက်ရှိသည်။

ယခုနှစ်တွင် အလောင်းတော်ကဿပသို့သွားရောက်နိုင်သည့်ကပိုင်-သပိတ်ဆေး ဘုရားဖူးရာသီလမ်းအား ဇန်နဝါရီ  ၇ ရက်တွင် စတင်ဖွင့်လှစ်နိုင် ခဲ့သော်လည်း  ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းခြင်း၊ အအေးပိုခြင်းတို့ကြောင့်  ဇန်နဝါရီလ အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်ဝင်ရောက်မှုသည် ရုံးပိတ်ရက်များတွင် များသော်လည်း ပုံမှန်ရက်များတွင် ဘုရားဖူးဧည့်သည် ဝင်ရောက်မှုနည်းပါးလျက် ရှိကြောင်း သိရသည်။(MWD)

No comments:

Post a Comment