Latest News

Thursday, January 18, 2018

RCSS / SSA အဖြဲ႕မွ တပ္ဖြဲ႕၀င္ ၃ ဦး လက္နက္မဲ့ အလင္း၀င္ေရာက္၊ ထြက္ေျပး လြတ္ေျမာက္ လာသူ ၃ ဦး စစ္ေဆးေတြ႕ရွိ

RCSS / SSA အဖြဲ႕မွ တပ္ဖြဲ႕၀င္ ၃ ဦး လက္နက္မဲ့ အလင္း၀င္ေရာက္၊ ထြက္ေျပး လြတ္ေျမာက္ လာသူ ၃ ဦး စစ္ေဆးေတြ႕ရွိ


ေနျပည္ေတာ္ ၊ ဇန္န၀ါရီ - ၁၈

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းပ်ဥ္းၿမိဳ႕၊ မုန္းက်က္ေက်းရြာ၌ ဇန္န၀ါရီ ၆ ရက္ မြန္းလြဲပိုင္းတြင္ RCSS / SSA အဖြဲ႕မွ တပ္ဖြဲ႕၀င္ ၃ ဦး ဥပေဒေဘာင္အတြင္းသို႕ လက္နက္မဲ့၀င္ေရာက္လာခဲ့ရာ နယ္ေျမခံ တပ္မေတာ္စစ္ေၾကာင္းမ်ားမွ တာ၀န္ရွိ သူမ်ားက ေႏြးေထြးစြာ ႀကိဳဆုိလက္ခံခဲ့သည္။

စစ္ေဆးေမးျမန္းခ်က္အရ ၎တို႔သည္ မုိင္းပ်ဥ္းၿမိဳ႕၊ နမ့္တေက်းရြာေန အုိက္လူ (ဘ)ဦးအုိက္စန္္္း၊ ပန္မံု ေက်းရြာေန အိုက္ေႏြး(ဘ)ဦးအိုက္ကြန္းႏွင့္ ကာလိၿမိဳ႕၊ ၀မ္ေနာင္ခမ္း ေက်းရြာေန အုိက္ရ(ဘ) (စိစစ္ဆဲ)တုိ႕ျဖစ္ေၾကာင္း သိရွိရၿပီး ၎တုိ႕သည္ မုိင္းပုႀကီးနယ္ေျမအတြင္းလွည့္လည္လႈပ္ရွားေနေသာ RCSS / SSAအဖြဲ႕မွျဖစ္ၿပီး ၁ အိမ္လွ်င္ ၁ ဦး မ၀င္မေနရ ၿခိမ္းေျခာက္ေျပာဆုိသျဖင့္ ၀င္ေရာက္ ခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ကာလိၿမိဳ႕နယ္၊ ၀မ္ဆာဟာ ေက်းရြာအနီး ေတာတြင္းတစ္ေနရာ၌ စစ္သင္တန္းတက္ ေရာက္ခဲ့ရ ေၾကာင္း၊ ကိုယ္စီတုိက္နည္း၊ လက္နက္ငယ္ျဖဳတ္တပ္ျခင္းမ်ား ေလ့က်င့္ခဲ့ရၿပီး သင္တန္းကာလ ၄ လၾကာ ျမင့္ခဲ့ေၾကာင္း၊ လက္ေတြ႕ပစ္ခတ္စဥ္အေနျဖင့္ အမ္-၁၆ လက္နက္ငယ္အား က်ည္ ၁ ေတာင့္သာ ပစ္ခတ္ ခဲ့ရေၾကာင္း၊ ၁ လလွ်င္ လစာေငြ ၁ ေသာင္းက်ပ္သာရရွိေၾကာင္း၊ မုိင္းပုႀကီးနယ္ေျမအတြင္းရွိ ေက်းရြာမ်ားမွ ဆန္ႏွင့္သီးႏွံမ်ား ေတာင္းရမ္းစားေသာက္ရေၾကာင္းႏွင့္ ေနထုိင္စားေသာက္မႈ ဆင္းရဲျခင္း၊ ေခါင္းေဆာင္ပိုင္းမ်ား မွ အျပစ္ေပး ႐ိုက္ႏွက္ျခင္းတုိ႕ေၾကာင့္ စိတ္ဓာတ္က်ဆင္းၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားထံသို႕ လာေရာက္ အလင္း၀င္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အလားတူ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနေသာ လံုၿခံဳေရးတပ္ဖြဲ႕၀င္မ်ားသည္ ဇန္န၀ါရီ ၉ ရက္ ညေနပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕၏ အေနာက္ဘက္ ၁၃ မိုင္ခန္႔အကြာရွိ ေတာအုပ္အတြင္း၌ မသကၤာဖြယ္လူ ၃ ဦး ေတြ႕ရွိသျဖင့္ ေခၚယူစစ္ေဆးခဲ့ရာ RCSS / SSA အဖြဲ႕မွ ထြက္ေျပးလြတ္ ေျမာက္လာ သူမ်ားျဖစ္ေၾကာင္း သိရွိရသည္။

၎တို႔အား ဆက္လက္စစ္ေဆးေမးျမန္းခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ေကာင္း ရပ္ကြက္ေန ညီညီ(ဘ)ဦးပီတာ၊ က်ိဳင္းတံုၿမိဳ႕နယ္၊ တာလီ(အာခါေက်းရြာ)ေန ေလာ္ေအး(ဘ) ဦးအားလို ႏွင့္ က်ိဳင္းတံုၿမိဳ႕၊ အမွတ္(၄) ရပ္ကြက္ ေန ေဂၚမူ(ဘ)ဦးအားသို တုိ႔ျဖစ္ၿပီး ၎တို႔ သည္ တာခ်ီလိတ္ၿမိဳ႕၏အေနာက္ဘက္ ၁၇ မိုင္ခန္႔အကြာရွိ RCSS / SSA အဖြဲ႕၏ လြယ္ေကာ္၀မ္းသင္တန္းေက်ာင္းမွ ထြက္ေျပးလာျခင္းျဖစ္ေၾကာင္း၊ ၎တို႔အား RCSS / SSA အဖြဲ႕မွ လက္နက္ကိုင္ေဆာင္ထားသူမ်ားကေခၚယူ၍ အဆိုပါသင္တန္း ေက်ာင္းသို႔ ပို႔ေဆာင္ခ့ဲေၾကာင္း၊ ၎တို႔အားေလ့က်င့္ေပးသည့္ အဖြဲ႕တြင္ RCSS / SSA အဖြဲ႕၀င္ ၁၅ ဦးခန္႔ ရွိေၾကာင္း၊ ထုိသင္တန္းေက်ာင္းတြင္ ၎တို႔ကဲ့သုိ႔ စုေဆာင္း ခံရေသာ က်ိဳင္းတံု၊ တာခ်ီလိတ္၊ မိုင္းခတ္၊ မိုင္းယန္း၊ မိုင္းတံု၊ မိုင္းဆတ္ၿမိဳ႕နယ္မ်ားမွ လားဟူ၊ အာခါ၊ ရွမ္း၊ ဗမာႏွင့္ ၀ လူမ်ိဳး ၁၅၀ ဦးခန္႔ရွိေၾကာင္း၊ ၎တို႔တက္ေရာက္ရသည့္ သင္တန္းသည္ အမွတ္စဥ္(၅)ျဖစ္ၿပီး ေန႔စဥ္အခ်ိန္လိုက္ တန္းစီျခင္းမ်ား လက္နက္မဲ့ စစ္ေရးျပေလ့က်င့္ျခင္းမ်ား၊ ႀကံ႕ခုိင္ေရးေလ့က်င့္ျခင္းမ်ားႏွင့္ တဲေဆာက္၊ သစ္ဆြဲ၊ ၀ါးခုတ္၊ စခန္းေဆာက္၊ ေက်ာက္တူးေဖာ္သည့္ လုပ္ငန္းမ်ားလည္းလုပ္ကိုင္ရေၾကာင္း၊ RCSS / SSA ယူနီေဖာင္း ၁ စံုစီသာ ေပးထားေၾကာင္း၊ သင္တန္းမွထြက္ေျပးသြားသူ ၃၀ ဦးခန္႔ ရွိေၾကာင္းႏွင့္ ၎တုိ႔ ၃ ဦးသည္ အိပ္ေဆာင္ကင္း တာ၀န္က်ေနစဥ္ ထြက္ေျပး လြတ္ေျမာက္လာျခင္းျဖစ္ေၾကာင္း၊ ထြက္ေျပးသြားသူမ်ားအား ဖမ္းဆီးရမိပါက ျပင္းထန္စြာ အျပစ္ေပးေလ့ရွိၿပီး အခ်ိဳ႕အား သတ္ပစ္သည္အထိ အျပစ္ေပးေလ့ရွိေၾကာင္း သိရွိရသည္။

အဆုိပါ RCSS / SSA အဖြဲ႕မွ ဥပေဒေဘာင္အတြင္းသို႕ အလင္း၀င္ ေရာက္လာသူ ၃ ဦးႏွင့္ ထြက္ေျပးလြတ္ေျမာက္လာသူ ၃ ဦးအား လုပ္ထံုးလုပ္နည္းႏွင့္အညီ ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။(MWD)

(Unicode Version)

RCSS / SSA အဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး လက်နက်မဲ့ အလင်းဝင်ရောက်၊ ထွက်ပြေး လွတ်မြောက် လာသူ ၃ ဦး စစ်ဆေးတွေ့ရှိ

နေပြည်တော် ၊ ဇန်နဝါရီ - ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့၊ မုန်းကျက်ကျေးရွာ၌ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် RCSS / SSA အဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး ဥပဒေဘောင်အတွင်းသို့ လက်နက်မဲ့ဝင်ရောက်လာခဲ့ရာ နယ်မြေခံ တပ်မတော်စစ်ကြောင်းများမှ တာဝန်ရှိ သူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် မိုင်းပျဉ်းမြို့၊ နမ့်တကျေးရွာနေ အိုက်လူ (ဘ)ဦးအိုက်စန်််း၊ ပန်မုံ ကျေးရွာနေ အိုက်နွေး(ဘ)ဦးအိုက်ကွန်းနှင့် ကာလိမြို့၊ ၀မ်နောင်ခမ်း ကျေးရွာနေ အိုက်ရ(ဘ) (စိစစ်ဆဲ)တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့သည် မိုင်းပုကြီးနယ်မြေအတွင်းလှည့်လည်လှုပ်ရှားနေသော RCSS / SSAအဖွဲ့မှဖြစ်ပြီး ၁ အိမ်လျှင် ၁ ဦး မဝင်မနေရ ခြိမ်းခြောက်ပြောဆိုသဖြင့် ၀င်ရောက် ခဲ့ရခြင်း ဖြစ်ကြောင်း၊ ကာလိမြို့နယ်၊ ၀မ်ဆာဟာ ကျေးရွာအနီး တောတွင်းတစ်နေရာ၌ စစ်သင်တန်းတက် ရောက်ခဲ့ရ ကြောင်း၊ ကိုယ်စီတိုက်နည်း၊ လက်နက်ငယ်ဖြုတ်တပ်ခြင်းများ လေ့ကျင့်ခဲ့ရပြီး သင်တန်းကာလ ၄ လကြာ မြင့်ခဲ့ကြောင်း၊ လက်တွေ့ပစ်ခတ်စဉ်အနေဖြင့် အမ်-၁၆ လက်နက်ငယ်အား ကျည် ၁ တောင့်သာ ပစ်ခတ် ခဲ့ရကြောင်း၊ ၁ လလျှင် လစာငွေ ၁ သောင်းကျပ်သာရရှိကြောင်း၊ မိုင်းပုကြီးနယ်မြေအတွင်းရှိ ကျေးရွာများမှ ဆန်နှင့်သီးနှံများ တောင်းရမ်းစားသောက်ရကြောင်းနှင့် နေထိုင်စားသောက်မှု ဆင်းရဲခြင်း၊ ခေါင်းဆောင်ပိုင်းများ မှ အပြစ်ပေး ရိုက်နှက်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းပြီး တပ်မတော်စစ်ကြောင်းများထံသို့ လာရောက် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ တာချီလိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြံုရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့၏ အနောက်ဘက် ၁၃ မိုင်ခန့်အကွာရှိ တောအုပ်အတွင်း၌ မသင်္ကာဖွယ်လူ ၃ ဦး တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ RCSS / SSA အဖွဲ့မှ ထွက်ပြေးလွတ် မြောက်လာ သူများဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အား ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ တာချီလိတ်မြို့နယ်၊ ၀မ်ကောင်း ရပ်ကွက်နေ ညီညီ(ဘ)ဦးပီတာ၊ ကျိုင်းတုံမြို့နယ်၊ တာလီ(အာခါကျေးရွာ)နေ လော်အေး(ဘ) ဦးအားလို နှင့် ကျိုင်းတုံမြို့၊ အမှတ်(၄) ရပ်ကွက် နေ ဂေါ်မူ(ဘ)ဦးအားသို တို့ဖြစ်ပြီး ၎င်းတို့ သည် တာချီလိတ်မြို့၏အနောက်ဘက် ၁၇ မိုင်ခန့်အကွာရှိ RCSS / SSA အဖွဲ့၏ လွယ်ကော်ဝမ်းသင်တန်းကျောင်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အား RCSS / SSA အဖွဲ့မှ လက်နက်ကိုင်ဆောင်ထားသူများကခေါ်ယူ၍ အဆိုပါသင်တန်း ကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့အားလေ့ကျင့်ပေးသည့် အဖွဲ့တွင် RCSS / SSA အဖွဲ့ဝင် ၁၅ ဦးခန့် ရှိကြောင်း၊ ထိုသင်တန်းကျောင်းတွင် ၎င်းတို့ကဲ့သို့ စုဆောင်း ခံရသော ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းဆတ်မြို့နယ်များမှ လားဟူ၊ အာခါ၊ ရှမ်း၊ ဗမာနှင့် ၀ လူမျိုး ၁၅၀ ဦးခန့်ရှိကြောင်း၊ ၎င်းတို့တက်ရောက်ရသည့် သင်တန်းသည် အမှတ်စဉ်(၅)ဖြစ်ပြီး နေ့စဉ်အချိန်လိုက် တန်းစီခြင်းများ လက်နက်မဲ့ စစ်ရေးပြလေ့ကျင့်ခြင်းများ၊ ကြံ့ခိုင်ရေးလေ့ကျင့်ခြင်းများနှင့် တဲဆောက်၊ သစ်ဆွဲ၊ ၀ါးခုတ်၊ စခန်းဆောက်၊ ကျောက်တူးဖော်သည့် လုပ်ငန်းများလည်းလုပ်ကိုင်ရကြောင်း၊ RCSS / SSA ယူနီဖောင်း ၁ စုံစီသာ ပေးထားကြောင်း၊ သင်တန်းမှထွက်ပြေးသွားသူ ၃၀ ဦးခန့် ရှိကြောင်းနှင့် ၎င်းတို့ ၃ ဦးသည် အိပ်ဆောင်ကင်း တာဝန်ကျနေစဉ် ထွက်ပြေး လွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိပါက ပြင်းထန်စွာ အပြစ်ပေးလေ့ရှိပြီး အချို့အား သတ်ပစ်သည်အထိ အပြစ်ပေးလေ့ရှိကြောင်း သိရှိရသည်။

အဆိုပါ RCSS / SSA အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ အလင်းဝင် ရောက်လာသူ ၃ ဦးနှင့် ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment