ပြည်တွင်း အဆိုပြိုင်ပွဲများမှ တစ်ဆင့် ဂီတလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာကာ နာမည်ရ ထင်ရှားလာသော အဆိုတော် ခုနစ်ဦး၏ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း အဆိုတော် အောင်ထက် ကပြောသည်။
''ဒီနှစ်ထဲမှာ ပြည်ပရှိုးပွဲတွေ ဖျော်ဖြေဖို့မရှိပါဘူး။ အဆိုပြိုင်ပွဲတွေက နေပြီး ဂီတလမ်းကြောင်းပေါ် ရောက်လာကြတဲ့ အဆိုတော် ခုနစ်ဦးက ဖေဖော်ဝါရီ ၂ ရက်မှာ ပရိသတ်တွေကို ဖျော်ဖြေကြမှာပါ။ လတ်တလောအနေနဲ့ ခေါင်းစဉ်ကိုတော့ Seven Waveလို့ ပေးထားပါတယ်။
ဘယ်သူတွေပါမယ်ဆိုတာကို ကြိုပြောလို့ မရသေးပါဘူး။ ဂီတလမ်းကြောင်းပေါ် လျှောက်နေကြတဲ့ မျိုးဆက်သစ်လူငယ်တွေပဲ ပါဝင်မှာပါ'' ဟု အောင်ထက် ကပြောသည်။ လက်ရှိတွင် အောင်ထက်သည် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလကုန်က ထွက်ရှိထားသည့် နှစ် အယ်လ်ဘမ်ထဲမှ သီချင်းများကို အွန်လိုင်းတွင် ပရိသတ်များ နားဆင်နိုင်ရန် MTV အဖြစ် ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် သီချင်းကို အသံပါဝါကောင်းကောင်းဖြင့် သီဆိုတတ်သည့်အောင်ထက်က ဟေး..မိတ်ဆွေ၊ နှစ် အယ်လ်ဘမ်များ ထွက်ရှိထားပြီး အဆိုပါ အယ်လ်ဘမ်များကို ပရိသတ်များ လက်ခံ ကြိုက်နှစ်သက်ကြောင်း သိရသည်။(MWD)
No comments:
Post a Comment