Latest News

Monday, January 29, 2018

ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုသဖြင့် Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ်  ပြန်လည်ရန်ပြုသဖြင့် Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီ ၂၈

 ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာအုပ်စု၊ ကန်လျားရှည်ကျေးရွာနေ ဦးဖိုးချို၏နေအိမ်တွင် လွန်ခဲ့သည့်(၂)ရက်ခန့်က အလည်လိုက်လာသူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်းကူးကျေးရွာနေ ရန်ကွိုင်း(ခ)ငရဲ(၃၀)နှစ်သည် ဦးဖိုးချို ဇနီး ဒေါ်ခင်သိန်း(၆၃)နှစ်နှင့် နေအိမ်ရှေ့၌ စကားများ ရန်ဖြစ်စဉ် ရန်ကွိုင်း(ခ)ငရဲ မှ ဒေါ်ခင်သိန်းအား တုတ်ဖြင့်ရိုက်ရာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။ ထို့နောက် ရန်ကွိုင်း(ခ)ငရဲ သည် ဦးဖိုးချိုနေအိမ်ရှေ့၌ထားသော အရိုး အသွား (၁၈)လက်မခန့်ရှိ ဓားအားကိုင်၍ ဦးဖိုးချိုနေအိမ်နှင့် ဘေးချင်း ကပ်လျက်ရှိ ဒေါ်ခင်သိန်း၏ တူမဖြစ်သူ မလဲ့လဲ့ဝင်း(၄၅)နှစ် နေအိမ်အပေါ် ထပ်သို့ တက်ရောက်၍ မလဲ့လဲ့ဝင်း အား ဓားဖြင့် ခုတ်ခြင်း၊ အုတ်နီခဲဖြင့် ထုခြင်းများပြုလုပ်ခဲ့သဖြင့် မလဲ့လဲ့ဝင်း တွင် ဦးခေါင်းနောက်စေ့ ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာ(၁)ချက်တို့ ရရှိခဲ့ပြီး ရန်ကွိုင်း(ခ) ငရဲ မှာ မလဲ့လဲ့ဝင်း၏ နေအိမ်အပေါ်ထပ်တွင် ဓားကိုင်ပုန်းအောင်း နေကြောင်း လက်ခုပ်ကုန်းနယ်မြေ ရဲစခန်းမှ သတင်း ရရှိခဲ့သည်။

 အဆိုပါသတင်းအရ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးစဉ် ရန်ကွိုင်း(ခ)ငရဲမှ နေအိမ်အပေါ်ထပ်တွင်ဓားကိုင်၍ ပုန်းအောင်းနေသဖြင့် ဓားချ၍ နေအိမ်အောက်သို့ ဆင်းလာပြီး အဖမ်းခံရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဆင်းမလာသောကြောင့် ရဲတပ်ဖွဲ့ဝင်များက Pump Action သေနတ်ဖြင့် သတိပေးပစ်ခတ်ခဲ့သည်။

 တရားခံ ရန်ကွိုင်း(ခ)ငရဲ မှာ ဆင်းမလာ၍ ရဲတပ်ဖွဲ့ဝင်များက နေအိမ် အပေါ်သို့တက်ပြီး ဖမ်းဆီးစဉ် ဓားကိုင်၍ ပြန်လည်ရန်ပြုသဖြင့် ရဲတပ်ဖွဲ့ဝင်များက Pump Action သေနတ်အသုံးပြု ပစ်ခတ်ဖမ်းဆီးခဲ့ရာ ရန်ကွိုင်း(ခ)ငရဲ အား ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့၍ လက်ခုပ်ကုန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဥပဒေများနှင့်အညီ အရေးယူ ထားကြောင်း သတင်းရရှိသည်။
ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment