ပုသိမ် ဇန်နဝါရီ၂၉ရက်
ရန်ကုန်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAမှတာဝန်ရှိသူများသည်ဇန်နဝါရီ၂၉ရက်နေ့တွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ရေးကော်မတီဝင်( ပြည်သူ့ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့၊စည်ပင် )တို့နှင့်အတူ လှိုင်သာယာမြို့နယ် "၁ဈေး"ရှိ စားသောက်ကုန်ရောင်းချနေသော ဈေးဆိုင်များမှအစားအသောက်များကို ရှောင်တခင်စစ်ဆေးခဲ့သည်ဟုသတင်းရ ရှိသည်
အဆိုပါစစ်ဆေးမူ့တွင် ပစ္စည်းနမူနာ ၂၀မျိုးဝယ်ယူပြီး မုန့်ဖတ်၊ ပဲပြား၊ ပဲသွေး၊ လက်ဖက်၊ ငါးပိတို့ကို test kitဖြင့်စစ်ဆေးရာ လက်ဖက်(၁)မျိုးတွင် တားမြစ်ဆိုးဆေး Auramine O နှင့် ပဲသွေးတွင် Formalin ပါဝင်နေသည်ကိုတွေ့ရှိခဲ့သည်
တားမြစ်ဓာတုဆေးပါဝင်သော ပစ္စည်းများအား ရောင်းချနေသူများကိုဆက်လက် ရောင်းချခြင်းမပြုရန် ဝန်ခံကတိရေးထိုးခိုင်းပြီး ရောင်းလက်စကျန်ရှိသောပစ္စည်းများကို ကော်မတီဝင်များ၏ရှေ့မှောက်တွင်ဖျက်ဆီးခဲ့ပြီး ထုတ်လုပ်သည့်ပင်ရင်းများကိုဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်သည်
ထို့ပြင် အမှတ်တံဆိပ်သတ်မှတ်ချက်နှင့် မကိုက်ညီသောစားသောက်ကုန်များနှင့် သံသယဖြစ်ဖွယ်ရှိသော စားသောက်ကုန်ပစ္စည်းများကိုလည်း ဓာတ်ခွဲစစ်ဆေးရန်ဝယ်ယူခဲ့ပါသည်ဟု YGN FDAမှ ထုတ်ပြန်ထားသည်
ထို့နောက် အဖွဲ့ဝင်များသည် ဆေးဆိုင်များကို ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီရောင်းချမှု ရှိ မရှိစစ်ဆေးရာ ဆေးဆိုင်(၃)ဆိုင်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ(လိုင်းဆေး)သိမ်းဆည်းရမိပြီး ဆေးဆိုင်(၁)ဆိုင်တွင် စပ်ဆေးများနှင့် လိုင်းဆေးအမြောက်အများတွေ့ရှိသိမ်းဆည်းရမိ၍ အရည်အသွေးအာမခံချက်မရှိသောလိုင်းဆေးများနှင့် ပြည်သူလူထု၏ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်နိုင်သော စပ်ဆေးများကို ရောင်းချနေသောဆေးဆိုင်များအား ထိရောက်စွာအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည် ဟု YGN FDA၏ထုတ်ပြန်ချက်အရသိရှိရသည်
သတင်း - ရွှေရည်ဝင်း
ပိုတို - YGN FDA
No comments:
Post a Comment