Latest News

Sunday, January 28, 2018

ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက သွားရောက်တားမြစ်စဉ် ပြန်လည်ရန်ုပြုသဖြင့် Pump Action သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ရန်ကုန်၊ ဇန်န၀ါရီ ၂၈

ဇန်န၀ါရီ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာအုပ်စု၊ ကန်လျား ရှည်ကျေးရွာနေ ဦးဖိုးချိုနေအိမ်တွင် လွန်ခဲ့သည့် ၂ ရက်ခန့်က အလည်လိုက်လာသူ ငရဲ(ခ)ရန်ကွိုင်း(၃၀)နှစ်၊ မန်းဘူးကျေးရွာ၊ နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နေသူသည် ဦးဖိုးချိုနှင့် ဇနီးဖြစ်သူဒေါ်ခင်သိန်း တို့စကားပြောနေစဉ် ငရဲ(ခ)ရန်ကွိုင်းမှ ဒေါ်ခင်သိန်းအား တုတ်ဖြင့်ရိုက်၍ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ဒေါ်ခင်သိန်း၏ တူမဖြစ်သူ မလဲ့လဲ့ဝင်းအား ထပ်မံ၍ ဓားမဖြင့်ခုတ်သဖြင့် မလဲ့လဲ့ဝင်းတွင် ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ၊ အုတ်နီခဲဖြင့် ထု၍ ငယ်ထိပ်ပေါက်ပြဲဒဏ်ရာတို့ရရှိထားကြောင်းနှင့် ကျေးရွာရှိ တာဝန်ရှိ သူများက ၎င်းအားထိန်းသိမ်းရန်သွားရောက်စဉ် ပြန်လည်ရန်ပြုနေကြောင်း သတင်းပေးအကြောင်း ကြားလာသဖြင့် ၈ နာရီခွဲအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ သွားရောက်ဖမ်းဆီးစဉ် ငရဲ(ခ)ရန်ကွိုင်း မှာ နေအိမ်အပေါ် ထပ်တွင် ဓားကိုင်၍ ပုန်းအောင်းနေသဖြင့် နေအိမ်အောက်သို့ ဓားချအဖမ်းခံရန်အကြိမ်ကြိမ်ပြောခဲ့ရာအောက်သို့ ဆင်းလာခြင်းမရှိ၍ ရဲတပ်ဖွဲ့များက Pump Action သေနတ်ဖြင့်
ခြောက်လှန့်ပစ်ခတ်သော်လည်း နေအိမ် အောက်သို့ဆင်း၍ ဖမ်းဆီးခံခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်အပေါ်သို့တက်ပြီး ဖမ်းဆီးစဉ်ဓားဖြင့် အသက်အန္တရာယ် ထိခိုက်လောက်အောင် ၀င်ရောက်ခုတ်ရန်ပြု သဖြင့် ရဲတပ်ဖွဲ့ဝင်များက Pump Action သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးရာ
ငရဲ(ခ)ရန်ကွိုင်းတွင် နဖူး၊၀ဲ/ယာလည်ပင်း၊ ၀ဲနံစောင်းပွန်းပဲ့၊ ၀ဲလက်ဖျံ၊ ၀ဲပေါင်၊ ၀ဲဒူး၊ ခြေထောက်၊ လက်၊ ပခုံးတို့တွင်ဒဏ်ရာများရရှိခဲ့သဖြင့် လက်ခုတ်ကုန်းပြည်သူ့ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ယင်းကဲ့သို့ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ
သူများကို သေစေရန်ကြံရွယ်ချက်ဖြင့် ပြန်လည်ခုခံရန်ပြုသူ ငရဲ(ခ)ရန်ကွိုင်းအား ဥပဒေအရဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment