Sunday, January 28, 2018
ဝန်ကြီးချုပ်များ အပြောင်းအလဲ ရှိလာနိုင်ကြောင်း ဦးဥာဏ်ဝင်းမှ အရိပ်အမွတ်ပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၂၈။
ဝန်ကြီးချုပ်များ အပြောင်းအလဲ ရှိလာနိုင်ကြောင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီး ဦးဥာဏ်ဝင်းမှ အရိပ်အမွတ် ပြောကြားခဲ့သည်။
“အခုအတိုင်းတော့မရှိသေးဘူး။ ဒါပေမယ့် မရှိဘူးလို့ ကျနော်ပြောတာမဟုတ်ဘူးနော် အခုအချိန် အထိကို ပြောတာနော်”ဟု ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။
NLD ပါတီ၏ လစဉ်ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်၊ စည်ပင်ဧည့် ရိပ်သာဝင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး အပြီး သတင်းထောက်များ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေး၌ ပါတီအတွင်း ကိစ္စရပ်များကို ဆွေးနွေးခြင်းဖြစ်ပြီး ပါတီ တာဝန်မှ ရပ်စဲသည့် ကောလဟာလ ထွက်ပေါ်သော ဦးဝင်းထိန် အကြောင်းကိုအား ဆွေးနွေးခဲ့မှု မရှိခဲ့ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
“သူက အခုချိန်ထိ ဦးဝင်းထိန်ရှိတယ်၊ အဲဒါတော့ ကျတော်မသိဘူး၊ ကျတော်တို့ဆီကို ခွင့်မရောက်ဘူး၊ ကျတော်သိတာ သူရှိတယ်၊ ခွင့်မရောက်ဘူး၊ သူအခြားကို ခွင့်တိုင် မတိုင်တာ ကျတော်မသိဘူး၊
သူအခန်းကဏ္ဍက ဘယ်လိုဆက်ရှိမလဲဆိုတာကတော့ သူပဲသိမယ်၊ ကျတော်တော့ မသိဘူး၊ လက်ရှိကတော့ ခင်ဗျားတို့ အမြင်ပဲ သူလည်းမရှိဘူး၊သူအကြောင်းကို ကျတော်တို့ အစည်းအဝေးမှာ ဘာမှမဆွေးနွေးဘူး”ဟု ဦးဥာဏ်ဝင်းက ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးမှ အစိုးရအဖွဲ့အ၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားလာမှုများရှိ ပြီး တိုင်ကြားခံရသူ ၁၀၀ ဦးရှိကြောင်းနှင့် တိုင်ကြားမှုများထဲ၌ ပြည်ထောင်စုဝန်အဆင့် ၀န်ကြီးများ ပါဝင်မှု မရှိကြောင်း သိရှိရသည်။
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
ဝန်ကြီးချုပ်များ အပြောင်းအလဲ ရှိလာနိုင်ကြောင်း ဦးဥာဏ်ဝင်းမှ အရိပ်အမွတ်ပြောကြား
Reviewed by timeayeyar
on
6:27 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment