Latest News

Sunday, January 28, 2018

မီးရှို့ထားသော သစ်ပင်ကြီးလဲကျရာမှ မိသားစုဝင် (၃)ဦး သေဆုံး


ပဲခူးရိုးမတောအတွင်း မိသားစုအလိုက်အိပ်ပျော်နေစဉ် မီးရှို့ထားသော သစ်ပင်ကြီးလဲကျရာမှ သုံးဦးသေ ဆုံးမှုဖြစ်ပွား // ဓါတ်ပုံ - U Naing (fb)
အုတ်တွင်း ဇန်နဝါရီ ၂၈

တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ အနောက်ဘက်(၄၅)မိုင်ခန့်အကွာ၊ ပဲခူးရိုးမတောင်ပေါ်၊ဒေသ အခေါ် ပျားမြှောင်တောင်ကြောတွင် ဇန်နဝါရီ(၂၄)ရက်နေ့ နံနက်(၅)နာရီအချိန်ခန့်က မီးရှို့ထားသော ပျဉ်းကတိုး သစ်ပင်ကြီးလဲကျရာမှ အနီး၌ ယာယီတဲအတွင်း အိပ်ပျော်နေသော မိသားစုဝင်လေးဦးအနက် သုံးဦးသေဆုံးကာ တစ်ဦးသာအသက်ရှင် လွတ်မြောက်ခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ အုတ်တွင်း မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူး ငွေထွန်း ဦးစီးအဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ အောင်ကိုဝင်း (၃၅)နှစ်၊ဘိုကုန်းကျေးရွာ၊ ရွှေလောင်းအုပ်စု နေသူနှင့် ဇနီး မလဲ့လဲ့ဝင်း(၃ဝ)နှစ်တို့သည် လုံးပါတ်(၁ဝ)ပေ ခန့်ရှိ အခေါင်းပါသည့် ပျဉ်းကတိုးပင်ကြီးအားလှဲရန် ယခင်ရက်ကမီးရှို့ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 ထို့နောက် သမီးဖြစ်သူ မဝါဆိုမိုးဦး(၁၂)နှစ်၊ မောင်စွမ်းထက်အောင်(၈)လ တို့နှင့်အတူ ပေ(၃ဝ)ဆယ် ခန့် အကွာ၌ ယာယီဝါးတဲထိုးကာ တဲအောက်တွင် မီးဖိုကာ အိပ်ပျော်နေချိန် မီးရှို့ထားသော သစ်ပင်ကြီးလဲ ကျခဲ့ပြီး မိသားစုဝင်လေဦးအိပ်ပျော်နေသည့် တဲအားပိမိသွားခဲ့သည်။

 အောင်ကိုဝင်း၊ မလဲ့လဲ့ နှင့် မောင် စွမ်းထက်အောင် တို့သုံးဦးမှာ သစ်ပင်ပိမိသည့်အပြင် တဲအောက်ရှိ မီးဖိုမတဆင့် ထပ်မံလောင် ကျွမ်းခဲ့ပြီး မဝါဆိုမိုးဦး တစ်ယောက်သာအသက်ရှင် လွှတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ၍ အုတ်တွင်းမြို့မရဲစခန်း က အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment