Latest News

Tuesday, January 23, 2018

မြစ်ကြီးနားမြို့MiNi Bank(1) တွင် ငွေကျပ်သိန်း(၉၀၀)ကျော် အနုကြမ်းစီးလုယူမှုဖြစ်ပွား

မြစ်ကြီးနားမြို့MiNi Bank(1) တွင် ငွေကျပ်သိန်း(၉၀၀)ကျော် အနုကြမ်းစီးလုယူမှုဖြစ်ပွား

မြစ်ကြီးနား ဇန်နဝါရီ ၂၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့မဈေး(၁)တွင် ဖွင့်လှစ်ထားသည့် မြစ်ကြီးနားမြို့ CCTVတွင် ငွေကျပ်သိန်း(၉၀၀)ကျော် အနုကြမ်းစီးလုယက်မှု ဇန်နဝါရီ၂၃ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ၂၃ရက် ညနေ ၃နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက် ဈေး(၁)တွင်အပေါ်ထပ်ရှိ အခန်းအမှတ် (၁၀၅/၁၀၆/၁၀၇/၁၀၈) ဖွင့်လှစ်ထားသည့် KBZ MiNi Bank(1) တွင် တာဝန်ခံဒေါ်နန်းအောင်အောင်(၄၄)နှစ် နှင့်ဝန်ထမ်း(၅)ဦးက ဘဏ်ပိတ်သိမ်းရန် ပြင်ဆင်နေစဉ် အမည်မသိ လူငယ်(၄)ဦးခန့်မှ မျက်နှာတွင် (Mask)များတပ်ဆင်လျက် ဝင်ရောက်လာကာ ဘဏ်လုံခြုံရေးတာဝန်ထမ်းဆောင်သည့် ပြည့်ဖြိုးအောင်(၂၃)နှစ်အား လူငယ်တစ်ဦးမှ သေနတ်အတို တစ်လက်ဖြင့် ချိန်ရွယ်ကာ သံမံတလင်းတွင် မှောက်စေပြီး ကျန်ဝန်ထမ်း(၄)ဦးအားလည်း သံတုတ်ဟုယူဆရသော တုတ်များဖြင့် ချိန်ရွယ်လျက် သံမံတလင်းတွင် မှောက်လျက်နေစေကာ မော့မကြည့်ရန်ပြောကြားပြီး ဘဏ်ရှိ ငွေကောင်တာမှ မြန်မာငွေ စက္ကူရောရာ ကျပ်သိန်း(၉၂၀)အား KBZအမှတ်တံဆိပ်ပါ ပလပ်စတစ်အိတ်အကြီး(၂)ခုနှင့် အိတ်အသေး(၁)ခုတို့တွင် ထည့်လျက် ဝန်ထမ်းများကိုင်ဆောင်သည့် လက်ကိုင်ဖုန်း(၃)လုံးအားတစ်စစီဖြုတ်၍ ဘဏ်ရှိ အမှိုက်ထည့် ခြင်းအတွင်းပစ်၍ ရေလောင်းကာ ဖျက်စီးသွားခဲ့ကြပြီး ရုံးအတွင်းရှိ CCTV စက်နှင့် ၀၇၄ အမှတ်ပါ ကြိုးဖုန်းအား ယူဆောင်သွားခဲ့သည်။

ဖြစ်စဉ်ကြောင့် KBZ MiNi Bank(1)  မှ တာဝန်ခံဒေါ်နန်းအောင်အောင်(၄၄)နှစ်က တရားလိုပြု၍ တိုင်ကြားရာ မြစ်ကြီးနားမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာသို့ မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသိန်းနိုင်နှင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
ကိုယ်ပွား(မြစ်ကြီးနား)မြန်​မာ့အလင်း

No comments:

Post a Comment