Latest News

Tuesday, January 23, 2018

စပ်​​ဆေးများ​ရောင်းချတာ​တွေ့ရှိပါကလိုင်​စင်​ သုံးလမှ​ခြောက်​လအထိပိတ်​သိမ်းမည်

စပ်​​ဆေးများ​ရောင်းချတာ​တွေ့ရှိပါကလိုင်​စင်​ သုံးလမှ​ခြောက်​လအထိပိတ်​သိမ်းမည်

ဘားအံ ၊ ဇန်​န၀ါရီ ၂၃

ဆေးဝါးများ​ရောင်​ချ​နေ​သော ကုမ္ပဏီ ​ဆေးဆိုင်းများကိုကွင်းဆင်းပြီး​တော့ သက်​တမ်းကုန်​​ဆေး​တွေ မှတ်​ပုံတင်​ထားခြင်းမရှိတဲ့​ဆေး​တွေ တာမြစ်​အလှကုန်​ပစ္စည်း​တွေမ​ရောင်​ချဖို စံချိန်​စံညွန်​နဲအညီ​ရောင်းချဖို့အတွက်​အသိပညာ​ပေး​ဆောင်​ရွက်​လျှက်​ရှိပါတယ်​ပညာ​ပေးကာလအတွင်း စပ်​​ဆေး တရားမ ဝင်​​ဆေး​များ​တွေ့ရှိပါက​သိမ်းဆည်းခဲ့ပြီး ခံဝန်​ကတိထိုးခိုင်​ကာ စပ်​​ဆေးများ​အ​နေဖြင့်​တိုင်းရင်း​ဆေးပုံစံဘဲဖြစ်​ဖြစ်​ ကိုယ်​တိုင်​စပ်​ပြီး​တော့ရောင်းချတာ​တွေ့ဘဲဖြစ်​ဖြစ်​​တွေ့ရှိပါက လိုင်​စင်​ သုံး လမှ​ခြောက်​လအထိပိတ်​သိမ်းပြီး​တော့အ​ရေးယူ​ဆောင်​ရွက်​တာ​တွေရှိတ ယ်​လိုယင်းက​ပြောသည်​။

ဘားအံမြို့ ထန်းကိုးပင်​သုဿာန်​တွင်​ ဇန်​န ၀ါရီ ၂၃ ရက်​​နေ့ နံနက်​ ၁၀ နာရီအချိန်​ကသုံးနှစ်​တာကာလအတွင်းအပ်​နှံ သိမ်းဆည်းရမိခဲ့​သော တရားမဝင်​​ဆေးဝါးများ သက်​တမ်းလွန်း​ဆေးဝါး တာမြစ်​အလှကုန်​​ပစ္စည်းများဖျက်​ဆီးခြင်းအခမ်းအနားတွင်ကရင်​ပြည်​နယ်​အစား​သောက်​နှင့်​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာနဆေးဝါးဌာနခွဲဦးစီးအရာရှိဒေါ်မေသူနွယ်​ကအထက်​ပါအတိုင်း​ပြောသည်း​ကြားခြင်းဖြစ်​သည်​။

စပ်​​ဆေးဟာဆိုရင်​ဝယ်​ယူသုံးစွဲသူ​တွေကိုအသက်​အန္တရယ်​ပိုမိုထိခိုက်​နိုင်​တဲ့အတွက်​​ကြောင့်​ယခုလိုပြုလုပ်​ရခြင်းဖြစ်​ကာယခုဒီ​ဆေးဝါး​တွေဟာသုံးနှစ်​တာကာလအတွင်း မြို့နယ်​ခုနှစ်​မြို့နယ်မှာ ကွင်းဆင်းပြီးတော့ စစ်​​ဆေး​တွေ့ရှိတာရယ်​ ​ဆေးဆိုင်​​တွေက​နေလာ​ရောက်​အပ်​နှံတဲ့​ သက်​တမ်းကုန်​ဆေး ဝါး​တွေနဲ ဖမ်းဆီးရမိခဲ့တဲ့​ဆေးဝါအလှကုန်​ပစ္စည်း​တွေကို ပထမဆုံးအကြိမ်း​အ​နေနဲ့ အစားအ​သောက်​နှင့်​​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာနအ​နေနဲဖျက်​ဆီးတာဖြစ်​တယ်​လိုယင်းကပြောသည်​။

ကရင်​ပြည်​နယ်​အတွင်း၌ ၂၀၁၆ ခုနှစ်​တွင်​တရားမဝင်​​ဆေးဝါး ၇၅ မျိုး သက်​တမ်းလွန်​ဆေးဝါး ၇၂ မျိုး စပ်​​ဆေး ၂၉ မျိုး ​ဆေးဝါးအတု ၁ မျိုး အလှကုန်​ ၁၃ မျိုး သိမ်းဆည်းရမိခဲ့ပြီး ၂၀၁၇ ခုနှစ်​တွင်​ တရားမဝသ်​​ဆေး၃၂၆ မျိုး သက်​တမ်းလွန်​​ဆေး ၃၂၁ မျိုး စပ်​​ဆေး ၉ မျိုး အလှကုန်​ပစ္စည်း ၃၁ မျိုး
နှင့်​​ဆေးဆိုင်​များမှအပ်​နှံသည့်​ ​ဆေးဝါး ၇၇ မျိုး ကာလတန်းဖိုး​ငွေကျပ်​ ၈၈၂၀၂၄၁ကျပ်​တို့ဖြင့်​​ကြောင်း ၂၀၁၇ ခုနှစ်​တွင်​ ယခင်​နှစ်​ကထက်​ပိုမိုသိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်​။

ဆေးဝါများ​ရောင်းချ​နေတဲ့ ကုမ္ပဏီ ​ဆေးဆိုင်​​တွေအ​နေနဲ ​သက်​မှတ်​ထားတဲ့​ဆေးဝါးစံချိန်​စံညွန်​နဲအညီ​ရောင်​ချ​ပေးဖို့လိုတယ်​ အရင်​ရောက်​တဲ့​ဆေးကိုအရင်​​ရောင်း​နောက်​မှ​ရောက်​ရင်​​နောက်​မှ​ရောင်း​​စေချင်​တယ်​ ​ဆေးဝါးများမှာယူတဲ့​နေရာမှာလည်​ ​ကုန်နိုင်တဲ့အတိုင်းအတားကိုမှာပြီး​ရောင်းချ​စေခြင်းတယ်​ ​ရောင်းချတဲ့သူ​တွေအ​​နေနဲ့​​ဆေးဝါးကိုသေခြားစီစစ်​ပြီး​တော့မှ မှာယူ​ရောင်းချ​စေခြင်းဒါမှသက်​တမ်းလွန်း​ဆေးဝါး​တွေမရှိ​တော့မှာဖြစ်​တယ်​လို ​ဒေါ်​မေသူနွယ်​က​ပြောသည်​။

မြဝတီစစ်​​ဆေး​ရေးဇုံတွင်​အစားအ​သောက်​နှင့်​စစ်​​ဆေး​ရေးဌာနတို့ပူ​ပေါင်းအဖွဲ့သည်​နယ်​စပ်​အဝသ်​ဂိတ်​များတွင်​ ​ဆေးဝါး​အေးခဲ အစားအ​သောက်​များတရားမဝင်​ ဝင်​​ရောက်​လာမှုမရှိ​စေ​ရေးအတွက်​ စစ်​​ဆေး​ဆောင်​ရွက်​မှုများပြုလုပ်​​ဆောင်​ရွက်​​နေ​ကြောင်းသိရသည်​။

ယင်​​ဆေးဝါးများနှင့်​အလှကုန်​ပစ္စည်းများဖျက်​ဆီးရာသို့ကရင်​ပြည်​နယ်​အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာတင်​ဝင်း​ကျော်​ ပြည်​နယ်​အစား​သောက်​နှင့်​​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာန မှ ဦးစီးအရာရှိ ​ဒေါ်​မေသူနွယ်​ ဌာနဆိုင်​ရာအဖွဲ့အစာ်းများတက်​​ရောက်​ခဲ့ကြ​ကြောင်းသိရသည်​။
မင်းထွန်း​ဇော်​(မြန်​မာ့အလင်း)

No comments:

Post a Comment